ရွေးကောက်ပွဲဆိုင်ရာသတင်း

ကချင်ပေါင်းစည်းပါတီ၏ ပထမအကြိမ် ညီလာခံ လာမယ့်အပတ်တွင်ပြုလုပ်မည်

ကချင်ပေါင်းစည်း ပါတီကြီးတစ်ခုဖြစ်သည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ Kachin State People’s Party (KSPP) ၏ ပထမအကြိမ် ပါတီညီလာခံကို လာမည့်အပတ် မြစ်ကြီးနားမြို့ မနောကွင်းတွင် ၂ရက်ကြာ ပြုလုပ်သွားမည်ဟု သိရသည်။

ယခုပြုလုပ်မည့် ပါတီညီလာခံကို ကချင်ပြည်နယ်အတွင်းရှိ (၁၈) မြို့နယ်မှ KSPP ပါတီ ကိုယ်စားလှယ်များနှင့်အတူ လက်ရှိ ယာယီဦးဆောင်ကော်မတီများကို တရားဝင် ဦးဆောင်ကော်မတီများအဖြစ် ရွေးချယ်တင်မြောက်မှု ပြုလုပ်သွားမည်ဖြစ် ကြောင်း KSPP ပါတီမှ လက်ရှိ ဒုဥက္ကဌ ဖြစ်သူ ဦး Gumgrawng Awng Hkam ယခုလိုပြောသည်။

“အဓိကတော့ ပါတီညီလာခံဆိုတဲ့အတိုင်း (၁၈) မြို့နယ်က ပါတီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံမယ်။ ပြီးရင် သူတို့တွေကို ယာယီရွေးချယ်ထားတဲ့ ဦးဆောင်ကော်မတီဝင်အဖြစ် အတည်ပြုမယ်။ နောက်ပါတီရဲ့ပေါ်လစီတွေကို ရှင်းလင်းတင်ပြမှုတွေ ပြုလုပ်သွားမယ်။ သီးခြား ၂၀၂၀ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးသွားဖို့ရှိတယ်” ဟု သူကပြောဆိုသည်။

ပါတီညီလာခံကို မတ်လ ၃ရက်မှ ၄ရက်နေ့အထိပြုလုပ်ကျင်းပသွားမည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် ပါတီ ဦးဆောင်ကော်မတီများ၏ အာဘော်တစ်ခုတည်နှင့် ဆုံးဖြတ်ချက်များကို အတည်ပြုချက်များရယူသွာမည်မဟုတ်ဘဲ ပေါင်းစည်းရေးအဖြစ် ပါဝင်လာသည့် ပါဝင်အဖွဲ့များအားလုံးနှင့်အတူ တစ်ညီတစ်ညွတ် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဆက်လက်ပြောဆိုသည်။

လက်ရှိ KSPP ပါတီတွင် ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (Kachin State Democracy Party)၊ ကချင်ဒီမိုကရက်တစ်ပါတီ (Kachin Democratic Party)၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (Unity and Democracy Party for Kachin State)၊ ပြည်ထောင်စုတိုင်းရင်းသားများဖက်ဒရယ်ဒီမိုကရေစီပါတီ(UNFDP) စသော (၄)ပါတီ တရားဝင် ပေါင်းစည်းထားခြင်းဖြစ်သည်။

Show More

Related Articles

Back to top button