,

Breaking News :

တနိုင်းတွင် ဖမ်းဆီးခံရသော လူငယ် ၂၉ ဦးကို မတရားအသင်းဆက်သွယ်မှု ဥပဒေဖြင့် အရေးယူရန် ရဲစခန်းသို့ အပ်

ယုဇန ကုမ္ပဏီထံမှ သိမ်းယူထားသောမြေယာနှင့်ပစ္စည်းများကို ရယူခြင်းမပြုရန် KIO သတိပေး

ကချင်တွင် လပိုင်းအတွင်း စစ်ရှောင်အသစ်ထပ်တိုးလာကြောင်းနှင့် ကူညီထောက်ပံ့မှုလိုအပ်နေကြောင်း အရပ်ဘက်အဖွဲ့အစည်းများထုတ်ပြန်

လိုင်ဇာမြို့အနီး ခယာဘွမ့်တွင် ရိက္ခာပို့နိုင်ရန် ဒေါ့ဖုန်းယန် မှ ကားလမ်းတစ်လျှောက် စစ်အင်အားတိုးချဲ့ချထား

ဘွမ်ရာယန်စစ်ရှောင်စခန်းတွင် သောက်ရေ အဓိကအခက်အခဲဖြစ်နေ

ရှဒူးဇွပ်စစ်ရှောင်များ ရေဘေးမှလွတ်မြောက်ရေး နေရာအသစ်တွင် ပြောင်းရွေ့ရန်ခက်ခဲနေ

လိုင်ဇာမြို့အနီး အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းကို KIA ကြားဖြတ် တိုက်ခိုက်

အာဏာသိမ်းစစ်တပ်က ကားဖြင့်တိုက်သဖြင့် ပူတာအိုဒေသခံတစ်ဦး ခြေတစ်ဖက်ကျိုး

ဒေါ့ဖုန်းယန်မြို့အနီးတွင် အကြမ်းဖက်စစ်တပ်ကို KIA က ကြားဖြတ်တိုက်ခိုက်

KIAနဲ့ ဆက်သွယ်သည်ဟုဆိုကာ ချီဖွေစစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦး စစ်ကောင်စီက ဖမ်းဆီးထား

တတိယအကြိမ် ကျောက်မျက်ပြပွဲ မျှော်မှန်းအရည်အတွက်၏ တစ်ဝက်သာပြသနိုင်ခဲ့

တတိယအကြိမ် ကျောက်မျက်ပြပွဲ

မြစ်ကြီးနားတွင် ယခုပြုလုပ်နေဆဲ တတိယအကြိမ်ကျောက်မျက် အရောင်းပြပွဲတွင် မျှော်မှန်းထားသည့် ကျောက်စိမ်းအရည်အတွက်၏ တစ်ဝက်ကိုသာ ပြသနိုင်ခဲ့ကြောင်း ကချင်ပြည်နယ် ကျောက်မျက်လုပ်ငန်းရှင်အသင်းမှ သိရသည်။

မျှော်မှန်းထားသည့် ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀ ကျော်၏ တစ်ဝက်ခန့် အတွဲပေါင်း ၆၀၀ကျော်သာ ပြသထားနိုင်ကြောင်း ကျောက်မျက် ဥက္ကဌ ဦး ရစ်နန်ဇေလွမ်း ယခုလိုပြောဆိုသည်။

“ပြပွဲလုပ်ဖို့ ပြင်ဆင်ကတည်းကတော့ ၁ ထောင်ကျော်လောက်အထိ မှန်းထားတာပေါ့။ အရမ်းကြီးလည်း မမှန်းထားပါဘူး။ ဒါပေမယ့် ပိုဆိုးသွားတာက တရုတ်ပြည်ရဲ့ ဝူဟန်ဗိုင်းရပ်(စ်) ကြောင့် ထင်ထားသလောက် မရောက်ဘူးပေါ့။ တကယ်လို့ ဒီဟာမဖြစ်ဘူးဆိုရင် လုပ်ငန်းရှင် ကလည်း ပိုပြီး စိတ်ဝင်စားမယ်။ နောက်ကျောက်အတွဲပေါင်း ၁၅၀၀လောက်တော့ မနည်းဘူး လို့ထင်တယ်။” ဟု ပြောသည်။

သို့သော်လည်း လွန်ခဲ့သည့် ဒုတိယအကြိမ်ပြပွဲထက် ယခုအခေါက်တွင် အတွဲပေါင်း အရည်အတွက် ပိုများသည်ဟု သိရသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့ နှင့် ကချင်ကျောက်မျက်လုပ်ငန်းရှင်များအတူ ပူးပေါင်းပြုလုပ်သော ယခုတတိယအကြိမ် အရောင်းပြပွဲကို မြစ်ကြီးနားတွင် ဖေဖော်ဝါရီ ၂၄ မှ ၂၈ အထိ ပြုလုပ်နေခြင်း ဖြစ်သည်။

ယခုပြပွဲတွင် မြန်မာကျပ်ငွေဖြင့်သာ ရောင်းချခွင့်ရှိသော်လည်း လာမည့် နိုဝင်ဘာလတွင် ထပ်မံပြုလုပ်မည့် ကျောက်မျက်ပြပွဲတွင် နိုင်ငံခြားဝင်ဖြင့် ရောင်းချခွင့် ရရှိအောင် လုပ်ဆောင်သွားမည်ဖြစ်သောကြောင့် ပြည်ထောင်အစိုးရမှ အမြန်ဆုံး ခွင်ပြုမိန့်ပေးရန် တောင်းဆိုထားသည်ဟု ထပ်မံပြောဆိုသည်။

“ဒီပြပွဲမှာလာတဲ့ ကုန်သည်တွေအနေနဲ့ ဈေးကွက်ဖော်ဆောင်တဲ့အခါ လာရောက်ဝယ်ပေးကြပါ။ ပြီးမှ နောင်လာမည့်အချိန် နိုင်ငံခြားဝင်ငွေနဲ့ ရအောင်ကြိုးပမ်းနေပြီ။ ဖြစ်အောင်လည်း ဆောင်ရွက်မယ်။ ဘာကြောင့် နိုင်ငံခြားဝင်ငွေနဲ့ ဖြစ်ခိုင်းစေချင်သလဲဆိုတော့ ကုမ္ပဏီအတွက်၊ လုပ်ငန်းများအတွက်နဲ့လည်း အဆင်ပြေတယ်။ ပြီးရင်ပြည်သူလူထုတွေလည်း အဆင်ပြေတယ်။ နိုင်ငံတော်အတွက်လည်း အခွန်များများရမယ်။ တရားမဝင်တွေလည်း ပပျောက်သွားမယ်။ နိုင်ငံခြားဝင်ငွေနဲ့ အမြန်ဖြစ်သင့်တယ်။ ပြည်ထောင်စုအဆင့်နဲ့ ကချင်ပြည်နယ်အစိုးရအနေနဲ့ ဖြစ်အောင် ဝိုင်းဝန်းကူညီပေးပါလို့ တောင်းဆိုချင်တယ်”ဟု ဦးရိတ်နန်ဇေလွမ်း ထပ်မံ ဆိုသည်။

မြစ်ကြီးနားတွင်ပြုလုပ်ခဲ့သည့် ပထမအကြိမ်နှင့် ဒုတိယအကြိမ်ပြပွဲများတွင် ကျောက်စိမ်း C ၊ D အဆင့်သာ ပြသခွင့်ရှိခဲ့သော်လည်း ယခု တတိယအကြိမ်တွင် အဆင့်ခွဲခြားထားခြင်းမရှိဘဲ A, B, C, D အဆင့်ပေါင်းစုံ ပြသခွင့်ရရှိထားသည်ဟု သိရသည်။

ကျောက်စိမ်းပြပွဲကို မန္တလေး၊ နေပြည်တော်နှင့် စစ်ကိုင်း စသော ပြည်နယ်မှ လုပ်ငန်းရှင်များကသာ အများဆုံး လာရောက်ကြည့်ရှုကြပြီး ကျောက်စိမ်းတွဲပေါင်းများ၏ ဈေးနှုန်းအကြမ်းများမှာ ကျပ် ၁၀သိန်းမှ သိန်းတစ်ထောင်ကျော်ခန့် သတ်မှတ်ထားကြောင်း သိရသည်။

 

Read Previous

ကချင်-တရုတ်နယ်စပ်မှ တရုတ်ကုန်ကားများ ဖြတ်သန်းမှုကိုတားဆီးပေးရန် ဆန္ဒဖော်ထုတ်

Read Next

ကျပ်သိန်း ၁ သောင်းကျော်ပေးဆောင်ရန် ဒေသခံများကို တစ်သျှူးငှက်ပျောကုမ္ပဏီမှ တရားစွဲဆိုမှုကို ရှင်းလင်း

Leave a Reply

Your email address will not be published. Required fields are marked *