Covid-19 Reportingသတင်း

Covid-19 ကာကွယ်ရေး လိုင်ဇာမြို့ဝင်ပေါက်များကို ပိတ်ထား

KIO ထိန်းချူပ်နယ်မြေဖြစ်သော လိုင်ဇာမြို့အတွင်း Covid -19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်မှုအတွက် မြို့အဝင်အထွက် သွားလာမှုများအားလုံးကို ပိတ်ထားကြောင်း KIO Covid -19 ကာကွယ်ရေးကော်မတီမှ သိရသည်။

လိုင်ဇာမြို့အတွင်း ပုံမှန်အဝင်အထွက်လမ်းများနှင့် တရုတ်နယ်စပ်ဂိတ်များကို မတ် ၃၁ ရက်နေ့မှစပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကာ စောင့်ကြည့်ရေး Quarantine နေရာများကိုလည်း ပြင်ဆင်ထားပြီဟု သိရသည်။

“ကျွန်တော်တို့ လိုင်ဇာမှာ ဖေဖော်ဝါရီ ၇ ရက်ကစပြီး ဗဟိုဌာနချူပ်မှကော်မတီဖွင့်ပေးတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ဖွင့်တဲ့ချိန် အစပိုင်းမှာ ပြည်သူတွေကိုပညာပေးတဲ့ပိုင်းတွေ အများအားဖြင့်လုပ်တယ်။ ယခုဒီအတောအတွင်း ပိုပြီးတော့ ကျွန်တော်တို့မြို့အတွင်းကို အဘက်ဘက်ကနေမှ အဝင်အထွက်အဆက်အသွယ်မရှိစေရန် လုပ်ဆောင်နေကြတာ နှစ်ပတ်လောက်တော့ရှိပြီ” ဟု လိုင်ဇာမြို့ Covid-19 ကာကွယ်ရေးမှ တာဝန်ရှိသူတစ်ဦး ကချင်သတင်းဌာန KNG သို့ပြောသည်။

ရောဂါဖြစ်ပွားသောနယ်မြေ နှင့် တခြားနယ်မြေဘက်မှ ဝင်လာမည့်ဒေသခံများကို စောင့်ကြည့်မယ် Quarantine နေရာကို Mai Sak Pa တွင်ဆောက်လုပ်ထားပြီး ဧပြီ ၇ ရက်နေ့တွင် အဖွင့် ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်ဟု KIO ကိုဗစ်တိုက်ဖျက်ရေး ကော်မတီ မှ သိရသည်။

ထို့အပြင် တရုတ်အစိုးရ ကျန်းမာရေးဝန်ထမ်းများမှ လိုင်ဇာဘက်ကို လာရောက် ကြည့်ရှုမှု များရှိကြောင်း သိရသည်။

 

Show More

Related Articles

Back to top button