,

Breaking News :

ဖားကန့်တွင် ဆယ်နှစ်အောက် ကလေး ၄ဦးအပါ ပြည်သူ ၂၀ ကျော်ဖမ်းဆီးခံထားရဆဲ

စစ်အာအားအပြည့်တင်ဆောင်လာသည့် ၁၂ ဘီးကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မန်ခိန် အ.ထ.က ကျောင်းတွင် ဆိုင်ကယ်ခိုးမှု မကြာခဏကြုံတွေ့နေရ

မြောင်တွင် စစ်ကောင်စီ နှင့် ပျူစောထီးအဖွဲ့များတိုက်ခိုက်ခံရပြီး ၂ဦး သေဆုံး

အင်းတော်တွင် ကလေးအပါအဝင် အရပ်သား ၁၀ ဦး စစ်ကောင်စီ က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်

KIO စစ်ရှောင်စခန်းတချို့တွင် ဝမ်းပျက်ရောဂါ ခံစားနေရ

ဗန်းမောက်နယ် ၄ ရက်ကြာတိုက်ပွဲ စစ်ကောင်စီဘက် မှ အကျအဆုံးများပြီး ၆ ဦး ကို အရှင်ဖမ်းမိ

ဗန်းမော်တွင် ဖမ်းဆီးခံရသည့် ပြည်သူ ၉ ဦးအနက် ၄ ဦးတရားစွဲဆိုခံရ

ကျဆုံး ဒဏ်ရာရသော PDF များကို NUG အစိုးရမှ ကျပ် သုံးသောင်း ထောက်ပံ့ရန် ညွန်ကြားသည့် ထုတ်ပြန်ချက်အတု ပြန့်နှံနေ

မိုးတား‌လေးအနီး စစ်သင်္ဘောတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ် မှ ဒေသခံများကို ဖမ်းဆီးစစ်ဆေးနေ

နမ္မတီးတွင် အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေ၊ ၃ ဦးထိခိုက်ဒဏ်ရာရ

နမ္မတီးမြို့တွင် အကြမ်းဖက်စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မူကြောင့်သေဆုံးခဲ့ရသော ပြည်သူတစ်ဦးမှာ မြစ်ကြီးနား ကြာရာပတီး ရပ်ကွက် (B) တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

အသက်(၂၂)အရွယ် လဂျူ ဂျာဂွန်းတန် ဆိုသောလူငယ်ဖြစ်ကာ နမ္မတီးတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး မေလ ၁၀ ရက်ည ၉နာရီဝန်းကျင် တွင် ပစ်သတ်ခံရခြင်းဖြစ်သည်။

“သေတဲ့သူရဲ့အလောင်းက မြစ်ကြီးနားကဆိုတော့ မြစ်ကြီးနားက သူတို့မိဘတွေကို အလောင်းလာထုတ်ယူဖို့ ပြောထားပြီလို့ သိရတယ်။ ရဲတွေနဲ့ညှိနိူင်းလို့ရလို့ ရင်ခွဲရုံကနေ ထုတ်ယူဖို့ ခွင့်ပြုချက်ရပြီလို့ သိရတယ်။” ဟု ဒေသခံတစ်ဦးကပြောသည်။

ယမန်ည ၈ နာရီဝန်းကျင်မှစကာ နမ္မတီးမြို့ ငွေမောင်းရပ်ကွက်နှင့် တံတားဦးရပ်ကွက်ပိုင်းတွင် စစ်တပ်က သေနတ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သောကြောင့် ပြည်သူ ၄ ဦးကျည်ထိမှန်ခဲ့သည့်အနက် တစ်ဦးသေဆုံးကာ  ၃ ဦးဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်အာဏာသိမ်းစစ်တပ်သည် မိုးကောင်းမြို့တွင်လည်း မေလ ၉ ရက်ညက သေနတ် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read Previous

ရွှေကူတွင် ပစ်ခံရသည့် စစ်တပ်ရိက္ခာသယ် သင်္ဘောတစ်စီး ဒုတိယမြစ်ကျဉ်းတွင် ထပ်မံ ပစ်ခတ်ခံရ

Read Next

နောင်ကွမ်ကျေးရွာအနီး အာဏာသိမ်းစစ်တပ်စခန်းဘက်တွင် KIA နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့

Leave a Reply

Your email address will not be published.