လူ့အခွင့်အရေးချိုးဖောက်မှုသတင်း

ဝက်လက်မှာ စျေးသည်အမျိုးသမီးတွေအပါအဝင် ၇ ဦးပစ်သတ်ခံရ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သမရိုးရွာနားမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မူကြောင့် ဈေးသည်အမျိူးသမီးများအပါအဝင် အရပ်သား ၇ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာသာကြီးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ မနေ့ကမနက်ပိုင်း ၄နာရီဝန်းမှာ သမ္မရိုးရွာဘက်ကို စစ်ကြောင်းထွက်လာချိန်လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတွေ သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတစ်ဦးက KNG ကိုပြောပါတယ်။

“သူတို့ကရွာသာကြီးမှာတပ်စွဲညအိပ်တာ အဲ့ကနေမနက်၄နာရီလောက် စစ်ကြောင်းပြန်ထွက်တော့ ဈေးသည် တွေကလည်းမနက်၅နာရီလောက်ဆို ဈေးထွက်ရောင်းတာဗျ အဲ့မှာသူတို့သမ္မာရိုးရွာအရောက်မှာ ပတ်လည်ကို ပတ်ပစ်တာ အဲ့မှာဈေးသည်တွေသွားမှန်တာ ပွဲချင်းပြီးသေကုန်တာပဲ”လို့ ပြောပါတယ်။

ယမန်နေ့ဇူလိုင်လ ၆ရက်နေ့က စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မူကြောင့် သေဆုံးခဲ့သည့်ဝက်လက်ဒေသခံများ
ယမန်နေ့ဇူလိုင်လ ၆ရက်နေ့က စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မူကြောင့် သေဆုံးခဲ့သည့်ဝက်လက်ဒေသခံများ

ဒေသခံဈေးသည်တွေဟာ သမ္မရိုးရွာနဲ့ကတို့ကိုင်းကျေးရွာတွေကဖြစ်ပြီး ရွှေပန်းကုန်းဘက်ကို သုံးဘီး၊ဆိုင်ကယ်တွေနဲ့ နေ့တိုင်း ဈေးရောင်းဖို့သွားနေကြတဲ့သူတွေ ဖြစ်တယ်လို့ ဝက်လက်သတင်းမှန် ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပစ်ခတ်ခံရမူကြောင့် သေဆုံးခဲ့ရတဲ့ဒေသခံတွေဟာ သမ္မရိုးရွာမှ ဒေါ်နှင်းလှိုင်၅၀နှစ်၊ဒေါ်အေးနုဝင်း၄၀နှစ်၊ ဒေါ်မွေလီ၄၀နှစ်၊ ဦးဖိုးလွင်၅၀နှစ်၊ ဦးသိန်းလှိုင်၆၀နှစ်၊ ကတို့ကိုင်းကျေးရွာမှဒေါ်ဖြူ၄၀နှစ်၊ ရွှေပန်းကုန်းရွာမှ ကိုမိုးဝေ၃၀နှစ်တို့ဖြစ်တယ် လို့သိရပါတယ်။

အဲ့ဒီနောက်ပိုင်း စစ်ကြောင်းဟာ သမ္မရိုးကျေးရွာက ဒေသခံပြည်သူ ၁၄ဦးကိုဓားစာခံအဖြစ်ဖမ်းဆီးပြီး စစ်ကြောင်းပြန်လည်ထွက်ခွာခဲ့တယ်လို့ဝက်လက်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတစ် ဦးကအခုလိုပြောပါတယ်။

“အဲ့ဒီအဖွဲ့ဟာ မနက်၇နာရီလောက်မှာ သမ္မရိုးရွာကနေ အမျိုးသား၁၄ယောက်ကိုဖမ်းပြီးအရာတော်ငွေတွင်း ပျူရွာအထိခေါ်သွားတယ် ငွေတွင်းပျူရွာအရောက်မှာ ၁၃ယောက်ကိုပြန်လွှတ်ပြီးတော့ တစ်ယောက်ကိုတော့ဒီနေ့ထိဖမ်းထားတယ်”အဲ့ဒီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ဇူလိုင်၅ရက်နေ့က ရွှေဘိုဘက်ကနေ ထွက်ခွာလာတဲ့စစ်ကြောင်းဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကဆိုပါတယ်။

ယမန်နေ့ဇူလိုင်လ ၆ရက်နေ့က စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မူကြောင့် သေဆုံးခဲ့သည့်ဝက်လက်ဒေသခံများ
ယမန်နေ့ဇူလိုင်လ ၆ရက်နေ့က စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မူကြောင့် သေဆုံးခဲ့သည့်ဝက်လက်ဒေသခံများ

အဲ့ဒီ အရာတော်ငွေတွင်းပျူရွာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ၅ရက်နေ့မှာ ကာကွယ်ရေးတပ်တွေရဲ့ ဝင်ရောက်တိုက်ခိုက်ခံခဲ့ရတဲ့အတွက် ပျူစောထီးနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင်အရပ်သားပြည်သူတစ်ချို့လည်း သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဒီမိုကရေစီလှုပ်ရှားသူနဲ့အရပ်သား ပြည်သူ ၃၇၀၀ ကျော် သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဇူလိုင်လ၅ရက်နေ့မှထုတ်ပြန်ခဲ့ပါတယ်။

Show More

Related Articles

Back to top button