တိုက်ပွဲသတင်း

အရာတော်မှာ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိနေ


စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမူတွေရှိတယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေထံကသိရပါတယ်။

ဇူလိုင် ၁၀ရက်နေ့ မနေ့ကမနက်ပိုင်း၄နာရီလောက်မှာ မြင်းမူကနေအင်အား၁၀၀ကျော်ပါတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာ အရာတော်နယ်ထဲကကျေးရွာတွေကိုဝင်ရောက်တပ်စွဲခဲ့ရာမှ တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်တယ်လို့ Danger Force LPDFမှတာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

“မြင်းမူနဲ့အရာတော်နဲ့အစပ်မှာဖြစ်နေတာ မနေ့ကမနက်ခင်းအစောကြီးရောက်တာ မနေ့ကတော့ထိတွေ့ မူ၄ကြိမ်ဖြစ်တယ်။ သူတို့ကရွာ ၃ရွာမှာဖြန့်ပြီးအထိုင်ချထားတာတိုက်ပွဲကဒီနေ့လည်းဖြစ်နေတာ တိုက်ပွဲကတော့ ပြင်းထန်ပါတယ်အခြေနေအသေးစိတ်ကိုတော့အတည်မပြုနိုင်သေးပါဘူး”လို့ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဘက်က ဒီကနေ့နေ့လည်၁၂နာရီခန့်မှာလည်း ဂျက်ဖိုက်တာဝဲပြီးစောင့်ကြည့်နေတဲ့အတွက် လေကြောင်းအန္တရာယ်ကိုစိုးရိမ်နေရတယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ အရာတော်နဲ့မြင်းမူအစပ် အရာတော်နယ်ထဲကမလဲသာ၊ညောင်ပင်သာနဲ့ကံရင်း ရွာတွေမှာဖြန့်ပြီးတပ်စွဲထားတဲ့အပြင်ဒီကနေ့မနက်ပိုင်း၇နာရီလောက်မှာတော့ အဲ့ဒီသုံးရွာလုံးကို အစဥ် လိုက်မီးတင်ရှို့နေတယ်လို့ဒေသတွင်းသတင်းဌာနအရာတော်ပို့စ်ကတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒီနေ့ရွာသုံးရွာကို မီးရှို့တယ် မလဲသာနဲ့ညောင်ပင်ရွာကိုအရင်ရှို့တာ မနက်၁၀နာရီလောက်ကျတော့ကံရင်း ရွာကို ဝင်ပြီးရှို့တယ် အခြေနေအသေးစိတ်တော့မသိရသေးပါဘူး ရွာတွေကိုမီးရှို့တယ်ဒေသခံတွေပြေးနေ ရတယ် စစ်ကြောင်းထွက်သွားမှအခြေနေကိုသိရပါမယ်”လို့ပြောပါတယ်။

လက်ရှိအခြေနေတွေကြောင့် မလဲသာ၊ကံရင်းနဲ့ညောင်ပင်ရွာအနီးပတ်ဝန်းကျင်က ဒေသခံထောင်နဲ့ချီ ဘေးလွှတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ကိုင်းတိုင်းမှာဒေသခံ၇သိန်းခွဲကျော်ဘေးလွှတ်ရာသို့အိုးအိမ်စွန့်ခွာထွက် ပြေးနေကြရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမူဆိုင်ရာပေါင်းစပ်ညှိနှုင်းရေးရုံး(UN OCHA)က ပြီးခဲ့တဲ့လဇွန်လ၁၃ရက်နေ့ကထုတ်ပြန်ထားပါတယ်။

Show More

Related Articles

Back to top button