,

Breaking News :

အင်းတော်ရဲစခန်းမှ ပစ်ခတ်သော လက်နက်ကြီးကြောင့် နတ်မဟုတ်ကြီး သားအမိ ၄ ဦး ထိမှန်ပြီး သုံးဦး အခြေနေစိုးရိမ်ရ

ထီးချိုင့် ၉ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက် က ၃၀ ကျော်ကျဆုံး၊ စစ်ကောင်စီက ရွာ ၅ ရွာ ကို မီးရှို့

ဖားကန့်တွင် စစ်ကောင်စီအဖွဲ့ ကားလိုင်စင်များဖမ်းဆီးနေ

လုံးခင်းတွင် ဖုန်းဆိုင်တစ်ခု ဓါးပြတိုက်ခံရပြီး ငွေကျပ် သိန်း ၅၀ ဖိုးလုယူသွား

အင်ဂန်းကျေးရွာ နေအိမ်မီးလောင်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၇ ဦးသေဆုံး

ဖုန်အိန်ယာန်တွင် KIO ရွှေတူးဖော်မည့်အပေါ် ဒေသခံပြည်သူများ ကန့်ကွက်နေ

ဖားကန့်လမ်းတွင် ဒေသခံအမျိုးသား ၅၀ ဦးကို စစ်ကောင်စီဖမ်းဆီးထား

အွန်လိုင်း ငွေလိမ်လုပ်ငန်းမှာ လူကုန်ကူးခံနေရတဲ့ လူငယ်များ

နေအိမ် အလုံး ၅၀၀ ကျော်ကို KIA နှင့် PDF အဖွဲ့များ မီးရှို့ဖျက်ဆီးလိုက်သည်ဆိုသော သတင်းအမှား

အင်းတော် ရဲစခန်းရှေ့ဖြတ်သွားသည့် အသက် ၆၀ ကျော် ပြည်သူတစ်ဦး ပစ်ခတ်ဖမ်းဆီးခံရ

ကချင်ပြည်နယ် ပြည်ထောင်စုနေ့အခမ်းအနား မနောကွင်းတွင် ပြုလုပ်ရန် စီစဉ်

မြစ်ကြီးနား မနောကွင်း

ဖေဖော်ဝါရီလ (၁၂) ရက်နေ့ ကျရောက်မည့် (၇၃) ကြိမ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ကချင်ပြည်နယ်တွင် ကချင်ရိုးရာမနောင်ပွဲတော်နှင့်အတူ မြစ်ကြီးနားမြို့ မနောကွင်းတွင် ပြုလုပ်သွားမည်ဟု သိရသည်။

ဖျက်သိမ်းခဲ့ရသော ကချင်ပြည်နယ်နေ့ မနောပွဲအစားပြန်လည်ပြုလုပ်သည့် ရိုးရာမနောပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၅ရက်နေ့မှ ၁၂ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး နောက်ဆုံးရက် ၁၂ရက်နေ့မှာ ပြည်ထောင်စုနေ့ ဖြစ်သောကြောင့် အဆိုပါနေ့တွင် ပြည်နယ်အစိုးရ၏ ညွန်ကြားချက်အရ နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာကို ဖတ်ကြားရန် ဖြစ်ကြောင်း မနောပွဲဖြစ်မြောက်ရေး တာဝန်ခံ ဦး Ginraw Tang Gun ယခုလိုပြောသည်။

“ကျနော်တို့ ကချင်ရိုးရာမနောပွဲကို ဖေဖော်ဝါရီလ ၁ရက်နေ့ကနေ ၈ရက်နေ့အထိ ပြုလုပ်ဖို့ ပြည်နယ်အစိုးရကို ပွဲမိန့်တင်ခဲ့တယ်။ ပြည်နယ်အစိုးရက ၅ရက်နေ့ကနေ ၁၂ရက်နေ့အထိ လုပ်ဖို့ ပြောဆိုလာတယ်။နောက်ဝန်ကြီးချုပ်က အစည်းအဝေးခေါ်တယ်။ မနောပွဲကို ၁၂ရက်အထိ လုပ်ဖို့ပြောတယ်။ အဲ့ဒီ ၁၂ရက်နေ့မှာလည်း လူမျိုးပေါင်းစုံ အားလုံးပါဝင်တဲ့ မနောအက ကရန် စီစဉ်ထားတာလည်းဖြစ်တယ်။ အဓိက နိုင်ငံတော်သမ္မတ ပေးပို့လာတဲ့ သဝဏ်လွှာကို ကချင်ပြည်နယ် ဝန်ကြီးချုပ်က လာရောက်ဖတ်ကြားပေးဖို့ သက်သက်သာဖြစ်တယ်” ဟု သူက ကချင်သတင်းဌာန KNG ကိုပြောသည်။

‘ပြည်ထောင်စုနေ့ မနောပွဲ’ မဟုတ်ဘဲ ‘ကချင်ရိုးရာမနောပွဲတော်ကြီး’ သာဖြစ်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

ယခုပွဲမှာ ‘ကချင်ရိုးရာမနောပွဲတော်ကြီး’ အမည်ဖြင့် ပြုလုပ်ကျင်းပသည့် ပထမဆုံးအကြိမ် ဖြစ်ပြီး ကချင်ရိုးရာယဉ်ကျေးမှု မဟိုကော်မတီမှ ဦးဆောင်ကာ မျိုးနွယ် ၆ခု ပါဝင်ဆင်နွှဲသည့် မနောပွဲတော်ကြီးဖြစ်ကြောင်း သိရသည်။

၈ ရက်ကြာပြုလုပ်သွားမည့်အစီစဉ်များတွင် ၅ရက်မှ ၁၀ရက်အနေ့အထိ ဈေးရောင်းပွဲတော်ဖြစ်ပြီး နောက်ဆုံး ၂ ရက်တွင် မနောအက ကသည့်အစီစဉ်ဖြစ်သည်။

အစီစဉ် စတင်သည့် ဖေဖော်ဝါရီ ၅ ရက်နေ့သည် ‘ကချင်တော်လှန်ရေးနေ့’ လည်း ဖြစ်သည်။

 

Read Previous

ဟူးကောင်းချိုင့်ဝှမ်းဒေသ ဘိန်းခင်းဖျက်ဆီးရေး စတင်ပြုလုပ်

Read Next

မြစ်ကြီးနား ကချင်ရိုးရာမနောပွဲအစီစဉ်တွင် ဆိုင်ခန်းဝယ်ယူသူ နည်းပါး