စစ်ပြေးဒုက္ခသည်များသတင်း

ကလေးမြို့နယ်ထဲက စစ်ဘေးရှောင်များစားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီတွေ အရေးပေါ် လိုအပ်နေ

စစ်ကိုင်းတိုင်း ကလေးမြို့နယ် ကြံသာရွာ နဲ့ ဟံသာဝတီကျေးရွာတွေက ဒေသခံတွေ စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုမှာ စားနပ်ရိက္ခာနဲ့ဆေးဝါးအကူညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ စစ်ဘေး ရှောင်ကူညီနေသူ ကိုသူရိန်ဇင်ဆီကသိရပါတယ်။

ကလေးနယ်ထဲမှာ စစ်ဘေးရှောင်တွေက တော်တော်များတယ် တစ်ချို့တွေဆို ဆန်ပြုတ်ပဲသောက် နေရတာတွေရှိတယ် အခုအရေးပေါ်လိုအပ်တာကတော့ ရိက္ခာနဲ့ ပြီးတော့ မိုးတွင်းဆိုတော့ ဆောင်နဲ့ ခြင်ထောင်တွေရယ် ဆေးဝါးတွေလိုအပ်နေတယ်လို့ကိုသူရိန်ဇင်ကပြောပါတယ်။

စစ်ဘေးရှောင်တွေအတွက် အမည်မဖော်လိုတဲ့အရပ်ဘက် အဖွဲ့အစည်းတစ်ခုက တစ်လကို အိမ်ထောင် တစ်စုကို သုံးသောင်းထောက်ပံ့ပေးပေမဲ့လို့ ကုန်ဈေးနှုန်းတွေမြင့်တက်လာတဲ့အတွက် စားဝတ်နေရေးက ပိုခက်ခဲလာတယ်လို့ သိရပါတယ်။

အဲ့ဒီ စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင်တွေဟာ အာဏာသိမ်းပြီးကတည်းက သူတို့နေထိုင်တဲ့ ရွာတွေကို စစ်ကောင်စီတပ်က ဝင်ရောက်တပ်စွဲလိုက်တဲ့အတွက် ဝေးလံခေါင်ဖျားတဲ့ နေရာတစ်ခုမှာ စစ်ဘေးရှောင်နေကြရတာဖြစ်တယ်လို့ ကိုသူရိန်ဇင်ကပြောပါတယ်။

ဝေးလံတယ်အဲ့ဒီစခန်းက အကူညီပေးဖို့တောင် မိုင်၄၀လောက်သွားရတယ် ကားခပေးဖို့တောင်၁၀သိန်း လောက်တောင်းတာရှိတယ် အဲ့တာကြောင့် အမြဲသွားဖို့ကြလည်း လမ်းကလည်းကြမ်းတယ် မြေကြီးလမ်း အခုသွားမယ်ဆို မိုးကကြီးတော့ တောင်တွေပါပြိုတယ်လို့ ပြောပါတယ်။

အဲ့ဒီစစ်ဘေးရှောင်စခန်းဟာ မြို့ပြ နဲ့မိုင် ၄၀ လောက်အကွာအဝေးရှိပြီးတော့ တစ်စုံတစ်ရာအကူညီပေးဖို့ ဆိုင်ကယ်နဲ့ပဲ သွားလို့ရတယ်လို့ သူကဆက်ပြောပါတယ်။

အဲ့ဒီစစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု ၁၀၀ ကျော် လူဦးရေ ၅၀၀ ကျော်လောက်နေထိုင်ကြပြီးတော့ အဲ့ဒီထဲမှာ သက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေအများဆုံးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေဟာ သူတို့နေထိုင်ခဲ့တဲ့ ကြံသာရွာနဲ့ဟံသာဝတီရွာကနေ ထွက်ပြေးလာရတာ ၂ နှစ်ကျော်ကြာလာပြီဖြစ်သလို လက်ရှိအချိန်ထိ ကြံသာနဲ့ဟံသာဝတီရွာထဲမှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေတပ်စွဲထားဆဲဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

မြန်မာနိုင်ငံမှာ လူသားစာနာအကူအညီအလိုအပ်ဆုံးနဲ့အခက်ခဲဆုံးဒေသထဲမှာ စစ်ကိုင်းတိုင်းက အကူညီ အလိုအပ် ဆုံးဒေသဖြစ်ပေမယ့် ကူညီထောက်ပံ့မှုလုံးဝမရရှိသေးဘူးလို့ ပြီးခဲ့တဲ့ ဇူလိုင်၂၀ရက်နေ့က နိုင်ငံတကာမြန်မာ့ သတင်းအဖွဲ့ BNIက အွန်လိုင်းကနေ မိတ်ဆက်လိုက်တဲ့ သုတေသနစာတမ်းမှာ ဖော်ပြခဲ့ပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကနေ စစ်ကိုင်းတိုင်းမှာ ဒေသခံ ၈သိန်းကျော် ဘေးလွှတ်ရာကို ထွက်ပြေး တိမ်းရှောင် နေကြရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ရက် နေ့ ထုတ်ပြန်ချက်အရသိရပါတယ်။

Show More

Related Articles

Back to top button