Breaking News :

ဖားကန့်တွင် မဲဆွယ်စည်းရုံးမှုများ ရပ်နားထား

ပြည်နယ်တွင်းမှ ဖားကန့်သို့ဝင်လာသူများ ကွာရန်တင်းဝင်ရမည်

ပြည်တွင်းစစ်များ ရပ်တန့်ရန် ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့တောင်းဆို

ငြိမ်းချမ်းရေးအတွက် ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်များကို​ ရွေးချယ်ကြမလဲ

Covid-19 ကြောင့် ကျောက်မျက်ရတနာများ ထက်ဝက်ဈေးဖြင့် ရောင်းချနေရ

ဖားကန့်တွင် Covid-19 အတည်ပြုလူနာ ၄ ဦး ထပ်တိုး

ကချင်ပြည်နယ်အတွင်း ခရီးသွားလျှင် သိထားသင့်သည့်အကြောင်းအရာများ

မြန်မာစစ်တပ် နှင့် KIA မူဆယ်ခရိုင် (၃)နေရာမှာ တိုက်ပွဲဖြစ်ပွား

ချီဖွေ KIA တပ်စခန်း ၂ ခုကို ဖယ်ရှားရန် တပ်မတော်က သတိပေး

မူဆယ်ခရိုင်တွင် မြန်မာစစ်တပ် နှင့် မြောက်ပိုင်းမဟာမိတ် တိုက်ပွဲ ဆက်လက် ဖြစ်ပွား

တရားသူကြီးကို ချိန်ခွင်အပျက်ပေးသဖြင့် ထောင်ချခံရသော ကချင်လူငယ်လွတ်မြောက်

Paw Lu

ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၉။ အကျဉ်းထောင်မှလွတ်လာသော ကိုပေါ်လု

တရားစီရင်ရာတွင် မျှတမှုမရှိဟုဆိုကာ တရားသူကြီးကို ချိန်ခွင်အပျက်ပေးသဖြင့် ထောင်ဒဏ် ၃ လချမှတ်ခံရသော ကချင်လူငယ် ကိုပေါလုသည် ချုပ်ရက်စေ့သဖြင့် ယနေ့မနက် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာပြီ ဖြစ်ပါသည်။

ကချင်စစ်ဘေး ၈ နှစ်ပြည့် စစ်ရှောင်လူငယ်များ၏ လမ်းဘေးတေးသရုပ်ဖော်မှုနှင့် ပက်သက်ပြီး ကိုပေါလုနှင့် မဆိုင်းနူးပန် တို့ ၂ ဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် လွန်ခဲ့သည့် စက်တင်ဘာ ၂ ရက် နေ့၌ ထောင်ဒဏ် ၁၅ ရက်စီ ချမှတ်ခဲ့သည့်အပေါ် တရားမျှတမှုမရှိကြောင်း အမှတ်အသားအဖြင့် တရားသူကြီးကို ချိန်ခွင်အပျက် ပေးခဲ့ခြင်းကြောင့် မြစ်ကြီးနားမြို့နယ် တရားသူကြီး ဦးသန်းထွန်းမှ ရာဇသက်ကြီး ပုဒ်မ ၂၂၈ ဖြင့် ဦးတိုက်လျောက်ထားခဲ့ခြင်း ဖြစ်သည်။

“တည်ဆဲဥပဒေက ကျနော်တို့ကို ကန့်သတ်ထားတာတွေ အများကြီးရှိတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ ပတ်သက်ပြီးမှ ကန့်သက်ချက်တွေ ဒီလမ်းမသွားရဘူး။ ဒီဆိုင်းဘုတ်မကိုင်ရဘူး။ ဒီတိုင်းသွားရင်အပြစ်ပေး အရေးယူမှုတွေအများကြီးရှိတယ်။ အဲတော့ ဒီဥပဒေတွေ ပြုပြင်ပြောင်းလဲသွားဖို့ရန်အတွက် ကျနော်တို့က ဆက်ပြီးမှ ကြိုးစားသွားရမယ်။ ပြည်သူတွေ နဲ့ လူငယ်တွေအကုန်လုံး လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်ရရှိအောင် ကျနော်တို့ ဝိုင်းဝန်းဖန်တီးဖို့လိုတယ်။” ဟု ကိုပေါလုထောင်မှ ထွက်လာချိန် ပြောဆိုခဲ့ပါသည်။

ကိုပေါ်လုသည် စက်တင်ဘာ ၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့်ထောင်ချခံရပြီး၊ စက်တင်ဘာ ၁၆ မှ ဒီဇင်ဘာ ၁၅ အထိမှာ တရားသူကြီးကို ချိန်ခွင့်အပြတ်ပေးမှုဖြင့် ထပ်တိုးချမှတ်ခံရသော ထောင်ဒဏ် ၃ လ ဖြစ်ကာ ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ခြင်းဖြစ်ပါသည်။

“အရမ်းဝမ်းသာတယ်။ သားလေးထောင်ကလွတ်လာတော့ ဒီထောင်ဆိုတာက အရမ်းကို ဆင်းရဲ ဒုက္ခရောက်တဲ့နေရာက လွတ်လာတယ်ဆိုတော့ အရမ်းပျော်တယ်။” ဟု ကိုပေါ်လု၏ ဖခင်ဖြစ်သူ ဦး လရှား ဇောင်ရစ်က ဆိုပါသည်။

ဇွန်လ ၉ ရက်နေ့ကျရောက်သော တစ်ကျော့ပြန် ကချင်စစ်ဘေး ၈ နှစ်ပြည့် စစ်ရှောင်ပြည်သူများ၏ ခံစားချက်ကို လမ်းဘေးတေးသရုပ်ဖော်ပြရာတွင် ခွင့်ပြုမိန့်တောင်းခံခြင်း မရှိဟုဆိုကာ ဦးဆောင်သူ ကိုပေါလု နှင့် မဆိုင်းနူးပန်တို့ ၂ ဦးကို မြစ်ကြီးနားမြို့နယ် ယာယီဒုုရဲမှူး မင်းသန့်ဇော်က တရားလိုပြုကာ ငြိမ်းစုစီပုဒ်မ ၁၉ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထိုအမှုအတွက် မြို့နယ်တရားသူကြီး ဦးသန်းထွန်းက လူငယ်ခေါင်းဆောင် ၂ ဦးကို ထောင်ဒဏ် ၁၅ ရက် ကျခံရန် စက်တင်ဘာ ၂ ရက်နေ့တွင် ပြစ်ဒဏ်စီရင်ခဲ့သည့်နောက် ကိုပေါလုကို ထပ်မံပြီး မြစ်ကြီးနားမြို့နယ်တရားရုံးက ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ခြင်းဖြစ်သည်။

မဆိုင်းနူးပန်မှာ စက်တင်ဘာ ၁၆ ရက်နေ့ မနက် ထောင်မှ ထွက်လာခဲ့ပြီ ဖြစ်ပါသည်။

0 Reviews

Write a Review

Read Previous

ကချင်ပြည်နယ်တွင် လိုင်စင်မဲ့ ဆိုင်ကယ် အရောင်းစင်တာများကို အရေးယူတော့မည်ဟုဆို

Read Next

မိုင်းခေါင် စစ်ရှောင်စခန်းတွင် မီးလောင်မှုဖြစ်ပွား၊ အရေးပေါ်အကူညီလိုအပ်

Leave a Reply

Your email address will not be published. Required fields are marked *