ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

ကချင်ဓမ္မဆရာ ၂ ဦးအမှု ညှိနှိုင်းနေဆဲဟုဆို

မြစ်ကြီးနားအကျဉ်းထောင်တွင် ထိန်းသိမ်းခံထားရသော ကချင်ဓမ္မဆရာ ၂ဦးကို နောက် ၁ပတ်ခန့်အကြာထိ ထပ်မံ ထိန်းသိမ်းထားနိုင်ကြောင်း သိရသည်။

ဆရာ ၂ဦးနဲ့ ပတ်သက်ပြီး ဖေဖဝါရီလ ၁၂ ရက်နေ့တွင် ကချင်ဘာသာရေးဆရာများ၊ ငြိမ်းချမ်းရေးအကျိုးဆောင်များပါဝင်သော စုပေါင်းကော်မတီဖြင့် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) တို့တွေ့ဆုံမှုမှ သိရကြောင်း သိက္ခာတော်ရဆရာ လဝမ် ပြောသည်။

“ဆရာ ၂ဦးနဲ့ပတ်သက်ပြီး မနေ့က စုပေါင်းကော်မတီဝင်တွေနဲ့ စရဖတို့ အစည်းအဝေး ပြုလုပ် ညိနှိုင်းခဲ့ကြတယ်။ ကျနော့်အထင်က ၃၊ ၄ရက်လောက်တော့ စောင့်ရအုံးမယ်ထင်တယ်။ အလွန်ဆုံး ၁ပတ်ပေါ့။ သူတို့ကလည်း အထက်က အမိန့်အတိုင်းလုပ်ဆောင်နေရတာ ဖြစ်တဲ့အတွက် အခက်အခဲရှိမယ်လို့ထင်ပါတယ်။ ဒါကြောင့် သူတို့ဘက်က လွတ်ပေးဖို့က အစီအစဉ်ရှိမယ်လို့ ထင်ပါတယ်။” ဟု ပြောသည်။

ထိန်းသိမ်းခံနေရသည့် လူငယ်ဆရာတူးထန်နှင့် သိက္ခာတော်ရ ဆရာဘီမာဒေါင်လွမ်း တို့ ၂ဦးမှာ ဖေဖော်ဝါရီလ ၅ ရက်နေ့ ကချင်တော်လှန်ရေးနေ့ အစီအစဉ်တွင် ပါဝင်မှုမရှိခဲ့သော်လည်း လက်ရှိတွင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇/၁ဖြင့် တရားစွဲခံထားရကြောင်း သိရသည်။

သက်ဆိုင်ရာ အာဏပိုင်များနှင့် ညိနှိုင်းဆောင်ရွက်မှု ပြုလုပ်နေသောကြောင့် အချိန်အနည်းငယ် စောင့်ဆိုင်း ပေးရန်လိုအပ်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဌ သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွန် ကချင်သတင်းဌာန KNG သို့ပြောဆိုခဲ့သည်။

ဆရာ ၂ဦးကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှစတင်ကာ ရဲစခန်းတွင် ထိန်းသိမ်းစစ်ဆေးခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် မြစ်ကြီးနားအကျဉ်းထောင်သို့ ရွှေ့ပြောင်းခဲ့သည်။

(၆၀) ကြိမ်မြောက် ကချင်တော်လှန်ရေးနေ့အခမ်းအနားကို မြစ်ကြီးနားဂျော်ဘွမ်ဆုတောင်းတောင်တွင်ပြုလုပ်ခဲ့ရာ လူငယ်များက ဦးစီးခဲ့ပါသည်။

ထိုအစီစဉ်တွင် တရားဥပဒေဘောင်ကျော်လွန်လုပ်ဆောင်မှုများရှိခဲ့ကြောင်းနှင့် နောက်နောင်ယခုလိုမဖြစ်ရန် ထိန်းသိမ်းမည့်အကြောင်း တပ်မတော် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မပခသို့ ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ WMR မှ ဖေဖော်ဝါရီ ၇ ရက်နေ့ စာတင်ပြခဲ့သည်။

ကချင်ဓမ္မဆရာ ၂ ဦးကို ရဲစခန်းမှ အကျဉ်းထောင်သို့ ရွှေ့ပြောင်း

 

Show More

Related Articles

Back to top button