အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများကို တောင်းဆိုလိုသည့်အချက်များ
လက်ရှိလွှတ်တော်သက်တမ်းတွင်ပါဝင်နေသော အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်လောင်းများသည် အမျိုးသမီးကဏ္ဍများနှင့်ပတ်သက်သည့် အဆိုတင်ပြမူ ၁ ရာခိုင်နူန်းပင် မတွေ့ရှိကြောင်း အမျိုးသမီးအရေး လုပ်ဆောင်သူများက မှတ်ချက်ပြုပြောဆိုမူများလည်း ရှိနေသည်။
ထို့ကြောင့် ၂၀၂၀ ရွေးကောက်တင်မြောက်ခံထားကြရသည့် ကချင်ပြည်နယ်မှ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမျိုးသမီးအရေး၊ အမျိုသမီးအကြမ်းဖက်မူလျော့ပါးရေးကိစ္စကို အဓိက လုပ်ဆောင်ပေးရန် အမျိုးသမီးအခွင့်အရေးလူပ်ရှားသည့် အရပ်ဘက်အဖွဲ့စည်းများက တောင်းဆိုကြသည်။
“ကျမတို့ အမျိုးသမီး၊မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မူလုပ်ရပ်တွေကို လေးလေးနက်နက်ကို အရေးယူပေးပါလို့ တောင်းဆိုချင်တယ်။ ဖြစ်လာတဲ့ပြဿနာတွေကို အပြောနဲ့မဟုတ်ဘဲလက်တွေ့လုပ်ဆောင်ပေးစေချင်တယ်။ အစတုန်းကတော့ ကျမတို့လည်း ငယ်သေးတဲ့ချိန်မှာတော့ ဒီဟာတွေနဲ့ပတ်သက်ပြီး အသိပညာအဲလောက်မရှိသေးဘူး။ တစ်ချို့နေရာတွေမှာ မိန်းကလေးတွေကို အကြမ်းဖက်တဲ့ဟာမျိုး မုဒိမ်းမူတော့ဖြစ်နေတယ်။ ဒါပေမယ့် အဲကိစ္စတွေကို လုပ်ဆောင်ပေးတဲ့သူတွေက ထိရောက်မူရှိအောင်လုပ်ဆောင်ပေးနိုင်မျိုးမတွေ့ရဘူး။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေကို ပြောချင်ပါတယ် ကျမတို့အမျိုးသမီးအကြမ်းဖက်ခံရတာတွေကို ထိထိရောက်ရောက် အရေးယူပေးနိုင်ဖို့ ကူညီပေးပါ။” ဟု ဇီးလွန်စစ်ရှောင်စခန်းမှ ဒေါ်ထုလွမ်က ဆိုသည်။
ထို့ပြင် လွှတ်တော်သို့ရောက်ရှိမည့် အမျိုးသမီးကိုယ်စားများအနေဖြင့် အမျိုးသမီးအခွင့်ရေးလုပ်ဆောင်ရာတွင် အမျိုးသမီးပြည်သူများ၏ အသံများများနားထောင်ပေးရန်လည်း ၎င်းကဆက်ပြောသည်။
အမျိုးသမီးများသည် အိမ်တွင်းအကြမ်းဖက်မူအပါအဝင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမူစီးပွားဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မူများအတွက် တရားမျှတမူတောင်းဆိုရာတွင် ရင်ဆိုင်ကြုံတွေ့နေရသော စိန်ခေါ်မူများနှင့် လက်ရှိပြဌာန်းထားသော ဥပဒေ၏ အားနည်းချက်ကြောင့် ကျား၊မ အခြေပြု အကြမ်းဖက်ခံရမူသည် တစ်နေ့ထက်တစ်နေ့ပိုမိုများလာကြောင်း အမျိုးသမီးအရေးလူပ်ရှားသည့် အရပ်ဘက်အဖွဲ့စည်းများက ဆိုသည်။
“ကချင်ပြည်နယ်ထဲက လွှတ်တော်ရောက်သွားတဲ့အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေကို ကိုယ့်ကို မဲပေးလိုက်တဲ့ ပြည်သူတွေ၊ အမျိုးသမီးတွေရဲ့အရေးကိစ္စကို လျစ်လျူမရူထားဘဲနဲ့ ကျန်းမာရေး၊ ပညာရေး၊ အစရှိသဖြင့် ဘယ်လိုအတားအဆီးတွေရှိနေပါစေ ခေါင်းဆောင်မူပိုင်းမှာ ပါဝင်လာအော သူတို့က လွှတ်တော်ထဲမှာ အမျိုးသမီးတွေရဲ့အသံကို နားထောင်ပြီးမှ အမျိုးသမီးအရေးလုပ်ဆောင်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော် အဆင့်တွေမှာတော့ ဥပဒေပြုရေးတွေ၊မူဝါဒပြင်ဆင်ရေး ဖြည့်စွက်ရေးတွေကို လုပ်ဆောင်သွားမယ့်သူဖြစ်တဲ့အတွက် အဲဒါခါကျရင် ကျမတို့အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေလည်းဘဲ ထည့်သွင်းစဉ်းစားပြီးတော့မှ အမျိုးသမီးတွေရဲ့မူဝါအရေး ခုဆိုရင် (PoVAW)ခေါ်တဲ့ အမျိုးသမီးအကြမ်းဖက်မူရပ်တန့်ရေးဆိုတဲ့ ပတ်သက်တဲ့ဥပဒေကို ခုထိအတည်မပြုနိုင်သေးဘူး လွန်ခဲ့တဲ့ ၇နှစ် တိုင်တိုင်ရေးဆွဲခဲ့သည့် ဥပဒေကို အမြန်ဆုံးအတည်ပြုပြီးတော့မှ အမျိုးသီးအကြမ်းဖက်လျော့နည်းပပျောက်လာအောင် ကူညီလုပ်ဆောင်ပေးဖို့ တိုက်တွန်းချင်ပါတယ်။” ဟု ထွယ်ဂျန်ဒါဖွံ့ဖြိုးရေးဖာင်ဒေးရှင်းမှ ဒါရိုက်တာ ဒေါ်နန်ပူက ယခုလိုပြောသည်။
ထို့အပြင် အမျိုးသမီးအကြမ်းဖက်မူသည် တစ်နေ့တစ်ခြားပိုမိုများလာနေကြောင်းလည်း ၎င်းကဆက်ပြောသည်။
အဆိုပါဖြစ်စဉ်များအား ခြုံငုံကြည့်မည်ဆိုပါက မြန်မာနိုင်ငံတွင်အကြမ်းဖက်မူ ကျူးလွန်ခံရသည့် အမျိုးသမီးများအား ဥ့ပဒေအရ ကာကွယ်ပေးရာတွင် အလွန်အားနည်းခြင်းသည် မြန်မာနိုင်ငံတွင်အမျိုးသမီးများအပေါ် အကြမ်းဖက်မူနှင့်ပတ်သက်သည့်ဥပဒေ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မူ ဥပဒေအားထည့်သွင်းပြဌာန်းထားခြင်းမရှိဘဲ ရာဇသတ်ကြီးဖြင့်သာ စီရင်ကျင့်သုံးနေခြင်းကြောင့်ဖြစ်သည်။
“အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ထဲရောက်သွားတဲ့ခါမှာ ကိုယ်က အမျိုးသမီးတစ်ယောက်ဖြစ်နေပါလျှက်နဲ့ အမျိုးသမီးတွေရဲ့အခက်ခဲတွေကို သိနေပါရဲ့နဲ့ အမျိုးသမီးကဏ္ဍကို ဘာမှမလုပ်ပေးနိုင်ဘူးဆိုရင်တော့ ဒါကမဟုတ်သေးဘူး။ ကျမတို့လူမူပတ်ဝန်းကျင်မှာတင် အမျိုးသမီးတွေက အဖက်ဖက်ကနေ ဖိနှိပ်ခံနေရတာတွေရှိနေတယ်။ ဒါကြောင့်မို့ ကျမတို့ကိ်ုယ်စား အမျိုးသမီးတွေအားလုံး ဘေးကင်းလုံခြုံဖို့အတွက် လုပ်ဆောင်ပေးပါလို့ပြောချင်ပါတယ်။” လို့ ဝိုင်းမော်ဒေသခံ ဒေါ်မော်မော်စန်းကပြောသည်။
အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမူပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ် (CEDAW) အား မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။
“အမျိုးသမီးတွေအကြမ်းဖက်ခံရတာအပြင် ဘယ်နေရာမှာဖြစ်ဖြစ် ကျမတို့အမျိုးသမီးတွေက ခွဲခြားဆက်ဆံခံရတာတွေ ရှိနေတယ်။ အစည်းအဝေးတိုင်းမှာ အမျိုးသမီးတွေရဲ့ပြောစကားက အသိအမှတ်ပြုခြင်းမခံရဘူး။ အဲကြောင့် ခေါင်းဆောင်မူပိုင်းမှာလည်း အမျိုးသမီးတွေပါဝင်လာဖို့ရမ်းအရေးကြီးတယ်။ ဒါကြောင့် လွှတ်တော်ရောက်မယ့် အမျိုးသမီးတွေအနေနဲ့ အမျိုးသမီးတွေရဲ့ကဏ္ဍမြင့်တင်ပေးနိုင်ရန် အမျိုးသမီးအသံနားထောင်ပြီး လွှတ်တော်မှာတောင်းဆိုပေးကြပါလို့ပြောချင်ပါတယ်။” ဟု ငွေပျော်စံပြကျေးရွာမှ ဒေသခံတစ်ဦးကဆိုသည်။
မြန်မာနိုင်ငံတွင် အမျိုးသမီးအကြမ်းဖက်မူကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် ဥပဒေမူဘောင်တစ်ခုအား ပံ့ပိုးနိုင်ရေးအတွက် အမျိုးသမီးအကြမ်းဖက်မူတားဆီးကာကွယ်ရေးဥပဒေမူကြမ်း (Povaw) အား ၂၀၁၃ ခုနှစ်တွင် အစိုးရ၊အရပ်ဘက်အဖွဲ့အစည်း၊ နိုင်ငံတစ်ကာအဖွဲ့အစည်းများက အတူတစ်ကွစတင်ရေးဆွဲခဲ့ကြသည်။ သို့သော် လက်ရှိချိန်ထိ အဆိုပါဥပဒေမူကြမ်းအား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်မှဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီးကိုယ်စားလှယ်လောင်းသည် ၂၀၁၅ ရွေးကောက်ပွဲထက် ယှဉ်ပြိုင်သူနည်းသော်လည်း အနိုင်ရရှိမူပိုမို များလာကြောင်း တွေ့ရသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ပါတီပေါင်းစုံမှ ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသမီးကိုယ်စားလှယ်လောင်း ၇၀ ကျော်ရှိသည့်သော်လည်း အနိုင်ရရှိသူသည် ၅ ဦးသာ ရှိခဲ့ပြီး ပြီးခဲ့သည့် ၅နှစ်သာ လွှတ်တော်သက်တမ်းတွင် အမျိုးသမီး ၅ ဦး ပါဝင်ခဲ့သည်။