Year: 2021
-
May- 2021 -13 Mayလူ့အခွင့်အရေးချိုးဖောက်မှု
မိုင်းနင်းသေဆုံးခဲ့သော သားအမိ ၂ ဦးကို မသင်္ကာကြောင်း စစ်တပ်ဘက်က စွပ်စွဲခဲ့
မြစ်ကြီးနားမြို့အဝင် အကဲ (အကျဲ)ကျေးရွာတွင် မိုင်းနင်းမိပြီး ထိခိုက်သေဆုံးခဲ့ရသော သားအမိ ၂ ဦးကို စစ်တပ်က မသင်္ကာမှုဖြင့်စွပ်စွဲခဲ့သော်လည်း ကျေးရွာသားအချို့၏ အာမခံပေးမှုကြောင့် ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။ မေလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်…
Read More » -
13 Mayသတင်း
စင်းခန်းကျေးတွင် တာဝန်ကျသည့် စစစ(စုံစမ်းစစ်ဆေးရေး) တစ်ဦး အသတ်ခံရ
ဗန်းမော်မြို့နယ်၊စင်းခန်းကျေးရွာတွင် တာဝန်ကျသည့် စစစ(စုံစမ်းစစ်ဆေးရေး)တစ်ဦး ရွှေကူမြို့ မင်းကျောင်းကုန်းကျောင်းကျေးရွာတွင် အသတ်ခံလိုက်ရကြောင်း ဒေသခံများ၏ပြောဆိုချက်မှ သိရသည်။ မေလ ၁၀ရက် ည ၁၁နာရီခန့်က မင်းကျောင်းကုန်းကျေးရွာမှ အသက် ၇၀အရွယ် ဦးတင်လှိုင် အသတ်ခံလိုက်ရခြင်းဖြစ်ပြီး ကျေးရွာအနောက်ဘက် သံလမ်းတွင် အလောင်းပစ်ထားသည်ဟု…
Read More » -
12 Mayတိုက်ပွဲ
မြစ်ကြီးနားမြို့အဝင် ဆီဘောက်ဆာယာဉ်တန်းပစ်ခတ်ခံရမှု ထိခိုက်မှုမရှိနိုင်ကြောင်း ဒေသခံများပြော
အာဏာသိမ်းစစ်တပ်၏ တင့်ကာအပြင် စစ်အင်အားအများအပြားဖြင့် လုံခြုံရေးပေးကာ တင်ဆောင်လာသော ဆီသယ်ယာဉ်တန်း မြစ်ကြီးနားမြို့အဝင်တွင် ဗုံးဖေါက်ခွဲမှုခံရသော်လည်း ထိခိုက်ခြင်းမျိုး မရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ နံနက် ၉ နာရီခန့်တွင် နမ္မတီးဘက်မှ တင့်ကား ၃ စီး…
Read More » -
12 Mayသတင်း
နောင်မွန် KBC ဘုရားကျောင်း KIA လက်နက်သိုလှောင်ရုံအဖြစ် USDP ပါတီဝင်များ စွပ်စွဲပြောဆို
ပူတာအိုခရိုင် နောင်မွန်မြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဘုရားကျောင်းကို KIA ၏ လက်နက်သိုလှောင်ရုံဖြစ်ကြောင်းနှင့် ဝန်ထမ်းများကိုလည်း KIA အမှုထမ်းများဖြစ်သည်ဟု ထိုဒေသရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP အဖွဲ့က စွပ်စွဲပြောဆိုနေကြောင်း ဒေသခံများ၏ ပြောဆိုချက်မှ သိရသည်။ ယခုလ…
Read More » -
12 Mayလူ့အခွင့်အရေးချိုးဖောက်မှု
ဖားကန့်တွင် လက်ဖက်ရည်ဆိုင် ပိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးတရားစွဲ
ဖားကန့်မြို့ လုံးခင်းရပ်ကွက်ရှိ ရာစုသစ် လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီးကို ဆိုင်ဖွင့်နေချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကာ လက်ရှိတွင် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။ “မနက် (၈) နာရီလောက်က ရဲတွေရောက်လာတယ်။ အစတော့…
Read More » -
12 Mayတိုက်ပွဲ
နောင်ကွမ်ကျေးရွာအနီး အာဏာသိမ်းစစ်တပ်စခန်းဘက်တွင် KIA နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့
မိုးမောက်မြို့နယ် မြို့သစ်ကုန်းလော အနောက်ဘက် နောင်ကွမ် နှင့် မခွယ် ကျေးရွာဘက် အာဏာသိမ်းစစ်တပ်၏ ခမရ (၄၃၈) တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။ မေလ ၁၁ ရက်ည ၇နာရီခွဲဝန်းကျင်ခန့်က…
Read More » -
11 Mayလူ့အခွင့်အရေးချိုးဖောက်မှု
နမ္မတီးတွင် အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေ၊ ၃ ဦးထိခိုက်ဒဏ်ရာရ
နမ္မတီးမြို့တွင် အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မူကြောင့်သေဆုံးခဲ့ရသော ပြည်သူတစ်ဦးမှာ မြစ်ကြီးနား ကြာရာပတီး ရပ်ကွက် (B) တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။ အသက်(၂၂)အရွယ် လဂျူ ဂျာဂွန်းတန် ဆိုသောလူငယ်ဖြစ်ကာ နမ္မတီးတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး မေလ ၁၀ ရက်ည…
Read More » -
11 Mayတိုက်ပွဲ
ရွှေကူတွင် ပစ်ခံရသည့် စစ်တပ်ရိက္ခာသယ် သင်္ဘောတစ်စီး ဒုတိယမြစ်ကျဉ်းတွင် ထပ်မံ ပစ်ခတ်ခံရ
ရွှေကူမှ ဗန်းမော်မြို့သို့ ဆန်တက်လာသော အာဏာသိမ်းစစ်တပ်၏ စစ်လက်နက်နှင့် စားနပ်ရိက္ခာတင်ဆောင်လာသည့် သင်္ဘောကို ရွှေကူမြို့နယ်အတွင်း ဒုတိယမြစ်ကျဉ်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ခတ်ခဲ့ကြောင်း သိရသည်။ မေလ ၁၁ရက် ယနေ့ နံနက် ၄နာရီခန့်က ရွှေကူမြို့…
Read More » -
11 Mayတိုက်ပွဲ
မံစီမြို့အနီးတဝိုက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ
ဗန်းမော်ခရိုင် မံစီမြို့မှ ၅မိုင်ခန့် အကွာရှိ မဒန်ယန် ကျေးရွာအနီးတွင် စစ်ကောင်စီတပ်မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှိရာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “လက်နက်ကြီးနဲ့ပါ ပစ်နေကြတာ မနက် ၇နာရီကျော်ကနေ ခုထိပစ်နေတုန်း သေနတ်သံတွေလည်း…
Read More » -
11 Mayတိုက်ပွဲ
အလော့ဘွမ်တောင်ခြေ ဒေါ့ဖုန်းယန်မြို့အနီးတွင် အာဏာသိမ်းစစ်တပ်နှင့် KIA တိုက်ပွဲဖြစ်ပွားခဲ့
အလောဘွမ့်တောင်ခြေ ဒေါ့ဖုန်းယန်မြို့အနီးတွင် အာဏာသိမ်းစစ်တပ် ယာဉ်တန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မေလ ၁၀ ရက် မွန်းလွဲပိုင်းတွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဒေါ့ဖုန်းယန်နှင့် နွမ်လန့်ကြားရှိ လွယ်ဂျော်ဘွမ့်တွင် အာဏာသိမ်းစစ်တပ်၏ စစ်အင်အားသယ်ဆောင်လာသည့် တရုတ်…
Read More »









