,

Breaking News :

ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို

ဖားကန့်တွင် လုပ်ကွက်ဟောင်းတွင်းထဲ ပြုတ်ကျသေဆုံးခဲ့သည့် မိသားစု ၃ ဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းပြန်တွေ့ရှိ

မြစ်ကြီးနားနဲ့ ဖားကန့် မြို့နေရာတွေမှာ စစ်ကောင်စီ စစ်ဆေးရေးပိုမိုတင်းကြပ်နေသည့်အတွက် သွားလာရေးအခက်တွေ့နေ

စစ်ကိုင်းနှင့် ထိစပ်သည့် KIA တပ်မဟာ ၈ ၊ ၉ ဒေသများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်

အသည်းနှလုံးတွေကိုဖျက်စီးသွားစေတဲ့အရာ

ပြည်သူ့ စစ်စခန်းသို့ ဝင်ရောက်စီးနင်းချိန် TNLA တပ်ဖွဲ့က ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့

ကန့်ဘလူနယ်တွင် ကျေးရွာ ၅ခု မီးရှို့ဖျက်ဆီးခံရကာ ပြည်သူ ၈ ထောင်ကျော် ထွက်ပြေးနေရ

ရွှေကူနယ်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်ပွာလာမည်ကို ဒေသခံများစိုးရိမ်

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

အင်းတော် Silent Strike နေ့ ဖမ်းဆီးခံရသည့် အမျိုးသားလွတ်မြောက်လာခြင်းမရှိသေး

ဗန်းမော် တက္ကသိုလ်ရှေ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

ဗန်းမော် တက္ကသိုလ်ကျောင်းရှေ့ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲခံရသည့် မြင်ကွင်း Photo – Crd

ဗန်းမော်မြို့ တက္ကသိုလ်ဝင်းရှေ့ ယနေ့နံနက် ၈ နာရီ ဝန်းကျင်ခန့်တွင် စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ စစ်ယာဉ်တန်းသည် မိုးမောက်မြို့ဘက်မှ ဆင်းလာချိန် ဗန်းမော်မြို့အဝင် နမ့်ဖားကျေးရွာရှိ ဗန်းမော် တက္ကသိုလ် ကျောင်းရှေ့တွင် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရကြောင်း ဗန်းမော်မြို့နေ အမျိုးသားတစ်ဦး ပြောသည်။

”အသံတော့ အကျယ်ကြီးပဲကြားလိုက်တယ်။ နောက်မှ စစ်ယာဥ်တန်းမိုင်းဆွဲခံရတာလို့ သိရတာ ဖြတ်သွားတာတော့ ဆယ်စီးလောက်ရှိမယ် အင်အားများတယ်” ဟု ၎င်းကပြောသည်။

အဆိုပါမိုင်းဆွဲခံရမှုတွင် ထိခိုက်မှုရှိနိုင်ကြောင်း သုံးသပ်ပြောဆိုနေကြသော်လည်း အထိအခိုက်သေးစိတ်ကို စုံစမ်းနေဆဲ ဖြစ်သည်။

အလားတူ ဗန်းမော်မြို့တွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ကလည်း စစ်ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ရဲမှူးတစ်ဦးနှင့် ဒေသခံတစ်ဦး မိုင်းထိ သေဆုံးခဲ့သည်။

Read Previous

ခင်ဦးမြို့နယ် လူနေအိမ် ၁၀၀ ကျော် ထပ်မံမီးရှို့ ဖျက်ဆီးခံရပြီး ပြည်သူ ၂၀၀၀ ကျော်လည်း ထွက်ပြေးနေရ

Read Next

ကချင် စစ်ကိုင်းနယ်စပ် စစ်ဆေးရေးဂိတ် ၂ ခုကို အင်းတော် PDF က တိုက်ခိုက်သဖြင့် ၄ ဦး သေဆုံး