သတင်း

ဖားကန့်မြို့ပတ်လမ်းမကြီးမှာ ၁၂ဘီးယာဉ်တစ်စီးတိမ်းမှောက်

ဖားကန့်မြို့ပတ်လမ်းမကြီးရဲ့အပေါ်လမ်းမှာ ယနေ့ ဇူလိုင်လ ၁၈ ရက်၊နေ့လည် ၁၂ နာရီဝန်းကျင်လောက်မှာ ကုန်ပစ္စည်းအပြည့်တင်လာတဲ့ ၁၂ဘီးယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ ၁၂ ဘီးယာဉ်ဟာ အရှိန်မထိမ်းနိုင်ဘဲ လမ်းဘေးရှိ ဈေးဆိုင်များနဲ့တံတိုင်းများ၊ဈေးဆိုင်ရှေ့ မှာရပ်ထားတဲ့ ဆိုင်ကယ်နှစ်စီးနှင့်အတူ လမ်းဘေးမီးတိုင်များကိုပါ တိုက်မိထားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက အခုလိုပြောပါတယ်။

 “လူထိခိုက်မိတာတော့ မရှိဘူး၊ကားဒရိုင်ဘာကိုတော့ ရဲစခန်းကို ခေါ်သွားတယ်လို့ သိရတယ်”ဟု ပြောပြပါတယ်။

photo- ဖားကန့်မြို့ပတ်လမ်းမှာတိမ်းမှောက်တဲ့ ၁၂ ဘီးကား
photo- ဖားကန့်မြို့ပတ်လမ်းမှာတိမ်းမှောက်တဲ့ ၁၂ ဘီးကား

ကုန်တင် ၁၂ ဘီးယာဉ်တိမ်းမှောက်ပြီးနောက် ဖားကန့်မြို့တွင်းသို့ သွားလာနိုင်တဲ့ ဖားကန့်မြို့ပတ်လမ်း(အပေါ်လမ်း)အား ယာယီပိတ်ထားရပြီး၊မြို့ပါတ်လမ်း(အောက်လမ်း)ကိုသာ အသုံးပြုနေကြတာကို တွေ့ရပါတယ်။

ဖားကန့်မြို့တွင်းသို့ ကုန်ပစ္စည်းအပြည့်တင်ဆောင်လာသည့် ယာဉ်ကြီးတွေကို ညနေ ၆း၀၀ နာရီနောက်ပိုင်း ညအချိန်များမှသာ ဖြတ်သန်းခွင့်ပြုထားကြောင်း သိရပြီး အခု ယာဉ်ကြီးများအနေဖြင့် အချိန်မရွေး ဖားကန့်မြို့တွင်းသို့ ဝင်၊ထွက် သွားလာနေတာဟာ ဖားကန့်မြို့တွင်းမှာနေထိုင်တဲ့ ပြည်သူတွေအတွက် အန္တရယ်ရှိတယ်လို့ ဒေသခံတွေက သုံးသပ်ကြပါတယ်။

“ဖားကန့်မြို့ထဲကို ယာဉ်ကြီးတွေက ညအချိန်တွေမှ ဖြတ်သန်းခွင့်ပြုထားတာပါ၊အခုက အချိန်မရွေး ဖြတ်သန်းသွားလာနေကြတာကို တွေ့လာရတယ်”လို့ ဖားကန့်မြို့ပေါ်က မြိုမိမြို့ဖတစ်ဦးက ပြောပါတယ်။

photo- ဖားကန့်မြို့ပတ်လမ်းမှာတိမ်းမှောက်တဲ့ ၁၂ ဘီးကား
photo- ဖားကန့်မြို့ပတ်လမ်းမှာတိမ်းမှောက်တဲ့ ၁၂ ဘီးကား

ယင်းကဲ့သို့ ယာဉ်ကြီးများအား ဖားကန့်မြို့တွင်းသို့ နေ့လည်ပိုင်းအချိန်များ ဝင်ရောက်လာမှုကြောင့် ယာဉ်လမ်းကြောပိတ်ဆို့မှုများ မကြာခဏဖြစ်ပေါ်နေတဲ့အတွက်၊ကုန်ပစ္စည်းတင်ယာဉ်ကြီးများအား ညအချိန်မှသာ မြို့ထဲဝင်ရောက်စေလိုကြောင်း ယာဉ်မောင်းသူများအနေနဲ့မြို့တွင်း သတိထားမောင်းနှင်ကြဖို့ကိုလည်း ဖားကန့်နေပြည်သူတွေက ပြောပါတယ်။

photo- ဖားကန့်မြို့ပတ်လမ်းမှာတိမ်းမှောက်တဲ့ ၁၂ ဘီးကား
photo- ဖားကန့်မြို့ပတ်လမ်းမှာတိမ်းမှောက်တဲ့ ၁၂ ဘီးကား

By; NY

Show More

Related Articles

Back to top button