မံစီမြို့အနီးတဝိုက် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

ဗန်းမော်ခရိုင် မံစီမြို့မှ ၅မိုင်ခန့် အကွာရှိ မဒန်ယန် ကျေးရွာအနီးတွင် စစ်ကောင်စီတပ်မှ ကချင်လွတ်လပ်ရေးတပ်မတော် KIA ရှိရာဘက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လက်နက်ကြီးနဲ့ပါ ပစ်နေကြတာ မနက် ၇နာရီကျော်ကနေ ခုထိပစ်နေတုန်း သေနတ်သံတွေလည်း ကြားနေရတယ်။” ဟု ဒေသခံတစ်ဦးက ပြောသည်။

မံစီမြို့ အခြေစိုက် အာဏာသိမ်းစစ်တပ် ခမရ ၃၁၉ နှင့် KIA က  လက်နက်ကြီး ဖြင့် အပြန်အလှန် ပစ်ခတ်ကာ တိုက်ပွဲများ ပြင်းထန်နေကြောင်း သိရသည်။

ထို့အတူ မိုးမောက်မြို့နယ် ၃မိုင်အကွာ ဒဂေါကျေးရွာတွင် ယနေ့နံနက် ၈နာရီဝန်းကျင်မှစကာ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

 

Show More
Back to top button