Covid-19 Reportingသတင်း

ကချင်ပြည်နယ်တွင် ထိုင်းပြည်တော်ပြန် အယောက် ၄၀၀ ကျော်ရှိလာ

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် ဇွန်လ ၁၀ ရက်နေ့အထိ ထိုင်းနိုင်ငံမှပြည်တော်ပြန် စုစုပေါင်း ၄၀၀ ကျော်ရှိပြီဟု ပြည်နယ်ကိုရိုနာဗိုင်းရပ်စ်အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

မေလမှစတင်ပြီး ထိုင်းနယ်စပ် မြဝတီမြို့အမှတ် ၂ ဂိတ်မှ ဝင်ရောက်လာသူ ၄၂၅ ဦးနှင့် တနသာၤရီ ထိုင်းနယ်စပ်မှ ပြန်လည်ဝင်ရောက်လာသူများဖြစ်ကြသည်။

“ခုထိုင်းကနေ ပြန်လာတဲ့သူတွေက ဟိုမှာတစ်ပတ်ဝင်ပြီးသားဖြစ်တယ်။ ပြီးတော့ နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်တွေလည်း တစ်ခါစစ်ပြီး အားလုံး Natgative ဖြစ်ပြီမှ ဝင်လာတဲ့သူတွေဖြစ်တယ်။ ဒါပေမယ့် ဒီမှာထပ်ရောက်လာလို့ရှိရင်တော့ သတ်မှတ်ထားတဲ့၂၁ရက် ဝင်ရမယ်။” ဟု Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဒုညွန်ကြားရေးမှူး ဦးတင်လှိုင်ကပြောသည်။

လက်ရှိ ကချင်ပြည်နယ်တွင် တရုတ်နယ်စပ် ကံပိုက်တည်နဲ့လွယ်ဂျယ်ဂိတ်မှ ဝင်လာသူ သူစုစုပေါင်း ၇၀၀၀ကျော်၊ ရှမ်းပြည်နယ်ဘက်မှ ရောက်ရှိလာသူ ၂၄၄ဦး၊ ထိုင်း ၄၂၅ဦး၊ ထိုင်းနယ်စပ် တနင်္သာရီမှ ပြန်လည်ဝင်ရောက်လာသူ ၅၆ဦး၊ မလေးရှား ၆ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၃ဦးရှိနေသည်။

ပြည်တော်ပြန်များကို Quarantine နေရာချထားသည့် စာသင်ကျောင်းများကို ဇွန်လ ၁၃ရက် နောက်ဆုံးအပ်ရမည်ဖြစ်သောကြောင့် လက်ရှိပြန်လည်လျာထားသည့်Quarantine နေရာစုစုပေါင်း ၄၈၀ကျော်ရှိနေသည်ဟု သိရသည်။

ထိုင်းနိုင်ငံ ပြည်တော်ပြန်များသည် ထိုင်းနယ်စပ်တွင် ၁ပတ် Quarantine ဝင်ရောက်ထားပြီးသားဖြစ်သည့်သောကြောင့် မြစ်ကြီးနားသို့ ရောက်လာသူများကို တစ်ပတ်လျှော့ကာ Quarantine ဝင်စေမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက ပြောသည်။

လက်ရှိ ကချင်ပြည်နယ်တွင် နိုင်ငံပေါင်းစုံမှဝင်လာသူ Quarantine စုစုပေါင်း ၉၀၀၀ ကျော် ကျန်နေဆဲဖြစ်သည်ဟုသိရသည်။

ဇွန်လ ၉ရက်နေ့ထိ ကချင်ပြည်နယ်ရှိ လူဦးရေ ၁၈၉၄ ဦး၏ နမူနာကို ရန်ကုန်သို့ပေးပို့ကာ ဓါတ်ခွဲစစ်ဆေးခဲ့ပြီး တစ်ဦးသာ အတည်ပြုဖြစ်ခဲ့ကာ ၁၅၃၁ဦးသည် ပိုးမတွေ့ခဲ့ပါ။ စောင့်ဆိုင်းဆဲလူဦးရေ ၃၆၃ဦးရှိကြောင်း သက်ဆိုင်ရာဌာနမှ သိရသည်။

ပြည်တော်ပြန်များ ရှိနေဆဲဖြစ်သော်လည်း ကချင်ပြည်နယ်တွင် Covid-19 ရောဂါကိုဓါတ်ခွဲစစ်ဆေးရန် စက်တပ်ဆင်မည်မဟုတ်ကြောင်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

 

Show More

Related Articles

Back to top button