သတင်း

အင်းတော်နယ်တိုက်ပွဲတွင်း စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ကားသမားတစ်ဦးသေဆုံး

စစ်ကိုင်းဒေသကြီး အင်းတော်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲကြား စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြောင့် ကားသမားတစ်ဦး သေဆုံးပြီး ၂ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အင်းတော်ဘက်ကနေ နဘားကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၈၈ လက်အောင်ခံ ခမရ ၄၁၆ တပ်နှင့် ကာကွယ်ရေးတပ်ဖွဲ့တွေ ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့ မနက် ၆ နာရီအချိန် နဘားလမ်းဆုံမှာကာကွယ်ရေးတပ်ဘက်ကနေ စောင့်ကြိုတိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အင်းတော်ကာကွယ်ရေးတပ်က ဆိုပါတယ်။

အဲဒီနောက် တိုက်ပွဲဖြစ်နေချိန်တွင်းမှာဘဲ စစ်ကောင်စီတပ်က အရပ်သားကားတစ်စီးကိုပစ်ခတ်လိုက်လို့ သေဆုံးမှုရှိခဲ့တာဖြစ်တယ်လို့ Indaw ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။

ပစ်ခတ်မှုကတော့ခနပါပဲ ကျွန်တော်တို့ဘက် ကလက်နက်ကြီး သုံးလေးလုံးနဲ့ ပစ်တာသူတို့ကတော့ လက်နက််ငယ်တွေနဲ့ပြန်ပစ်တာပေါ့အဲ့ချိန် ဖြတ်သွားတဲ့ကားကိုသူတို့က တားတာရပ်မပေးလို့ ပစ်လိုက်တာ ကားသမားတော့ပွဲချင်းပြီးပဲ ၂ယောက်က ဒဏ်ရာရတယ်လို့ ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ကားဟာ အင်းတော်ကနေ မန္တလေးဘက်ကိုဆင်းတဲ့ Light Truck ကားအမျိုးအစားဖြစ်ပြီး ပတ်ခတ်ခံရတဲ့ အင်းတော်ဒေသခံ အမျိူးသားသုံးဦးရဲ့အမည်ကိုတော့စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကြောင်းကတော့ နဘားလမ်းဆုံဘက်ကိုထွက်သွားတယ်တဲ့ ဒဏ်ရာရသွားတဲ့ ပြည်သူ နှစ်ယောက်ကိုတော့ ကသာဆေးရုံကိုချက်ချင်း ပို့လိုက်တယ်တဲ့ အခုဖြစ်တဲ့နေရာက နဘားနဲ့ ၇ နဖာလုံလောက်ပဲဝေးတာလို့ အင်းတော်ဒေသခံအမျိူးသားတစ်ဦးကပြောပါတယ်။

အင်းတော်နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုကြောင့် လက်ရှိအချိန်ထိ သေဆုံးသူ ပြည်သူ ၃၀ ဦးထက်မနည်းရှိလာပြီဖြစ်ပါတယ်။

စစ်ကောင်စီဟာ အင်းတော်နယ်ကို စစ်အုပ်ချုပ်ရေးကြေငြာထားပြီး အပြည့်အဝ ထိန်းချုပ်ဖို့ကြိုးစားနေတာဖြစ်ပြီး ကျေးရွာတစ်ချို့မှာဝင်ရောက်တပ်စွဲနေထိုင်နေတာလည်းဖြစ်ပါတယ်။

Show More

Related Articles

Back to top button