တိုက်ပွဲသတင်း

နောင်ကွမ်ကျေးရွာအနီး အာဏာသိမ်းစစ်တပ်စခန်းဘက်တွင် KIA နှင့် ပစ်ခတ်မှုဖြစ်ပွားခဲ့

မိုးမောက်မြို့နယ် မြို့သစ်ကုန်းလော အနောက်ဘက် နောင်ကွမ် နှင့် မခွယ် ကျေးရွာဘက် အာဏာသိမ်းစစ်တပ်၏ ခမရ (၄၃၈) တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သွားရောက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

မေလ ၁၁ ရက်ည ၇နာရီခွဲဝန်းကျင်ခန့်က ၂ ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ည ၉နာရီလောက်အထိ ပစ်ခတ်ကြတယ်။ လက်နက်အကြီးအသေးအကုန်ကြားရတယ်။ စခန်းသိမ်းတဲ့သွားအထိတော့ မဟုတ်ဘူး။ စစ်တပ်ဘက် စစ်အင်အားအရမ်းများလာတော့ သွားပစ်တဲ့သဘောလောက်ဘဲရှိတယ်။ ထိခိုက်ဒဏ်ရာရတာက အတိအကျမသိရဘူး” ဟု ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်ဘက်သည် အလောဘွမ့်တောင်ကို ပြန်လည်တိုက်ခိုက်ရန်အတွက် ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ကုန်းလော၊ နွမ်းလန့် စသောနေရာများတွင် စစ်အင်အား ၂၀၀၀ ခန့် တိုးချဲ့ထားသည့်အတွက် KIA က ပြန်လည်တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု သူကသုံးသပ် ပြောဆိုသည်။

မေလ ၁၁ ရက်နေ့ကလည်း မံစီမြို့နယ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၂၇ ဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့သလို၊ အလော့ဘွမ်ဘက်ကိုလည်း ဂျက်တိုက်လေယာဉ်ဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

Show More

Related Articles

Back to top button