သတင်း

ချီဖွေ မုတ်သုံတောအတွင်း ရွှေတူးနေမှု လချိဒ်ယဉ်ကျေးမှုအဖွဲ့ကန့်ကွက်

ကချင်ပြည်နယ် ၊ ချီဖွေမြို့ ဇန်နောင်ကျေးရွာအထက်ရှိ မုတ်သုံတောအတွင်း ကုမ္ပဏီများ စက်ယန္တရား ကြီးများဖြင့် ရွှေတူးဖော်နေခြင်းကို ရပ်တန့်ပေးရန် ဒေသခံများ တောင်းဆိုလိုက်ပါသည်။

ယင်းမြေနေရာအတွင်း ရွှေတူးဖော်ရန် ကချင်မျိုးနွယ်စု ယဉ်ကျေးမှုအဖွဲ့ ၃ ဖွဲ့၏ အမည်ခံဖြင့် တူးဖော်လုပ်ကိုင်နေခြင်းပြီး ၁ ဖွဲ့လျှင် သိန်း ၁၀၀ ကျပ် ရံပုံငွေပေးမည်ဟု ဆိုကာ တူးဖော်နေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး ပြောပါသည်။

‘’ဆိုးကျိုးတွေက အရင်ကဆို အဲဒီနေရာမှာ နွားစားကျက်လုပ်တယ်။အခုက ကျောက်တွေ သဲတွေပဲ ရှိတော့တယ်။ သစ်ပင်တွေ တစ်ပင်မှ မပေါက်တော့ဘူး။ မြေတွေက အားလုံးပျက်စီးကုန်ပြီ။’’ ဟု လချိဒ်စာပေနှင့် ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင် ဦးလချိဒ်လွမ်းဇောင်းက ပြောဆိုထားပါသည်။

လက်ရှိ ရွှေတူးဖော်နေသည့် မြေနေရာ၌ သဘာဝပတ်ဝန်းကျင် နှင့် ယဉ်ကျေးမှုအမွေအနှစ်များ ထိခိုက်နှစ်နာဆုံးရှုံးစေခြင်းကြောင့် ချီဖွေမြို့နယ် လာချိတ်စာပေ နှင့် ယဉ်ကျေးမှုကော်မတီမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရွှေတူးဖော်ခြင်းရပ်တန့်ရန် သဘောထားထုတ်ပြန်ခဲ့သည်။

၂၀၁၄ ခုနှစ်မှ ရွှေတူးဖော်မှုစတင်ခဲ့ပြီး ကြားကာလ (၂ )နှစ် သာ ရပ်ဆိုင်းထားပြီးနောက် ယခုနှစ်တွင် ထပ်မံ၍ ပြန်လည်ရွှေတူးဖော်နေခြင်း ဖြစ်သည်ဟုလည်း ဆိုပါသည်။

ချီဖွေမြို့နယ် ရိုးရာယဉ်ကျေးမှုစာပေအဖွဲ့အစည်းများဖြစ်သော လီဆူ ၊ လော်ဝေါ် နှင့် လချိဒ်အဖွဲ့အစည်းများ၏ ရန်ပုံငွေအဖြင့် ရွှေတူးဖော်နေခြင်းဖြစ်ကြောင်း ရွှေကျင်းပိုင်ရှင်များထံမှ သိရကြောင်း ၎င်းကဆိုသည်။

ချီဖွေမြို့နယ် ရိုးရာယဉ်ကျေးမှုအဖွဲ့အစည်းအနေဖြင့် ဒီဇင်ဘာလ ၉ ရက်နေ့၌ ရွှေတူးဖော်ခြင်းရပ်တန့်ရန် သဘောထားထုတ်ပြန်ခဲ့ပြီးနောက် တုန့်ပြန်မှုမရှိခဲ့လျှင် တခြားသောနည်းလမ်းများဖြင့် ဆက်လုပ်ဆောင်သွားဖို့ရန် ရှိကြောင်း ဦးလွမ်းဇောင်း ဆက်လက်ပြောဆိုပါသည်။

လက်ရှိတူးဖော်နေသည့် မုတ်သုံတောမြေနေရာသည် ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေအတွင်း ပါဝင်နေပါသည်။

Show More

Related Articles

Back to top button