သတင်း

ရှဒူးဇွပ် စစ်တပ်အနီး သွားလာခြင်းမပြုရန် ဒေသခံများကို အာဏာသိမ်းစစ်တပ်က သတိပေး

ဟူးကောင်းချိုင့်ဝှမ်းဒေသ လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်ကျေးရွာဒေသခံများကို မလိုအပ်ဘဲ ကျေးရွာအပြင်််််််််််််််််ထွက်ခြင်းမပြုရန် အာဏာသိမ်းစစ်တပ်က သတိပေးထားသည်ဟု သိရသည်။

ရှဒူးဇွပ်ကျေးရွာအခြေစိုက် ခလရ ၂၉၇ တပ်ရင်းဖြင့် နီးကပ်သော ဆုတောင်းတောင်တွင်သွားလာခြင်းမပြုရန်၊ တောင်ယာမီးမရိူ့ကြရန် ၊ ညအပြင်မထွက်ရန် စသည်တို့ကို အာဏာသိမ်းစစ်တပ်ဘက်က သတိပေးလာသည်ဟု ဝါရာဇွပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း လီဒိုလမ်းမပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိခဲ့သော်လည်း သေနတ်နှင့် ဗုံးသံအချို့ ကြားရကြောင်း ဒေသခံများ ပြောသည်။

ကချင်ပြည်နယ်အနောက်ဘက် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ ၊ မြောက်ဘက် တပ်မဟာ ၁ နယ်မြေ နှင့် ရှမ်းမြောက် တပ်မဟာ ၆ နယ်မြေတို့တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့ကြား တိုက်ပွဲ ပုံမှန်ဖြစ်ပွားနေချိန်ဖြစ်သည်။

 

Show More

Related Articles

Back to top button