သတင်း

ဟိုပင် နန့်ရင်းဘက် စစ်ရေးတင်းမာမှုကြောင့် ပြည်သူများ စျေးဆိုင်ပိတ်ထားရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းကျေးရွာဘက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ PDF နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေး ဆက်လက်တင်းမာနေသောကြောင့် နန့်ရင်းကျေးရွာပြည်သူများက ​စျေးဆိုင်များ ပိတ်ထားရကြောင်း သိရသည်။

ဟိုပင်မြို့နှင့် နှစ်မိုင်ခန့်ကွာဝေးသည့် နန့်ရင်းကျေးရွာ ချောင်းတစ်ဖက်ကမ်းတွင် မတ်လ ၁၉ ရက်မနက်ပိုင်း နှင့် ၂၀ ရက် ည ကိုးနာရီအချိန်တွင် ပတ်ခတ်သံများ ဖြစ်ပွားခဲ့ပြီးနောက် ထိုနေရာနဲ့ နီးစပ်သည့် နန့်ရင်းကျေးရွာနေ ပြည်သူများက စျေးဆိုင်များ ပိတ်ထားပြီး တိုက်ပွဲပိုမို ပြင်းထန်လာမည်ကို စိုးရိမ်နေရကြောင်း ပြည်သူတစ်ဦးက KNG သတင်းဌာနသို့ ပြောသည်။

“မနေ့က ညကိုးနာရီခွဲ ဆယ်နာရီဝန်းကျင်လောက်မှာ ပစ်ခတ်သံတွေထပ်ကြားရတယ်။ လက်နက် ကြီးပစ်ခတ်သံတွေကော ကြားရတယ် သိပ်တော့မကြာဘူး ခဏလောက်ပဲ ပစ်သံတွေကြားရတာက ပြည်သူတွေပြေးတာလွှာတာတော့လောလောဆယ်မရှိသေးဘူး။ ဒါ ပေမယ့်နန့်ရင်းနဲ့နန့်ရင်းဘက်က ရွာလေးတွေကျတော့ ဆိုင်တွေဘာတွေတာ့ ပိတ်ထားကြတယ်” ဟု နန့်ရင်းကျေးရွာနေ ပြည်သူတစ်ဦးက ပြောသည်။

နန့်ရင်းကျေးရွာနှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာနေပြည်သူများသည် မတ်လ ၁၉ ရက်နေ့ကတည်းက စျေးဆိုင်များ ပိတ်ထားရပြီး တိုက်ပွဲခြေအနေ ပိုဆိုးလာမည်ကိုလည်း စိုးရိမ်နေရကြောင်း ပြောသည်။

အလားတူ မတ်လ ၂၀ ရက်နေ့မှ စတင်ကာ ဟိုပင်မြို့နယ်အတွင်းရှိ တောင်ယာလုပ်ကိုင်သူများနှင့် စီးပွားရေး လုပ်ကိုင်သူများသည် စစ်ရေးတင်းမာနေသည့် ကာလအတွင်း နန့်ရင်းချောင်းတစ်ဖက်ကမ်းရှိ အရှေ့တောင်ဘက် တစ်‌လျှောက်တွင် ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းများထောင်ထားပါသ ဖြင့် သွားလာခြင်းမပြုကြရန်လည်း တားမြစ်ထုတ်ပြန်ထားသည်။

မတ်လ ၁၉ ရက်နေ့တွင် စစ်ကောင်စီတပ်သား အင်အား ၂၀၀ ခန့်သည် နန့်ရင်းချောင်းတစ်ဘက်ကမ်း သို့ စစ်ကြောင်းထိုးလာရာမှ KIA၊ PDF တို့ဖြင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အလားတူ မတ်လ ၁၉ရက်နေ့ နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ဝင်/အထွက်ဂိတ် ၂၁ မိုင်ဂိတ်ကို ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်တို့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်ကအထိ နာခဲ့သည်။

Show More

Related Articles

Back to top button