,

Breaking News :

မဲဇာရဲစခန်းရှေ့ အမျိုးသားတစ်ဦး ပစ်သတ်ခံရမှုဖြစ်ပွား

ရေဦးတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦး ထိခိုက် သေဆုံးပြီး PDF ဘက်က ၃ ဦးကျဆုံးဟုဆို

ဖားကန့်တွင် လုပ်ကွက်ဟောင်းတွင်းထဲ ပြုတ်ကျသေဆုံးခဲ့သည့် မိသားစု ၃ ဦးအနက် အမျိုးသမီးဖြစ်သူ၏ ရုပ်အလောင်းပြန်တွေ့ရှိ

မြစ်ကြီးနားနဲ့ ဖားကန့် မြို့နေရာတွေမှာ စစ်ကောင်စီ စစ်ဆေးရေးပိုမိုတင်းကြပ်နေသည့်အတွက် သွားလာရေးအခက်တွေ့နေ

စစ်ကိုင်းနှင့် ထိစပ်သည့် KIA တပ်မဟာ ၈ ၊ ၉ ဒေသများတွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်

အသည်းနှလုံးတွေကိုဖျက်စီးသွားစေတဲ့အရာ

ပြည်သူ့ စစ်စခန်းသို့ ဝင်ရောက်စီးနင်းချိန် TNLA တပ်ဖွဲ့က ဒေသခံများကို လူသားဒိုင်းအဖြစ် အသုံးပြုခဲ့

ကန့်ဘလူနယ်တွင် ကျေးရွာ ၅ခု မီးရှို့ဖျက်ဆီးခံရကာ ပြည်သူ ၈ ထောင်ကျော် ထွက်ပြေးနေရ

ရွှေကူနယ်တွင် စစ်ကောင်စီတပ် ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲဖြစ်ပွာလာမည်ကို ဒေသခံများစိုးရိမ်

စစ်တပ်ထုတ်ပြန်ထားတဲ့ မာရှယ်လောဟာ တော်လှန်ရေးအင်အားစုအတွက် ဘာမှအကျိုးသက်ရောက်မှုရှိမှာမဟုတ်ဘူးလို့ တော်လှန်ရေးအင်အားစုတွေပြော

ဖားကန့်တွင် ပြင်းထန်ဒဏ်ရာရရှိသူများ သွေးလွန်သေဆုံးမှုဆက်ရှိနေ၊ ဆေးကုသခွင့် ညှိနှိုင်းပြေလည်မှုမရှိ

ဖားကန့်မြို့နယ် ကံဆီးတံတားနှင့် ဗုံးကျဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသည့် ပြည်သူများ

စစ်ကောင်စီတပ် ဗုံးကျဲတိုက်ခိုက်ခဲ့သည့် KIA တပ်မဟာ () နယ်မြေဘက်မှ ဒဏ်ရာရရှိသူများကို အချိန်မှီကုသခွင့်မရရှိသေးသည့်အတွက် သေဆုံးမှုထပ်တိုးနေဆဲဖြစ်ပြီး ပြည်သူ ၁၀၀ ကျော်ခန့်က ကံဆီးဂိတ်တွင် အောက်တိုဘာလ ၂၅ ရက် ယနေ့ အထိ ပိတ်ဆို့ခံထားရဆဲဖြစ်သည်ဟု သိရသည်။

ဒဏ်ရာရရှိသူများကို ကယ်ထုတ်နိုင်ရန်အတွက် ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ PCG ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ KBC တို့ စစ်ကောင်စီတပ်ဖွဲ့နှင့် ညှိနှိုင်းမှုခဲ့သော်လည်း ပြေလည်မှုမရရှိခဲ့ကြောင်း ဖားကန့် ဒေသခံ ကချင်ပြည်သူတစ်ဦးကပြောသည်။

အောက်တိုဘာလ ၂၃ရက်နေ့ ဗုံးကျဲတိုက်ခိုက်ခံရသည့် ညတွင် သေဆုံးသူ ၅၈ ဦးအထိရှိခဲ့ပြီး အောက်တိုဘာလ ၂၅ ရက် ယနေ့နံနက်ပိုင်းအထိ ဒဏ်ရာရရှိသူများ ဆက်တိုးသေဆုံးမှု ၈၀ ကျော်လာပြီဟု ဆေးကုသခွင့်ရရှိအောင် ဆောင်ရွက်နေသည့် KIA နှင့်နီးစပ်သူ ပြည်သူတစ်ဦးက KNG ကို ယနေံနက်ပိုင်း အတည်ပြုပြောဆိုသည်။

အခုက ထပ်ပြီးသေဆုံးတဲ့သူတွေရှိတယ် တစ်ချို့က ခြေပြတ် လက်ပြတ် နဲ့ဆိုတော့ ဆေးအချိန်မှီမကုသနိုင်တော့ သွေးလွန်ပြီးသေဆုံးကြတာ။ ဆေးရုံတင်ကုသခွင့် ရဖို့တော့ ထပ်ပြီး ဆွေးနွေးဖို့မရှိတော့ဘူးလို့လည်းသိရတယ်။ မနေ့ကအထိ ကချင်ရိုးရာလူကြီးတွေနဲ့ KBC က တာဝန်ရှိသူတွေ PCG တွေတက်ပြီး ညှိကြတာ အဆင်မပြေကြဘူးလေ။ အဲ့ကြောင့် ထပ်ဆွေးနွေးဖို့တော့ဘူးတဲ့ဟုပြောဆိုသည်။

လက်ရှိအခြေနေမှာ စစ်ကောင်စီဘက်မှ ဆေးကုသခွင့်မရအောင် ပိတ်ဆို့ထားသည့်အပြင် KIA တပ်မဟာ () နယ်မြေအတွင်းသို့ ကျန်းမာရေးသွားရောက်ကူညီလိုသူများကိုလည်း ပိတ်ဆို့ခံထားရသည်ဟုလည်းသိရသည်။

စစ်ကောင်စီဘက်မှ ဆေးကုသ သယ်ယူခွင့်မရအောင် ပိတ်ဆို့ထားသည်မှာ ၎င်းတို့၏ လုပ်ရပ်ပေါ် အလွန်စိုးရိမ်နေသည့်အတွက်  ယခုလိုလုပ်ဆောင်နေခြင်းဖြစ်သည် ဟု ဖားကန့် ဒေသခံ ကချင်ပြည်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

အခုက ဒီမှာ ဘယ်လိုမှ ညှိလို့ အဆင်ပြေမှာမဟုတ်ဘူး စစ်တပ်ကလည်း ခွင့်ပြုမှာမဟုတ်ဘူး။ အထဲမှာ ထိခိုက်ဒဏ်ရာ ရရှိထားတဲ့သူတွေကအရမ်းများနေတာ့ သူတို့ အရှက်ကွဲမှာ ကြောက်နေကြတာ အဲ့ကြောင့် အဝင်အထွက်အားလုံးပိတ်ထားတာဟုတ်တယ်။ သူတို့လုပ်ရပ်က အကုန်သိသွားမှာကြောက်နေလို့ပဲ မြင်တယ်ဟုပြောဆိုသည်။

စစ်ကောင်စီအဖွဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ရုပ်အလောင်းများကို ယနေ့တွင် ဖားကန့်မြို့နယ် ကံဆီးကျေးရွာအထက်ရှိ ဘော်ဆာဒီးဘက်တွင် သဂြိုလ်ရန် စီစဉ်နေသည်ဟု လည်းသူကဆက်ဆိုသည်။

အောက်တိုဘာလ ၂၃ ရက်နေ့ ၈ နာရီဝန်းကျင်တွင် အောက်တိုဘာလ ၂၅ ရက် ယနေ့ကျရောက်သည့် ၆၂ နှစ်ပြည့် KIO နေ့အထိမ်းအမှတ်အတွက် အနန့်ပါ (A Nang Pa) ကွင်းပြင်နေရာတွင် တေးဂီတများဖြင့် ကြိုဆိုပွဲပြုလုပ်နေစဉ် စစ်ကောင်စီဘက်မှ ဂျက်လေယာဉ် ၃ စီးဖြင့် ပွဲနေရာအတွင်းသို့ ဗုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Read Previous

ဖားကန့်တွင် ဒဏ်ရာပြင်းထန်ရရှိသူများ ကယ်ဆယ်ခွင့်ပိတ်ဆို့ခံထားရဆဲ၊ သေဆုံးသူ ရုပ်အလောင်းများ ၈၀ ကျော်အထိတွေ့ရှိ

Read Next

စစ်လှေမှောက်ထဲပါသွားသည့် စစ်ကောင်စီ လက်နက်များ ဒေသခံများကို အတင်းအကြပ်ဆယ်ယူခိုင်း