Covid-19 Reportingသတင်း

Covid-19 ပညာပေးပန်းချီရေးဆွဲမှုကြောင့် တရားစွဲခံရသူ ၃ ဦးအာမခံရရှိ

သာသနာညှိးနွမ်းစေမှုပုဒ်မ ၂၉၅(က)ဖြင့် တရားစွဲဆိုခံထားရသော မြစ်ကြီးနားမြို့ ဘူတာတိုက်တန်းတွင် Covid-19 ပညာပေး ပန်ချီရေးဆွဲခဲ့ကြသည့် လူငယ်သုံးဦး၏အမှု ပထမဆုံးရုံးချိန်းတွင် တစ်ဦးလျှင်ငွေကျပ်သိန်း (၁၀၀)စီဖြင့် အာမခံရရှိခဲ့ကြောင်း သိရသည်။

အဆိုပါအမူတွင် ပြည်နယ်သာသနာရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး တရားလိုပြုလုပ်ကာ Covid-19ကာကွယ်ရေး စုပေါင်းပညာပေးအဖွဲ့မှ မစီစီလျာဂျာဆိုင်း၊ ကိုနော်ထွန်းအောင်နှင့် ပန်းချီရေးဆွဲသူ ကိုဇေယျာနောင်တို့ သုံးဦးအား စွဲဆိုထားခြင်းဖြစ်သည်။

“ဒီနေ့ကတော့ ရာဇဝတ်ဆိုင်ရာကျင့်ထုံးနဲ့အညီ အာမခံလျှောက်တာဖြစ်တယ်။ အမှုကတော့ ပြစ်မူဆိုင်ရာဥပဒေပုဒ်မ ၂၉၅(က)နဲ့ စွဲထားတာဖြစ်တယ်။ ၂၉၅(က)ကတော့ အမှုရုပ်သိမ်းလို့မရဘူး။ ကျေအေးလို့မရဘူး ရုတ်သိမ်းလို့မရဘူး။ ဒါပေမယ့် ကျမတို့က ရာဇဝတ်ကျင့်ထုံးဥပဒေကျင့်ထုံးဥပဒေ ၄၉၇(၁)အရကတော့ အာမခံလျှောက်ထားလို့ရတယ်။ ကျမတို့အပိုင်းကလည်း မဂျာဆိုင်းဆိုလို့ရှိရင် ငယ်ရွယ်တဲ့အမျိုးသမီးတစ်ဦးဖြစ်တယ်။ မိခင်အို၊ဖခင်အိုကို ပြုစုနေရတဲ့သူဖြစ်တယ်။ ဇေယျာနောင်လည်း အစာအိမ်ရောဂါခံစားနေရသူဖြစ်တယ် ဆေးစာတွေလည်းတင်ပြထားတယ်။ နောက်တစ်ခါ နော်ထွန်းအောင်ကလည်း သူငယ်ငယ်ကတည်းကနေ ရင်ကျပ်ရောဂါရှိတယ်လက်ရှိလည်း ဆေးရုံနဲ့ကုသနေရတာဖြစ်တယ်။ သူတို့ဘက်ကလည်း အထောက်အထားအပြည့်အစုံတင်ပေးတယ်။ တစ်ဖက်ကလည်း ကျမတို့ိကို ဒီအာမခံနဲ့ပတ်သက်ပြီးဥပဒေအရာရှိ ဆုံးဖြတ်ချက်ဘဲလို့ပြောတယ်။ ဥပဒေအရာရှိဘက်ကလည်း ဒီပုဒ်မက သေဒဏ်၊ တစ်သက်တစ်ကျွန်းချမှတ်လို့ရတဲ့ ဥပဒေမဟုတ်ဘူး။ သက်သေအထောက်ထားခိုင်လုံတဲ့တွက် အာမခံပေးခြင်းဖြစ်တယ်။” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ဒွဲဘူက ပြောသည်။

အဆိုပါအမှုသည် ဧပြီလ ၃ရက်နေ့ Covid-19 အန္တာရယ်ကာကွယ်ရေးတွင် ပူးပေါင်းပါဝင်ရန်ရည်ရွယ်ချက်ဖြင့် မြစ်ကြီးနားဘူတာတိုက်တန်းတွင် ပန်းချီရေးဆွဲခဲ့ရာ ပန်းချီတွင် သေမင်းတမန်ပုံရေးဆွဲရာတွင် သေမင်းတမန်၏ဝတ်ရုံသည် ဗုဒ္ဓဘာသာရဟန်း၏ သင်္ကန်းနဲ့တူညီမှုရှိသည်ဟုဝေဖန်မူများစွာ ရှိခဲ့ပြီးနောက် ပြည်နယ်သာသနာရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးထွန်းမြင့်မှ တရားလိုပြုလုပ်ကာ စွဲဆိုခဲ့ခြင်းဖြစ်သည်။

“ ဒါကတော့ ဥပဒေအရဘဲ ဟိုတစ်ခါကလဲပြောထားပြီးသားလေခု ကိုယ်တို့ဆောင်ရွက်ထားတဲ့အမှုသည် တရားရုံးကိုရောက်နေပြီ။ အဲတွက်ကြောင့်မို့ တရားရုံးကဘဲ ဥပဒေအတိုင်း ဆက်ပြီးဆောင်ရွက်သွားလိမ့်မယ်” လို့ ပြည်နယ်သာသနာရေးဦးစီးဌာနမှ ဒုညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင် ဆိုသည်။

အဆိုပါအမူနဲ့ ပတ်သက်ပြီးလာမည့် မေလ ၅ရက်နေ့တွင် တရာလိုရှေ့နေများနဲ့ တရားစွဲဆိုခံထားရသည့်ဘက်မှရှေ့နေများ သီးသန့်တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှသိရသည်။

“မေလ ၅ရက်နေ့မှာ မူခင်းနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတိုင်ပင်ဖို့ရှိပါတယ်။ မြို့နယ်တရားသူကြီးရုံးမှာ တရားလို တရားလိုရဲ့ရှေ့နေ စွပ်ဆွဲခံရသူဘက်ကလည်း စွပ်ဆွဲခံရသူတွေ သုံးဦးရယ်စွပ်ဆွဲခံရသူဘက်က ရှေ့နေအားလုံး ညှိနိူင်းမှာဖြစ်တယ်။ ဒီအမူကိုဘယ်နေ့ ဘယ်ချိန်တိုင်းတာထဲမှာပြီးပြတ်အောင်ဆောင်ရွက်ကြမလဲဆိုတာ ညှိနိူင်းမှာဖြစ်တယ်။ နောက်ထပ်ရုံးချိန်းကတော့ မေလ ၅ရက်နေ့တွေ့ဆုံပြီးမှ သိရမှာဖြစ်တယ်။” ဟု တရားစွဲဆိုခံထားရသူများ၏ ရှေ့နေဒေါ်ဒွဲဘူက ပြောသည်။

သာသာနာညိုးနွမ်းစေမူပုဒ်မ ၂၉၅(က)ပြစ်မှုသည် ထောင်ဒဏ် ၂နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

Show More

Related Articles

Back to top button