,

Breaking News :

ဖားကန့်သပိတ်စစ်ကြောင်း ပထမဆုံးအကြိမ် ဖြိုခွင်းခံရ

ဗန်းမော်ရှိ ဌာနဆိုင်ရာဝန်ထမ်းအများစု CDM တွင်ပါဝင်လာ

ဝန်ကြီး ဦးဒရှီလဆိုင်းကို ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုထားမှုကို ပထမအကြိမ် ရုံးထုတ်

လီဆူအနုပညာရှင်တစ်ဦးကို စစ်တပ်က ညအချိန် ဖမ်းဆီး

လူစုလူဝေး ခွင့်မပြုသော်လည်း ဝိုင်မော်တွင် စစ်အာဏာရှင်ကို ပြည်သူများက ကန့်ကွက်ဆန္ဒဖော်ထုတ်

စစ်ကောင်စီ၏ ကချင်ပြည်နယ် စေ့စပ်ညှိနှိုင်းရေးကော်မတီကို ပြည်သူများ မလိုလား

ဝိုင်းမော်တွင် ဖမ်းဆီးခံရသော ကျောင်းဆရာမနှင့် အရပ်သားတစ်ဦးကို မြစ်ကြီးနားအကျဉ်းထောင်သို့ ပို့

ဖားကန့် CDM တွင်ပါဝင်နေသူများ ဆက်သွယ်လာပါက ကူညီရန်အသင့်ရှိဟုဆို ကူညီရေးအဖွဲ့ပြော

ပူတာအိုမှ ဖမ်းဆီးခံလူငယ် ၅ ဦးလွတ်မြောက်ရန် အာဏာသိမ်းစစ်ကောင်စီ ညှိနှိုင်းရေးအဖွဲ့က ဆောင်ရွက်နေဟုဆို

စစ်တပ်ဖွဲ့စည်းပေးသည့် UEC ခေါ်ယူသော အစည်းအဝေးသို့ ကချင်နိုင်ငံရေးပါတီအချို့တက်ရန် ဆုံးဖြတ်

မိုင်းခေါင် စစ်ရှောင်စခန်းတွင် မီးလောင်မှုဖြစ်ပွား၊ အရေးပေါ်အကူညီလိုအပ်

မိုင်းခေါင်စစ်ရှောင်စခန်း။ ဓါတ်ပုံ Nhku La

ကချင်ပြည်နယ် ဗန်းမော်မြို့ မိုင်းခေါင်ကျေးရွာ KBC စစ်ရှောင်စခန်းအတွင်း ယမန်နေ့ မနက်တွင် မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် အရေးပေါ် အကူညီများ လိုအပ်နေကြောင်း သိရပါသည်။

မီးဖိုချောင်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး အိမ်ထောင်စု (၅) စု၏ လူနေအိမ်တန်းလျား(Shelter) နှင့် အိမ်သုံးပစ္စည်းများ မီးလောင်မှုတွင် ပါဝင်ဆုံးရှုံးသွားကြောင့် စစ်ရှောင်စခန်းတာဝန်ခံ ဆရာနော်မိုင်ထံမှ သိရပါသည်။

“စပြီး လောင်တာက ထမင်းချက်ပြီး မီးစနဲနဲကျန်ရာ ကနေ စလောင်တာဖြစ်မယ်။ အခုလတ် တလောလိုအပ်နေတာက ဆောင်းရာသီဆိုတော့ စောင် နဲ့ အနွေးထည် ချက်စားဖို့ အိုး ခွက်တွေ လိုအပ်နေတယ်။”ဟု မိုင်းခေါင်စစ်ရှောင်စခန်း တာဝန်ခံက ဆိုပါသည်။

မီးလောင်မှုအတွင်း ပစ္စည်းဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၃၀ ခန့် ရှိကြောင်း ဆက်ဆိုထားသည်။

မိုင်းခေါင်စစ်ရှောင်စခန်းကို မြန်မာ့တပ်မတော်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ တိုက်ပွဲကြောင့် ၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအချိန်တွင် အိမ်ထောင်စု ၄၀၀ ကျော် လူဦးရေ ၁၈၀၀ နေထိုင်သည့် စစ်ရှောင်စခန်းတစ်ခုဖြစ်ပါသည်။

Read Previous

တရားသူကြီးကို ချိန်ခွင်အပျက်ပေးသဖြင့် ထောင်ချခံရသော ကချင်လူငယ်လွတ်မြောက်

Read Next

၂၀၁၉-၂၀၂၀ ကချင်ပြည်နယ်အစိုးရဘတ်ဂျက်တွင် ‘လမ်း’ အတွက် အများဆုံးသုံးစွဲထား

Leave a Reply

Your email address will not be published. Required fields are marked *