သတင်း

NLD ပါတီဝင် နေအိမ်များကို စစ်ကောင်စီတပ်မှ လိုက်လံမီးရှို့နေ

ကသာမြို့နယ် မိုးတားလေးတိုက်နယ် တိုက်ကုန်းရပ်ကွက်ရှိ NLD ပါတီဝင် နေအိမ်များကို စစ်ကောင်စီတပ် မှ လိုက်လံမီးရှို့နေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်မ ၇၇ နှင့် ABDSF  KPDF ပူးပေါင်းတပ်တို့ကြား ဇန်နဝါရီလ ၁၉ ရက်နေ့မှ  ၂၃ ရက်နေ့ထိ ၄ ရက်ကြာတိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သည် ‌NLD ပါတီဝင်နေအိမ်များကို လိုက်လံမီးရှို့နေကြောင်း ဒေသခံများ ပြောသည်။

သူတို့ဝင်ချင်တဲ့ မိုးတားလေးရွာမဆိုတာက တိုက်ကုန်းဖြတ်ပြီးရင် ဘုန်းကြီးကျောင်းတွေ တောလမ်းလေးတွေဖြတ်ပြီးမှ စည်ကားတဲ့ ရွာလမ်းမကြီးကိုရောက်တာ အဲဒီကို မဝင်နိုင်လို့ ရွာဦး ရပ်ကွက်ဖြစ်တဲ့ တိုက်ကုန်းရပ်ကွက်က NLD ပါတီဝင်တွေရဲ့ နေအိမ်ရှို့နေတာ အစိမ်းအိမ်လေးပါကုန်ပြီဟုအမည်မဖော်လိုသည့် မိုးတားလေးဒေသခံ အမျိုးသမီးက ပြောသည်။

စစ်ကောင်စီတပ်မ ၇၇ သည် ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ ရက်နေ့မှစကာ ရွှေကူမြို့နယ် ကျောက်ကြီးကျေးရွာမှ မိုးတားလေးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာရာမှ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မိုးတားလေးကျေးရွာအနီး ထိတွေ့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားသည့်‌နေရာအပြင် မိုးတားလေးကျေးရွာသို့ လေယာဉ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံအမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၁ ဦး သေဆုံးကာ ၇ ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

အဆိုပါတိုက်ပွဲသည် ၄ ရက်ခန့်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ဗျူဟာမှူးတစ်ဦးအပါအဝင် ၃၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ABSDF မှ ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ KPDF မှ တစ်ဦး ကျဆုံးခဲ့သည်။

ထို့အပြင် လက်ရှိအချိန်ထိလည်း စစ်ကောင်စီတပ် တိုက်ကုန်းရပ်ကွက်မှ နေအိမ်များ လိုက်လံမီးရှို့နေဆဲဖြစ်ကြောင်း သိရသည်။

ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသည့် မိုးတားလေးတိုက်နယ်တွင် စစ်ကောင်စီတပ် နှင့် KIA  ဒေသကာကွယ်ရေးတပ်ပူးပေါင်းတပ်တို့အကြား မကြာခနဆိုသလို တိုက်ပွဲဖြစ်ပွားနေသည်။

Show More

Related Articles

Back to top button