သတင်း

မိုးမောက် ၁၅ မိုင်ရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဖမ်းဆီးခံရ

မိုးမောက်မြို့နယ် ၁၅ မိုင်ရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးဂျန်မာဂမ်မော်ကို စစ်ကောင်စီတပ်က နေအိမ်အတွင်းမှ လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက် ၇ နာရီဝန်းကျင် မိုးမောက်အခြေစိုက် ခလရ ၄၃၇ တပ်မှ စစ်ကောင်စီတပ်များသည် ၁၅ မိုင်ကျေးရွာမှ အုပ်ချုပ်ရေးမှူးဟောင်း ဦးဂျန်မာဂမ်အောင်နှင့် ဦးလမာယော်ထုံ ၂ဦးအား နေအိမ်မှ လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

၂ ယောက်စလုံးက အိမ်ကနေလာဖမ်းသွားတာ ဒါပေမယ့် ဦးလမာယောထုံက အသက်လည်းအရမ်းကြီးနေလို့လားမသိ မနေ့ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်ဟု မိုးမောက်ဒေသခံ တစ်ဦးကပြောသည်။

‌‌ဖမ်းဆီးသွားသည့် အဆိုပါ ၂ ဦးအနက် အသက် ၇၀ ဝန်းကျင်ရှိ ဦးလမာယော်ထုံကို ပြန်လွှတ်ပေးခဲ့သော်လည်း အုပ်ချုပ်ရေးမှူးဟောင်း ဦးဂျန်မာဂမ်မော်ကိုမူ ဗန်းမော်ဘက်သို့ လွှဲပြောင်းလိုက်ပြီဟု သတင်းများထွက်ပေါ်နေပြီး လက်ရှိချိန်ထိ မိသားစုဝင်များနှင့်လည်း ဆက်သွယ်မရသေးကြောင်း သိရသည်။

ဘာကြောင့်ဖမ်းသွားတာလဲဆိုတာလဲ ဘာမှမသိရဘူး  ပြီးတော့ ခုကဗန်းမော်ဘက်ကို လွှဲလိုက်ပြီလို့ပြောနေကြတယ်ဟုဒေသခံအမျိုးသမီး ၁ဦးကပြောသည်။

မိုးမောက်မြို့နယ်တွင် စစ်ကောင်စီတပ်နဲ့ KIA တပ်တို့ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့မှစကာ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသဖြစ်ပြီး လက်ရှိချိန်ထိလည်း စစ်ရေးတင်းမာနေဆဲဖြစ်သည်။

Show More

Related Articles

Back to top button