သတင်းဆောင်းပါး

မူးယစ်ဆေးသမားတွေကို တပ်သတင်းပေးအဖြစ် အသုံးနေချတဲ့စစ်တပ်

ကချင်- စစ်ကိုင်းအစပ်မှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း အလွတ်လပ်ဆုံးသူတွေကိုညွှန်းပါဆိုရင် မူးယစ်ဆေးဝါးရောင်းချတဲ့သူတွေနဲ့သုံးစွဲတဲ့သူတွေလို့ပဲ ညွန်းချင်ပါတယ်။

“ ဖိုးသမားတွေကိုခေါ် ခေါ်ပြီးတော့မှ ဆေးဖိုးဘာဖိုးတွေပေး သူတို့လိုချင်တဲ့သတင်းတွေကိုယူခိုင်းလုပ်နေတာ”လို့ စစ်ကိုင်းတိုင်း အင်းတော်နယ် အောင်းကုန်းရွာက လအသက် ၄၆ နှစ်ဦးအောင်(အမည်လွဲ)က ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ တပ်မ ၇၇ နှင့် တပ်မ ၈၈ တပ်တွေဟာ အင်းတော်နယ်မှာရှိတဲ့ နန့်သာရွာနဲ့ မော်တိတ်ရွာအနီးပတ်ဝန်းကျင်ရွာတွေမှာ ပြီးခဲ့တဲ့ မတ်လကတည်းကနေ တပ်စွဲနေထိုင်နေပြီးတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို တပ်သတင်းပေးအနေနဲ့ သိသိသာသာအသုံးပြုလာနေတာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

မူးယစ်ဆေးသမားတွေဟာ ရွာထဲကသတင်းတွေ စစ်တပ်ကိုသတင်းသွားပေးတဲ့အပြင် စစ်ကောင်စီတပ်ကလည်း မူးယစ်ဆေးသမားတွေရဲ့ပြောစကားတွေအတိုင်း လိုက်လုပ်ပေးတာ မူးယစ်ဆေးသမားတွေ ညွှန်ပြတဲ့နေအိမ်တွေကိုလည်း မီးလိုက်ရှို့ပေးတာတွေ ဆက်တိုက်လုပ်ဆောင်လာတဲ့အတွက် ဒေသခံတွေအတွက် အဖက်ဖက်မှ ထိခိုက်နစ်နာမှု စိုးရိမ်မှုတွေများစွာရှိလာတယ်လို့ ပြောပါတယ်။

အင်းတော်နယ်တောင်ပိုင်း မော်တိတ်ဒေသထဲမှာရှိတဲ့ ကျေးရွာပေါင်း ၁၀ ရွာကျော်မှာ ATS ပုံစံ ဆေးပြား၊ ဘိန်းဖြူနှင့် အခြားမူးယစ်ဆေးစွဲတဲ့လူဦးရေက ၁၀၀နီးပါးအထိရှိပြီး အဲ့ထဲမှာ အများစုက အသက် ၁၇ ၊ ၁၈ နှစ် ကျောင်းနေအရွယ်တွေ နဲ့ အသက် ၂၀ ကျော် ဝန်းကျင်တွေအများဆုံးဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ကျောင်းနေအရွယ်ကလေးတွေဟာ ကျောင်းနေရမယ့်အစား ရွာထဲမှာအုပ်စုလိုက်ဖွဲ့ပြီး နေထိုင်သလို စစ်သားတွေပေးတဲ့မူးယစ်ဆေးသုံးပြီးတော့ အင်းတော်နယ်ထဲက တော်လှန်ရေးမှာပါဝင်နေသူတွေရဲ့ နာမည်စာရင်းတွေအပြင် တော်လှန်ရေးမှာမပါဝင်တဲ့သူတွေရဲ့ နာမည်တွေကိုလည်း သတင်းအမှားပေးတာတွေကြောင့် သာမာန်အရပ်သားပြည်သူတွေလည်း ခုနောက်ပိုင်း PDF လို့စွပ်စွဲပြီး ဖမ်းခံထားရတာတွေလည်းရှိနေတယ်လို့ဒေသခံတွေက ဆီကနေသိရပါတယ်။

“ဟိုနေ့က အမျိုးသားနှစ်ယောက်ကို ပီဒီအက်ဆိုပြီး သတင်းမှားပေးလို့ဖမ်းတာတစ်ယောက်က ဆေးချမှန်းသိ တော့ သူတို့ဆီခေါ်ထားလိုက်တော့တာ တစ်ယောက်ကတော့ပြန်လွတ်လာတယ်ပီဒီအက်မဟုတ်လို့တဲ့” လို့ ပြန်လွတ်လာသူနဲ့ရင်းနှီးတဲ့ တုံ့တော်ဒေသခံ အမျိုးသားတစ်ယောက်ကပြောပါတယ်။

အာဏာသိမ်းပြီးနောက် အင်းတော်နယ်ထဲအထိုင်ချထားတဲ့စစ်ကောင်စီစစ်တပ်ဂိတ်တွေမှာတော့ မူးယစ်ဆေးသုံးစွဲသူတွေကို အစစ်အဆေးမရှိဖြတ်သန်းသွားလာခွင့်ပြုထားပြီး သာမာန်အရပ်သားပြည်သူတွေကို တော့အစစ်အဆေးတင်းကြပ်ထားတဲ့အပြင် မသင်္ကာသူတွေကို ဖမ်းဆီး၊သတ်ဖြတ်တာမျိုးတွေလည်း လုပ်နေ တာဖြစ်ပါတယ်။

ဒါ့အပြင် မူးယစ်ဆေးစွဲနေတဲ့သူတွေဟာ တောတောင်တွေနဲ့ ရပ်ရွာတွေထဲမှာ ပုံမှန်လည့်လည် သတင်းရယူတာမျိုးရှိနေတာကြောင့် ကာကွယ်တပ်တွေအနေနဲ့လည်း စစ်ရေး လှုပ်ရှားဖို့ခက်ခဲလာတဲ့အပြင် ရေချိုးသွားဖို့တောင် အဲ့ဒီမူးယစ်ဆေးစွဲသူတွေနဲ့မတိုးမိအောင်ရှောင်ကွေးပြီး သွားလာနေရတဲ့ အခြေအနေတွေကို အင်းတော်ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်က ခုလိုရင်ဖွင့်ပြောဆိုလာပါတယ်။

“ကာကွယ်ရေးတပ်တွေရေချိုးသွားမယ်ဆိုရင်တောင်မှ သူတို့က ချောင်းတာ ရေချိုးသွားပြီဆို သူတို့က သတင်းပေးတော့ စစ်ကောင်စီတွေက လက်နက်ကြီးတွေနဲ့လှမ်းထုအဲ့လို လုပ်တာ၊ လှုပ်ရှားဖို့ခက်ခဲလာတာပေါ့ “ လို့သူက ပြောပါတယ်။

ဒေသခံတွေဆီက စုံစမ်းထားချက်အရ ဒီနှစ်မတ်လနောက်ပိုင်း မူးယစ်ဆေးစွဲသူတွေဟာ ထွက်ပြေးတိမ်းရှောင်နေတဲ့ အောင်းကုန်း၊တုံ့တော်၊ နန့်သာ၊အစရှိတဲ့ ကျေးရွာတွေထဲက တန်ဖိုးကြီးပစ္စည်တွေး သာမက မီးကြိုး သံတိုသံစတွေက အစခိုးယူပြီး ဆေးဖို့အတွက် ငွေကြေးရှာတာတွေလုပ်လာလို့ ဒေသခံတွေပိုခက်ခဲ လာနေတာဖြစ်ပါတယ်။

အင်းတော် ကာကွယ်ရေးတပ်တွေအနေနဲ့ မူးယစ်ဆေးစွဲနေတဲ့သူတွေကို ထိရောက်တဲ့ အရေးယူမှုတွေနဲ့ မူးယစ်ဆေးစွဲသူတွေ လျော့ကျသွားအောင် လုပ်ဆောင်ဖို့ ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်းလောက် စီမံချက်ရှိ ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် မလုပ်နိုင်ပဲ ရပ်နားလိုက်ရတာဖြစ်တယ်လို့ အင်းတော် PDF ကဆိုပါတယ်။

“အရင်တုန်းကတော့ ဆိုးဆိုးဝါးဝါးမဖြစ်ခင်တုန်းကတော့ လုပ်မလို့စဉ်စားထားတယ် ဆေးမသုံးစွဲအောင် ဖမ်းမိရင်တောင် သူတို့ချုပ်ပြီး မက်သာတုံးတိုက်ဖို့ဘာညာပေါ့ ဒါပေမယ့်နောက်ပိုင်းအခြေအနေအမျိုး မျိုးပြောင်းသွားတော့ မလုပ်ဖြစ်တော့ဘူး” ဒါကတော့ အင်းတော် PDF ထဲက တာဝန်ရှိသူတစ်ယောက်ပြောဆိုထားတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ကချင်ပြည်နယ်ရဲ့မြို့ကြီးတွေဖြစ်တဲ့ မြစ်ကြီးနားမြို့၊ဖားကန့်မြို့၊ ဗန်းမော်မြို့၊ တနိုင်းမြို့၊ ပူတာအိုမြို့လို မြို့ကြီးတွေမှာ လောင်းကစားဝိုင်း၊မူးယစ်ဆေးဝါးတွေကို စစ်တပ်က မျက်ကွယ်ပြုပြီး လွတ်လပ်စွာလုပ်လပ်စွာလုပ်ကိုင်ခွင့်ပြုနေတာဟာ တစ်ဖက်မှာ စစ်တပ်က ဒီမူးယစ်လောင်းကစားဝိုင်းတွေကနေ အကျိုးအမြတ်ရနေတာကြောင့်ဖြစ်တယ်လို့လည်း မြစ်ကြီးနားမြို့မှာနေထိုင်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က မူးယစ်ဆေးဝါးရောင်းချတာကိုကုန်စိမ်းရောင်းသလိုမျိုးလွယ်လင့်တကူ ခွင့်ပြုနေတာရယ် လောင်ကစားဝိုင်းတွေ နေရာအနှံ့ဖွင့်လှစ်ခွင့်ပြုနေတာရယ်နှင့် Bar တွေ ၊ Night Club တွေ ပေါများလာနေတာဟာ အနာဂတ်လူငယ်တွေကို နိုင်ငံရေးနှင့် ဝေးသွားအောင်လုပ်ဆောင်နိုင်တဲ့ စစ်ကောင်စီရဲ့အားကောင်းတဲ့နည်းဗျူ ဟာလို့ဆိုရင် မမှားနိင်ပါဘူး။

နယ်သာလန်နိုင်ငံမှာ အခြေစိုက်ထားတဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Transnational Institue(TNI) အဖွဲ့ရဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ ပေါ်မှာ အမ်ဖက်တမင်ပုံစံ စိတ်ကြွဆေး(ATS) အများဆုံးထုတ်လုပ်တဲ့နိုင်ငံတွေကထဲက တစ်ခုအဖြစ် စာရင်းဝင်ထားတယ်လို့ သိရပါတတယ်။

 စစ်ကောင်စီရဲ့ အာဏာရှင်ဆန်တဲ့ အစိုးရခေတ်မှာတော့ မူးယစ်ဆေးဝါးရောင်းချတာတွေကို ကုန်စိမ်း ရောင်းသလိုမျိုးလွယ်လင့်တကူခွင့်ပြုထားတာကြောင့် သုံးစွဲသူတွေ တစ်နေ့ထက်တစ်နေ့ ပိုပိုတိုးလာ နေတာ မျက်မြင်ပဲဖြစ်ပါတယ်။အထက်မှာ ဖော်ပြထားတဲ့ (TNI) အဖွဲ့ရဲ့ စာရင်းတွေအရတော့ မြန်မာပြည်ထဲမှာ ATS ပုံစံ မူးယစ်ဆေးသုံးစွဲသူ ၉ သန်းကျော်၊ ဘိန်းဖြူသုံးစွဲသူ ၃ဒသမ၂၉ သန်းကျော်နှင့် အခြား မူးယစ်ဆေးသုံးစွဲတဲ့လူဦးရေက ၃သန်းကျော်အထိရှိတယ်လို့သိရပါတယ်။

လက်ရှိမှာတော့ အင်းတော်နယ်ထဲက မူးယစ်ဆေးစွဲသူတွေကို စစ်သားတွေကလည်း သတင်းရယူခိုင်းဖို့ အတွက် ချော့ပေါင်းနေရသလို သူတို့နဲ့ အဆင်မပြေသူတွေကိုလည်း စစ်ကောင်စီတပ်က အကြမ်းဖက်တာတွေလုပ်နေတာကြောင့် ဒေသခံတွေကလည်း မူးယစ်ဆေးစွဲသူတွေကို ချော့ပေါင်းနေရတာကြောင့် လတ်တလောသူတို့တွေက အင်းတော်နယ်မှာ ဆရာကြီးတွေလို့ဆိုချင်ပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းနေကြတဲ့ အဲ့ဒီမူးယစ်ဆေးစွဲ သူတွေဟာ အင်းတော်နယ်ထဲက ဒေသခံတွေပဲဖြစ်ကြတာကြောင့် လက်ရှိခံနေရတဲ့ ဒေသခံတွေဟာ တော်လှန်ရေးကြီးပြီးသွားရင်သော်လည်းကောင်း ၊ စစ်ကြောင်း တပ်ရုပ်သိမ်းသွား ရင်သော်လည်းကောင်း ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဆောင်သွားဖို့ တော်လှန်ရေး မှာပါဝင်နေတဲ့ ဒေသခံတွေက သူတို့(မူးယစ်ဆေးစွဲသူများ)ရဲ့ နာမည်စာရင်းတွေကိုပြုစု ထားပါတယ်။

အင်းတော်မြို့နယ်ဟာ စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့မြို့နယ်ဖြစ်ပြီး စစ်တပ်ကအာဏသိမ်းပြီးနောက် အရပ်သားဖမ်းဆီးခံရမှုများစွာရှိနေပမယ့် မူးယစ်ဆေးသုံးစွဲနေသူတွေတော့ လွတ်လွတ်လပ်လပ်သွားလာလို့ ရနေကြပါတယ်။

Show More

Related Articles

Back to top button