သတင်း

KBC ခေါင်းဆောင် Rev. Dr. Hkalam Samson ရဲ့ KIO လိုင်ဇာမှမြစ်ကြီးနား အပြန်လမ်း စစ်ဆေးခံရ

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ခေါင်းဆောင် Rev. Dr. Hkalam Samson သည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO လိုင်ဇာမြို့မှ မြစ်ကြီးနားမြို့သို့ ပြန်လာချိန် Nam San Yang ကျေးရွာတွင် တပ်မတော်မှ ပိတ်ပင်တားဆီးမှုများရှိခဲ့သော်လည်း ပြန်လည်ထွက်ခွာလာနိုင်ပြီဟု သိရသည်။

ကချင်စစ်ရှောင်များနေရပ်ပြန်နိုင်ရေးလုပ်ဆောင်နေသော KHCC အဖွဲ့ခေါင်းဆောင်ဖြစ်သူ Rev.Dr. Hkalam Samson သည် ယခင်က တပ်မတော်နှင့် အစိုးရကို အကြောင်းကြားမှုရှိခဲ့သော်လည်း ယခုအခေါက် မလုပ်နိုင်သဖြင့် စစ်ဆေးခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“အရင်ကတော့ KHCC အနေနဲ့သွားရင် အစိုးရနဲ့ တပ်မတော်ကို အကြောင်းကြားတယ်။ ဒီတစ်ခေါက်တော့ အလုပ်များသွားတော့ မလုပ်နိုင်တော့ဘူး။ ဒီတော့ ပြန်အကြောင်းကြားပြီးမှ ထွက်လာနိုင်ခဲ့တယ်။ အားလုံးအဆင်ပြေပြီ။” ဟု ဆရာဆမ်ဆွန်က ပြောသည်။

Rev.Dr.Hkalam Samson နှင့် KHCC အဖွဲ့သည် လွန်ခဲ့သည့်အပတ် နေပြည်တော်တွင် ပြည်ထောင်စုလူကယ်ပြန်ဝန်ကြီးတို့နှင့် တွေ့ဆုံပြီး ကချင်စစ်ရှောင်များနေရပ်ပြန်နိုင်ရေးအတွက် တတိယအကြိမ်မြောက်သွားရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။

ထို့နောက် မြစ်ကြီးနားမှ ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာမြို့သို့ ဇူလိုင် ၁၆ ရက်နေ့တွင် အစည်းအဝေးအတွက် သွားရောက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“အဲဒီပိတ်မိတဲ့နေ့မှာဘဲ တိုင်းမှူးကိုအကြောင်းကြား၊ ပြည်နယ်အစိုးရကို အကြောင်းကြာ ပြီး နားလည်အောင်ပြောပြတယ်။ ” ဟု ထပ်မံပြောဆိုသည်။

မြစ်ကြီးနား-ဗန်းမော်လမ်းပေါ်ရှိ Nam San Yang ကျေးရွာ ကားဂိတ်မှတဆင့် လိုင်ဇာသို့ ခရီးသွားတွေ ဝင်ထွက်သွားလာနေခြင်းကို တပ်မတော်နဲ့ KIO တို့ နှစ်ဖက်နားလည်မှုနဲ့ ပြုလုပ်နေခြင်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button