,

Breaking News :

ပူတာအိုတွင် အရေပြားရောဂါတစ်မျိုးကြောင့် နွား ကူးစက်သေဆုံးမှု များလာ

အဝေးပြေး ယာဥ်စီးခနှုန်းထား ကျပ် ၇၀၀၀ ထပ်မံ တိုးမြင့်ကောက်ခံမည်

ရှမ်းမြောက်တွင် ကြက်သွန်ဖြူကုန်တင်ကား တိမ်းမှောက်ပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

ဗန်းမောက်နယ် ကျောက်အိုင်ကျေးရွာမှ ဒေသခံ ပြည်သူ ၃၀ ကျော် ဖမ်းဆီးခံထားရ

အင်းတော် လူနေအိမ်အလုံး ၁၀၀ ကျော်ကို စစ်ကောင်စီတပ် မွှေနှောက်ဖျက်ဆီးခဲ့

ဖားကန့်မြို့တွင်း နေရာအချို့တွင် ယခုရက်ပိုင်း Mytel အင်တာနက်လိုင်း ပြန်ရနေ

နမ့်တောင်းအနီး စစ်ကောင်စီတပ်နှင့် ကိုးကန့် MNDAA တို့ တိုက်ပွဲဖြစ်ပွားခဲ့

မြစ်ကြီးနားတွင် ဒလန်ဟု ဆိုရသော အမျိုးသားတစ်ဦး ပစ်သတ်ခံရ

ရှဒူးဇွပ် ပြည်သူ့စစ်အဖွဲ့ ထောင်ထားသော မိုင်းနင်းမိသဖြင့် ပြည်သူ ၂ ဦး ဒဏ်ရာရ

သတ်ဖြတ်မှုမကြာခဏ ဖြစ်ပွားနေသော ဖားကန့်ဒေသအကြောင်း လွှတ်တော်ကိုယ်စားလှယ်ဖြင့် မေးမြန်းခြင်း

ဆွမ်ပရာဘွမ်မြို့နယ်တွင် ငှက်ဖျားရောဂါကြောင့် ဖျားနာသူဦးရေ များပြားနေ

ဆွမ်ပရာဘွမ်ဒေသ ကျန်းမာရေးစောင့်ရှောက် ပေးနေသော Kachin Back Pack လုပ်သားများ

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ် ကျေးလက်ဒေသများတွင် ငှက်ဖျားရောဂါ ကူးစက်ဖျားနမှု များပြားလာသောကြောင့် သေဆုံးမှုအထိရှိလာနေကြောင်း ကချင်နယ်လှည့် ကျန်းမာရေးလုပ်သားအဖွဲ့ ထံမှ သိရသည်။

ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ (Back Pack) သည် ပြီးခဲ့တဲ့အပတ် ဆွမ်ပရာဘွမ်မြို့နယ်သို့ လိုက်လံ ဆေးကုသမှုပေးခဲ့ပြီးနောက် ထိုဒေသရှိပြည်သူများ၏ ကျန်းမာရေးအခြေအနေနှင့်ပတ်သက်ပြီး (Back Pack) အဖွဲ့မှတာဝန်ရှိသူ Mr. Zet မှ ယခုလိုပြောသည်။

“ အယောက် ၁၀၀ ကို စစ်ဆေးရင် ၂၀ က ငှက်ဖျားရောဂါ ဖြစ်နေတယ်။ ငှက်ဖျားစစ်ဆေးတာကို ကျနော်တို့က RDT နဲ့ပဲ စစ်ဆေးတယ်။ ဖျားနာသူ ၁၀၀ မှာ ၂၀ က ငှက်ဖျားရောဂါဖြစ်နေတယ်ဆိုတော့ ကျနော်တို့အတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာတယ်။ ငှက်ဖျားနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းက ကူညီပေးမလဲဆိုတာတွေကို ကျနော်တို့အနေနဲ့ နည်းလမ်းရှာရမဲ့သဘောရှိလာတယ်။ ဒီအရာနဲ့ပတ်သက်ပြီး ကူညီထောက်ပံ့ပေးစေလိုတယ်။”

ဆွမ်ပရာဘွမ်ဒေသ ကျန်းမာရေးစောင့်ရှောက် ပေးနေသော Kachin Back Pack ကျန်းမာရေး လုပ်သားများ

ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ဆွမ်ပီယန်၊ ခင့်ဒူယန် စသည့် ကျေးရွာများတွင် ငှက်ဖျားရောဂါခံစားနေရသူအများအပြားရှိနေပြီး ရောဂါကြောင့် သေဆုံးသူလည်းရှိနေကြောင်း သိရသည်။

ထို့အပြင် ဖျားနာမှုဖြစ်ပွားနေသော နေရာများတွင် ငှက်ဖျားဆေးရှိသော်လည်း ရက်လွန်နေသောကြောင့် NGO အဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံးကူညီပေးသင့်ကြောင်း သူက တိုက်တွန်းပြောဆိုထားသည်။

မြို့နှင့် ဝေးပြီး လမ်းခရီးဝေးလံခေါင်ဖျားသော တောင်ပေါ်ဒေသများဖြစ်သောကြောင့် ၎င်းဒေသများတွင် ကျန်းမာရေး အမြင်ဖွင့်သင်တန်းများ ပေးရန် လိုအပ်နေသည်ဟု Back Pack မှ Mr. Zet က ဆက်ပြောသည်။

ဆွမ်ပရာဘွမ်ဒေသ ကျန်းမာရေးစောင့်ရှောက် ပေးနေသော Kachin Back Pack ကျန်းမာရေး လုပ်သားများ

“အသိပညာ၊ အမြင်ဖွင့်သင်တန်းတွေပေးဖို့ လိုအပ်နေတဲ့ ဒေသတွေက ဘယ်နေရာလည်းဆို ဆွပ်ပရာဘွမ်မြို့နယ်တွင်းရှိ ​ဒေသကျေးလက် ကျေးရွာတွေမှာ အများကြီးလိုအပ်နေတယ်။ ဒါက ကျနော်တို့ကိုယ်တိုင် ရောက်ရှိပြီး သိရတဲ့ အတွေ့အကြုံဖြစ်တယ်။ ကျန်းမာရေးအတွက် ဆေးခန်းမရှိဘူး။ ဆေးရုံမရှိဘူး။ ဖျားနာလာတဲ့အချိန် ဆေးရုံ၊ ဆေးပေးခန်းမရှိတာကြောင့် ဘယ်မှာသွားပြရမလဲ သွားကုရမလဲ သူတို့အတွက် အခက်အခဲကြီးတစ်ခုဖြစ်နေတယ်။ ဒါကြောင့် အဲ့ဘက်ကဒေသခံပြည်သူများအတွက် မဖျားအောင်ပဲ ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတဲ့ အမြင်ဖွင့်သင်းတန်းတွေကို သာ များများလုပ်ဆောင်ပေးနိုင်ရင်တော့ ပိုပြီးတော့ လက်ရှိနိုင်ငံရေး အကြပ်အတည်းကြား ပိုပြီး ထိရောက်၊ အဆင်ပြေတဲ့ ဖြေရှင်းနည်းဖြစ်လိမ့်မယ်လို့ မြင်တယ်။”

ဆွမ်ပရာဘွမ်ဒေသ ကျန်းမာရေးစောင့်ရှောက် ပေးနေသော Kachin Back Pack လုပ်သားများ

ကချင်နယ်လှည့်ကျန်းမာရေးလုပ်သားအဖွဲ့ KBHWT သည် အစိုးရလက်လှမ်းမမှီသော တောင်ပေါ် ကျေးရွာဒေသများတွင် အခမဲ့ ကျန်းမာရေးလိုက်လံစောင့်ရှောက်ပေးနေသော အဖွဲ့တစ်ခု ဖြစ်သည်။

Read Previous

ကချင်ဒေသ မျိုးစေ့များပျောက်ကွယ်သွားရန်လုပ်ဆောင်နေသော တရုတ်မျိုးစေ့များ

Read Next

ကွတ်ခိုင်မြို့အနီး ပစ်ခတ်မှု ဖြစ်ပွား

Leave a Reply

Your email address will not be published.