ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

ကချင်တော်လှန်ရေးအစီစဉ်ပြုလုပ်မှုနှင့်ပတ်သက်ပြီး မပခ တိုင်းမှူး သို့ စာတင်ပြ

မြစ်ကြီးနား ဂျော်ဘွမ်ဆုတောင်းတောင်တွင် ကချင်တော်လှန်ရေးနေ့ အခမ်းအနား ဆုတောင်းပွဲပြုလုပ်ရာတွင် ဥပဒေဘောင်ကျော်လွန်မှုများ ရှိသဖြင့် ထပ်မံ မဖြစ်ပွားစေရန် ထိန်းသိမ်းမည့်အကြောင်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခ တိုင်းမှူးထံသို့ ကချင်အတိုင်ပင်ခံအဖွဲ့ WMR စာတင်လိုက်သည်ဟု သိရသည်။

‘လူငယ်အဖွဲ့စီစဉ်ဆောင်ရွက်မှုတွင် စဉ်စားတွေးခေါ်မှုလိုအပ်မှုရှိကြောင်း ခံယူပြီး  ယခုကဲ့သို့ ဥပဒေဘောင်ကျော်လွန်သော ကိစ္စရပ်များ ထပ်မံ မဖြစ်ပွားစေရန် ကချင်အမျိုသားအတိုင်ပင်ခံအဖွဲ့နှင့် ဘသာသာရေးအဖွဲ့အစည်းများမှ ဝိုင်းဝန်း ထိန်းသိမ်းဆောင်ရွက်သွားမည်အကြောင်း တင်ပြအပ်ပါသည်’ ဟု ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၅ ရက်နေ့ ဂျော်ဘွမ်ဆုတောင်းတောင်တွင်ပြုလုပ်ခဲ့သောအစီစဉ်ကြောင့် လက်ရှိတွင် အဆိုပါပွဲတွင်ပါဝင်ခဲ့သူခရစ်ယာန်ဓမ္မဆရာ တူးထန်နှင့် ဂျော်ဘွမ်တာဝန်ခံ ဆရာဘီမာဒေါင်လွမ်းတို့ ၂ ဦးကို ယမန်ယူကာ အမှတ် (၁) ရဲစခန်းတွင်ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ကြောင်း သိရသည်။

(၆၀) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့ ကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဗဟိုဌာနချုပ်နှင့် နိုင်ငံတကာ ကချင်လူထုအသိုင်းအဝိုင်းတွင် ဆုတောင်းပွဲများပြုလုပ်ခဲ့သည်။

Contact Us Form

Related Articles

Back to top button