သတင်း

ကချင်ဆရာမ ၂ ဦး အဓမ္မပြုကျင့် အသတ်ခံရခြင်း အမှုမှန်ပေါ်ပေါက်ရေး ကြိုးပမ်းနေဆဲ

Unicode

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ပန်ဆိုင်း(ကြူကုတ်) ကောင်းခါးကျေးရွာတွင် အုပ်စုဖွဲ့ အဓမ္မပြုကျင့်သတ်ဖြတ်ခံရသော ကချင် KBC စေတနာ့ဝန်ထမ်း ကျောင်းဆရာမ ၂ ဦးအမှုနှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးစုံစမ်းရေးအဖွဲ့ကို ဖျက်သိမ်းခြင်းမရှိဘဲ စုံစမ်းနေဆဲဖြစ်ကြောင်း သိရပါသည်။

အသက် ၂၀ ဝန်းကျင် ဆရာမ Maran Lu Ra နှင့် ဆရာမ Tangbau Hkawng Nan Tsin တို့ ၂ ဦးသည် ၂၀၁၅ ဇန်နဝါရီ (၁၉)ရက်နေ့ည ရက်ရက်စက်စက် အဓမ္မပြုကျင့်သတ်ဖြတ်ခံရခဲ့သော်လည်း ယနေ့ (၅)နှစ်ပြည့်လာချိန်ထိ တရားမျှတမှု မရရှိသေးပေ။

“ဆရာမ ၂ ဦးအမှုဟာ ရပ်သွားသလိုဖြစ်ပေမယ့် အတွင်းပိုင်းမှာတော့ ကျနော်တို့ မရပ်သေးပါဘူး။ ရှေ့နေတွေနဲ့ အလုပ်လုပ်နေဆဲ ဖြစ်တယ်။ တစ်နေ့မှာ ကျနော်တို့ဘက် သက်သေအထောက်အထားခိုင်လုံရင် အရေးယူမှုတွေ လုပ်သွားမှာဖြစ်တယ်” ဟု အမှုမှန်ပေါ်ပေါက်ရေးခေါင်းဆောင်ဖြစ်သူ ယခု ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဌ Rev. Dr. Hkalam Samson ပြောပါသည်။

အမှုမှန်ပေါ်ပေါက်ရေးကြိုးစားရာတွင် သံသယဖြစ်ခံရသော တပ်မတော် ခမရ (၅၀၃) စစ်ကြောင်းမှူးနှင့်တကွ တပ်မတော်သားများကို ကိုယ်တိုင်စစ်မေးရန် KBC အမှုမှန်ပေါ်ပေါက်ရေးအဖွဲ့က ကြိုးစားခဲ့သော်လည်း လားရှိုးခရိုင်တရားရုံးမှ လက်မခံခဲ့သည့်အတွက် ရပ်တန့်နေဆဲဖြစ်သည်ဟု သိရပါသည်။

ဆရာမ ၂ ဦး အမှု တစ်နှစ်ပြည့်ချိန် ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ KWAT မှ ဖြစ်စဉ်ကို အသေးစိတ်လေ့လာပြီး ဥပဒေအရလေ့လာသုံးသပ်ထားသည့် ‘Justice Delay, Justice Denied’ ဆိုသည့် အစီရင်ခံစာတွင် ပြစ်မှုကျူးလွန်သူမှ ထိုအချိန် ကျေးရွာတွင် ရှိနေသော မြန်မာ့တပ်မတော်ဖြစ်ကြောင်း ဖော်ပြထားသည်။

“အခင်းဖြစ်ပွားတဲ့အချိန် သွေး၊ အမျိုးသမီးအဂါႍကို စစ်ဒါတွေ ၊ ဆံပင်တွေစစ်လို့ရတယ် အစိုးရကနေ DNA တို့ကို စစ်တဲ့အချိန်မှာ အဖြေမထွက်လာဘူး။ အဖြေမှန်က ဆေးရုံမှာပဲရှိမယ်လို့ ကျမတို့ ထင်တယ်။ အမှုမှန် ပေါ်ပေါက်ဖို့ မျှော်လင့်တယ်” ဟု ကချင်အမျိုးသမီးအစည်းအရုံးထိုင်းနိုင်ငံ Kachin Women’s Association of Thailand မှ တွဲဖက် အတွင်းရေးမှူး ဒေါ် San Htoi ပြောပါသည်။

ကချင်ပြည်နယ်အတွင်း ၂၀၁၁ တစ်ကျော့ပြန်တိုက်ပွဲများပြန်လည်ဖြစ်ပေါ်လာချိန် အမျိုးသမီးများပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုများဖြစ်ပွားခဲ့ပြီး တရားမျှတမှု တစ်ခုမှ မရခဲ့ကြောင်း ၎င်းက ဆက်ဆိုထားသည်။

ဆရာမ ၂ ဦးအသတ်ခံရသည့်ဖြစ်စဉ် အမှုမှန်မပေါ်ပေါက်သေးသည့်အတွက် နှစ်စဉ် ဇန်နဝါရီ (၁၉) ရက်နေ့ ရောက်တိုင်း ဆုတောင်းပွဲဖြင့်သာ အဆုံးသတ်ခဲ့ရသည်မှာ (၄)နှစ် ရှိခဲ့ပြီဖြစ်ပါသည်။

တရားမျှတမှုကို မဖော်ဆောင်နိုင်သေးသောကြောင့် ဆရာမ ၂ ဦး၏ မိသားစုကိုလည်း ဆက်သွယ်အကြောင်းကြားရန် အဖြေမရှိသေးဟု Rev. Dr. Hkalam Samson ပြောပါသည်။

“တရားရုံးမှာ ကျနော်တို့ တရားလို၊ တရားခံ ဆိုပြီး ဒီနေ့အထိတရားစွဲလို့မရသေးဘူး။ ကျနော်တို့မှာ ဘာမှ မပြည့်စုံသေးဘူး အချက်အလက်တွေအားလုံးက ရဲလက်ထဲမှာဆိုတော့ ဒီအတောအတွင်းတော့ ကျနော်တို့ မေးချင်တာမေးနေတဲ့ အပိုင်းပဲရှိနေတယ်။ အမှုနဲ့ပက်သက်ပြီး ထူးခြားမှုမရှိသေးလို့ အိမ်သားတွေကိုလည်း ပြန်ပြောဖို့ စကားမရှိသေးဘူး” ဟု ပြောဆိုထားသည်။

လွန်ခဲ့သည့် (၅)နှစ် Kawnghka (ကောင်းခါး)ကျေးရွာ၏ ညသန်းခေါင်အချိန်တွင် အုပ်စုလိုက် ရက်ရက်စက်စက် အဓမ္မပြုကျင့်သတ်ဖြတ်ခံခဲ့ရသော ဆရာမ ၂ ဦးအမှု ကျူးလွန်သူများကို အရေးမယူနိုင်သေးသဖြင့်၊ ဆရာမ ၂ ဦးအတွက် တရားမျှမှု ရရှိရေး Kawnghka ကျေးရွာနှင့် မြစ်ကြီးနား Jaw Bum စသည့်နေရာ နှစ်နေရာတွင် ဆုတောင်းပွဲဖြင့်သာ ပြုလုပ်ရန် စီစဉ်နေကြောင်း KBC မှ သိရသည်။

Zawgyi

ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ခ႐ိုင္ ပန္ဆိုင္း(ၾကဴကုတ္) ေကာင္းခါးေက်း႐ြာတြင္ အုပ္စုဖြဲ႕ အဓမၼျပဳက်င့္သတ္ျဖတ္ခံရေသာ ကခ်င္ KBC ေစတနာ့ဝန္ထမ္း ေက်ာင္းဆရာမ ၂ ဦးအမႈႏွင့္ပတ္သက္ၿပီး အမႈမွန္ေပၚေပါက္ေရးစုံစမ္းေရးအဖြဲ႕ကို ဖ်က္သိမ္းျခင္းမရွိဘဲ စုံစမ္းေနဆဲျဖစ္ေၾကာင္း သိရပါသည္။

အသက္ ၂၀ ဝန္းက်င္ ဆရာမ Maran Lu Ra ႏွင့္ ဆရာမ Tangbau Hkawng Nan Tsin တို႔ ၂ ဦးသည္ ၂၀၁၅ ဇန္နဝါရီ (၁၉)ရက္ေန႔ည ရက္ရက္စက္စက္ အဓမၼျပဳက်င့္သတ္ျဖတ္ခံရခဲ့ေသာ္လည္း ယေန႔ (၅)ႏွစ္ျပည့္လာခ်ိန္ထိ တရားမွ်တမႈ မရရွိေသးေပ။

“ဆရာမ ၂ ဦးအမႈဟာ ရပ္သြားသလိုျဖစ္ေပမယ့္ အတြင္းပိုင္းမွာေတာ့ က်ေနာ္တို႔ မရပ္ေသးပါဘူး။ ေရွ႕ေနေတြနဲ႔ အလုပ္လုပ္ေနဆဲ ျဖစ္တယ္။ တစ္ေန႔မွာ က်ေနာ္တို႔ဘက္ သက္ေသအေထာက္အထားခိုင္လုံရင္ အေရးယူမႈေတြ လုပ္သြားမွာျဖစ္တယ္” ဟု အမႈမွန္ေပၚေပါက္ေရးေခါင္းေဆာင္ျဖစ္သူ ယခု ကခ်င္ႏွစ္ျခင္းခရစ္ယာန္အဖြဲ႕ခ်ဳပ္ (KBC) ဥကၠဌ Rev. Dr. Hkalam Samson ေျပာပါသည္။

အမႈမွန္ေပၚေပါက္ေရးႀကိဳးစားရာတြင္ သံသယျဖစ္ခံရေသာ တပ္မေတာ္ ခမရ (၅၀၃) စစ္ေၾကာင္းမႉးႏွင့္တကြ တပ္မေတာ္သားမ်ားကို ကိုယ္တိုင္စစ္ေမးရန္ KBC အမႈမွန္ေပၚေပါက္ေရးအဖြဲ႕က ႀကိဳးစားခဲ့ေသာ္လည္း လားရႈိးခ႐ိုင္တရား႐ုံးမွ လက္မခံခဲ့သည့္အတြက္ ရပ္တန႔္ေနဆဲျဖစ္သည္ဟု သိရပါသည္။

ဆရာမ ၂ ဦး အမႈ တစ္ႏွစ္ျပည့္ခ်ိန္ ကခ်င္အမ်ိဳးသမီးအစည္းအ႐ုံး ထိုင္းႏိုင္ငံ KWAT မွ ျဖစ္စဥ္ကို အေသးစိတ္ေလ့လာၿပီး ဥပေဒအရေလ့လာသုံးသပ္ထားသည့္ ‘Justice Delay, Justice Denied’ ဆိုသည့္ အစီရင္ခံစာတြင္ ျပစ္မႈက်ဴးလြန္သူမွ ထိုအခ်ိန္ ေက်း႐ြာတြင္ ရွိေနေသာ ျမန္မာ့တပ္မေတာ္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။

“အခင္းျဖစ္ပြားတဲ့အခ်ိန္ ေသြး၊ အမ်ိဳးသမီးအဂါႍကို စစ္ဒါေတြ ၊ ဆံပင္ေတြစစ္လို႔ရတယ္ အစိုးရကေန DNA တို႔ကို စစ္တဲ့အခ်ိန္မွာ အေျဖမထြက္လာဘူး။ အေျဖမွန္က ေဆး႐ုံမွာပဲရွိမယ္လို႔ က်မတို႔ ထင္တယ္။ အမႈမွန္ ေပၚေပါက္ဖို႔ ေမွ်ာ္လင့္တယ္” ဟု ကခ်င္အမ်ိဳးသမီးအစည္းအ႐ုံးထိုင္းႏိုင္ငံ Kachin Women’s Association of Thailand မွ တြဲဖက္ အတြင္းေရးမႉး ေဒၚ San Htoi ေျပာပါသည္။

ကခ်င္ျပည္နယ္အတြင္း ၂၀၁၁ တစ္ေက်ာ့ျပန္တိုက္ပြဲမ်ားျပန္လည္ျဖစ္ေပၚလာခ်ိန္ အမ်ိဳးသမီးမ်ားေပၚ လိင္ပိုင္းဆိုင္ရာအၾကမ္းဖက္မႈႏွင့္ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈမ်ား ပိုမိုမ်ားျဖစ္ပြားခဲ့ၿပီး တရားမွ်တမႈ တစ္ခုမွ မရခဲ့ေၾကာင္း ၎က ဆက္ဆိုထားသည္။

ဆရာမ ၂ ဦးအသတ္ခံရသည့္ျဖစ္စဥ္ အမႈမွန္မေပၚေပါက္ေသးသည့္အတြက္ ႏွစ္စဥ္ ဇန္နဝါရီ (၁၉) ရက္ေန႔ ေရာက္တိုင္း ဆုေတာင္းပြဲျဖင့္သာ အဆုံးသတ္ခဲ့ရသည္မွာ (၄)ႏွစ္ ရွိခဲ့ၿပီျဖစ္ပါသည္။

တရားမွ်တမႈကို မေဖာ္ေဆာင္ႏိုင္ေသးေသာေၾကာင့္ ဆရာမ ၂ ဦး၏ မိသားစုကိုလည္း ဆက္သြယ္အေၾကာင္းၾကားရန္ အေျဖမရွိေသးဟု Rev. Dr. Hkalam Samson ေျပာပါသည္။

“တရား႐ုံးမွာ က်ေနာ္တို႔ တရားလို၊ တရားခံ ဆိုၿပီး ဒီေန႔အထိတရားစြဲလို႔မရေသးဘူး။ က်ေနာ္တို႔မွာ ဘာမွ မျပည့္စုံေသးဘူး အခ်က္အလက္ေတြအားလုံးက ရဲလက္ထဲမွာဆိုေတာ့ ဒီအေတာအတြင္းေတာ့ က်ေနာ္တို႔ ေမးခ်င္တာေမးေနတဲ့ အပိုင္းပဲရွိေနတယ္။ အမႈနဲ႔ပက္သက္ၿပီး ထူးျခားမႈမရွိေသးလို႔ အိမ္သားေတြကိုလည္း ျပန္ေျပာဖို႔ စကားမရွိေသးဘူး” ဟု ေျပာဆိုထားသည္။

လြန္ခဲ့သည့္ (၅)ႏွစ္ Kawnghka (ေကာင္းခါး)ေက်း႐ြာ၏ ညသန္းေခါင္အခ်ိန္တြင္ အုပ္စုလိုက္ ရက္ရက္စက္စက္ အဓမၼျပဳက်င့္သတ္ျဖတ္ခံခဲ့ရေသာ ဆရာမ ၂ ဦးအမႈ က်ဴးလြန္သူမ်ားကို အေရးမယူႏိုင္ေသးသျဖင့္၊ ဆရာမ ၂ ဦးအတြက္ တရားမွ်မႈ ရရွိေရး Kawnghka ေက်း႐ြာႏွင့္ ျမစ္ႀကီးနား Jaw Bum စသည့္ေနရာ ႏွစ္ေနရာတြင္ ဆုေတာင္းပြဲျဖင့္သာ ျပဳလုပ္ရန္ စီစဥ္ေနေၾကာင္း KBC မွ သိရသည္။

Show More

Related Articles

Back to top button