လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဖားကန့်တွင် လက်ဖက်ရည်ဆိုင် ပိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးတရားစွဲ

ဖားကန့်မြို့ လုံးခင်းရပ်ကွက်ရှိ ရာစုသစ် လက်ဖက်ရည်ဆိုင်ပိုင်ရှင် အမျိုးသမီးကို ဆိုင်ဖွင့်နေချိန်တွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားကာ လက်ရှိတွင် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

“မနက် (၈) နာရီလောက်က ရဲတွေရောက်လာတယ်။ အစတော့ သပိတ်အဖွဲ့ကိုလာစောင့်‌တာလို့ထင်တာ။ နောက်မိုးရွာလာတော့ ဆိုင်ထဲဝင်သွားတာဆိုတော့ ဪ လက်ဖက်ရည် ဝင်သောက်တာလားလို့ ဘယ်ဟုတ်မလဲ။ အရင်တစ်ခေါက်က သပိတ်အဖွဲ့တွေ လာအပ်ထားတဲ့ ဦးထုပ်၊ ခမောက်တွေ လက်ကိုင် ဆိုင်းဘုတ်တွေ အလံတိုင်စိုက်တဲ့ပိုက်လုံးတွေ၊ ဝါးလုံးတွေ ပြီးတော့ လက်ကိုင်ဆိုင်းဘုတ်တွေ့တော့ အဲဒါတွေလည်း သိမ်းသွားတယ်။ ပြီးတော့ အမျိုးသမီးကိုလည်း ဖမ်းခေါ်သွားတယ်။” ဟု မိသားစုဝင်တစ်ဦး က ပြောသည်။

အသက် (၅၁) နှစ်အရွယ် ဒေါ်ဝါဝါကို သပိတ်စစ်ကြောင်းတွင်ကိုင်ဆောင်သည့် ဆိုင်းဘုတ်၊ ဦးထုပ်များ တွေ့ရှိခြင်းကြောင့် လုံးခင်း ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သိရသည်။

ဖားကန့်မြို့တွင် စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၈ရက်နေ့မှစကာ သပိတ်စစ်ကြောင်းများအား ရဲနဲ့စစ်သားများက ပစ်ခတ် ဖြိုခွင်းခဲ့သဖြင့် အပြစ်မဲ့ ပြည်သူ ၃ ဦး သေဆုံးကာ ၂၀ဦးထက်မနည်း ဖမ်းဆီးခံထားရဆဲဖြစ်သည်။

ဆန္ဒဖော်ထုတ်ပြည်သူများကို ပစ်သတ်မှုကြောင့် ဖားကန့်ရှိ ရဲစခန်းနှင့် စစ်တပ်ကုန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်ဖျက်စီးမှုများ ပြုလုပ်ခဲ့ဖူးသည်။

Show More

Related Articles

Back to top button