ဆောင်းပါး

ရည်မှန်းချက်အသစ်နဲ့ရှေ့ဆက်နေတဲ့ CDM ကျောင်းသူ

အချိန်ကတစ်ပတ်ပဲလိုတယ် အဲ့ဒီတစ်ပတ်ပြီးရင်တော့ မစ္စတာဘွဲ့ရပြီ (M.Sc ဘွဲ့လွန်မဟာသိပ္ပံ) ဒီမစ္စတာဘွဲ့ယူပြီး ရင်တော့ ကျွန်မ Phd (ပါရဂူဘွဲ့) ဆက်တက်ဖို့ပေါ့။ ဘဝမှာ ဒီလိုရည်မှန်းချက်ကြီးကြီးထားပြီးကြိုးစားလာခဲ့တာ အခုတော့ ကြိုးစားခဲ့တာတွေ ရည်မှန်းချက်တွေကို စကစ(စစ်ကောင်စီက အားလုံးရိုက်ချိုးပေးလိုက်တယ်” လို့ စိတ်ပျက်လက်ပျက်နဲ့ ပြောပြလာသူကတော့ မြစ်ကြီးနား တက္ကသိုလ်မှာကျောင်း တက်ခဲ့တဲ့ Bio chemistry ကျောင်းသူ မလုလု (အမည်လွဲ)ပဲဖြစ်ပါတယ်။

မလုလုဟာ State ကျောင်းသူ ဘဝကတည်းကရည်မှန်ချက်ကြီးကြီးထားပြီး စာကြိုးစားတဲ့ကျောင်းသူ တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ ငယ်ဘဝရည်မှန်းချက်ကတော့ State ကျောင်းသူဘဝကတည်းက ပါမောက္ခာတစ်ယောက်ဖြစ်ချင်ခဲ့တာပါ။

မလုလုအတွက် M.Sc (ဘွဲ့လွန်မဟာသိပ္ပံ) ဘွဲ့ယူပြီး PhD ဆက်တက်နိုင်ခဲ့ရင်တော့ သူ့ဘဝရည်မှန်းချက်တွေပြည့်ဖို့ ၈၀ ရာခိုင်နှုန်းလောက်သေချာသွားပါပြီ။

ဒါပေမယ့် မစတာဘွဲ့ယူဖို့အချိန်တစ်ပတ်လောက်အလိုမှာ စစ်ကောင်စီတပ်ကအာဏာသိမ်းသွားတာကြောင့် သူ့ရဲ့ ဘဝရည်မှန်းချက်တွေ အမှောင်ဖုံသွားခဲ့တယ်လို့ မလုလုက ပြောပါတယ်။

အမှန်ဆိုမစ္စတာဘွဲ့က ၂၀၂၀ ကတည်းကယူရမှာတာပေမယ့် ကိုဗစ်ဖြစ်ပြီးကျောင်းတွေပိတ်သွားတယ်။ လေးတာပေမယ့် အွန်လိုင်းကနေဆက်တက်ဖြစ်တယ် အွန်လိုင်းကနေတက်တာပြီးတော့မှာ တစ်ပတ်တက်ရင်ပြီးပြီ မစတာဘွဲ့ရပြီဖြစ်ရမှာ အဲ့ချိန်ပဲ အာဏာကသိမ်းလိုက်တာလို့မလုလုတစ်ယောက်ပြောပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်တာကြောင့် မလုလုရဲ့ ဘာသာပြဆရာ၊ ဆရာမတွေအားလုံး CDM ပါဝင်လှုပ်ရှားမှုမှာပါဝင်ခဲ့သလို သူကိုယ်၌ကလည်း စစ်ကျွန်ပညာရေးစတင်အောင်မှာ ကျောင်းမတက်ရေးဆိုပြီး ဆန္ဒဖော်ထုတ်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။

စစ်အာဏာသိမ်းတာသာကျွန်မအတွက်ဘာမှမဖြစ်ဘူးဆိုရင် ကျွန်မအခုကျောင်းဆက်တက်ပြီး မစ္စတာဘွဲ့ဆက်ယူလို့ရတယ် Phd လည်းဆက်တက်ဖြစ်မှာပေါ့။ ဒါပေမယ့် စစ်ကျွန်ပညာရေးစနစ် ဆိုးအောက်မှာတော့မတက်ချင်ဘူး သူတို့ပေးတဲ့ဘွဲ့လည်းမယူချင်ဘူး ။အခုတော့ မထင်ထားတဲ့ ဘဝသစ်တစ်ခုမှာ စတင်နေရပြီသူရဲ့ ငယ်ဘဝ ရည်မှန်ချက်နဲ့လွဲချော်ခဲ့ပြီး မထင်ထားတဲ့ဘဝတစ်ခု ကိုပြန်စတင်နေရကြောင်း မလုလုပြောပြလာတာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာ သိမ်းလိုက်တာကြောင့် မလုလုနဲ့အလားတူ လူငယ်လူရွယ်တွေရဲ့ ဘဝရည်မှန်းချက်တွေ ဘဝအိမ်မက်တွေအများကြီးရိုက်ချိုးဖျက်ဆီးခံခဲ့ရသလို လူငယ်သန်းနဲ့ချီပြီးအလုပ် လက်မဲ့ဖြစ်ခဲ့ရပါတယ်။

မလုလုလိုမျိုး စစ်ကျွန်ပညာရေးစနစ်အောက်မှာ ကျောင်းမတက်လို၊ စစ်ကောင်စီလက်မှာ အလုပ်မလုပ်ချင်တဲ့ ထူးချွန်ထက်မြတ်တဲ့လူငယ်အတော်များများဟာလည်း ပြည်ပထွက်ခွာအလုပ်လုပ်ကြရသလို တချို့လည်း ပြည်တွင်းမှာ ကိုယ်နဲ့နီးစပ်ရာ ကျွမ်းကျင်ရာဘက်ကိုဦးတည်ပြီး ဘဝသစ်ပြန်စကြတဲ့သူတွေ အမျောက်အမြားရှိနေပါတယ်။

အဲ့ထဲမှာ မစ္စတာတန်းကျောင်းသူ မလုလုကတော့ သူနဲ့မရင်းနှီးခဲ့ဖူးတဲ့ စက်ချုပ်ပညာနဲ့ရပ်တည်ဖို့၊ ဒီဇိုင်နာတစ်ယောက် ဖြစ်လာဖို့ဆိုတဲ့ ရည်မှန်းချက်သစ်၊ အိမ်မက်သစ်တွေနဲ့ဘဝကိုပြန်စတင်နေရကြောင်း အခုလိုရင်ဖွင့်ပြောပြ လာပါတယ်။

ကျွန်မကအိမ်မှာအကြီးဆုံးဆိုတော့ မိဘတွေက အဝေးကိုလည်းမသွားခိုင်းချင်ဘူးသူတို့နားမှာပဲထား ပြီးအလုပ်လုပ်စေချင်နေတာ အဲ့ကြောင့်ကျွန်မက ကိုယ်တိုင်လည်းကြိုးစားချင်စိတ်ကအားကြီးတော့ အောင်မြင်တဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်ဖို့ဆိုပြီးဆုံးဖြတ်ချက်နဲ့ အခုတော့ စက်ချုပ်နေတယ်သင် တန်းတွေ တက်နေတယ်ပေါ့လို့မလုလုတစ်ယောက်ပြောပြလာတာပါ။

မလုလုတစ်ယောက်အတွက် ငယ်ကတည်းကကြိုးစားလာခဲ့တဲ့ ပါရဂူဘွဲ့ရတစ်ယောက်ဖြစ်ဖို့အိမ်မက်ဟာ ရိုက်ချိုးခံ လိုက်ရတဲ့နောက်ပိုင်းမှာတော့ သူဟာ စက်ချုပ်သင်ပြီးအောင်မြင်တဲ့ဒီဇိုင်နာတစ်ယောက်ဖြစ်လာဖို့သူ့ရဲ့ဘဝသစ်ကို ၂၀၂၂ ခုနှစ်နှစ်ကုန်ပိုင်းလောက်ကစတင်ပြီး အကောင်အထည် ဖော်လာခဲ့တာလို့ဆိုပါတယ်။

၂၀၂၂ ခုနှစ် ၁၀ လောက်ပိုင်းလောက်ထင်တယ် ကျွန်မသင်တန်းစတက်တယ် သုံးလတက်တယ်။ ပြီးတော့ ကိုယ်တိုင် စချုပ်တယ်။ အခုတော့အစပျိုးပဲရှိပါသေးတယ် ဒီဇိုင်နာဆိုတဲ့နယ်ပယ်ကိုရောက်ဖို့ အတော်လည်း ကြိုးစားရအုံးမှာပါ ဒါကြီးကရုတ်တရက်ဆုံးဖြတ်လိုက်တဲ့ ရွေးချယ်မှုအသစ်ကြီးဆိုတော့ လွယ်တော့မလွယ်ပါဘူးလို့ မလုလုကရင်ဖွင့် ပြောပြလာပါတယ်။

မလုလုဟာ လက်ရှိမှာတော့ မြစ်ကြီးနားမြို့က စီတာပူရပ်ကွက်ထဲမှာ ကိုယ်ပိုင်အပ်ချုပ်ဆိုင်လေးတစ်ခုဖွင့်နိုင်တဲ့အထိ ကြိုးစားလာသလို အိမ်မှာလည်းအပ်ချုပ်စက်ထားပြီး သူ့ရဲ့ အောင်မြင်တဲ့ ဒီဇိုင်နာတစ်ယောက် ဖြစ်လာဖို့ အချိန်တိုင်းလေ့လာသင်ယူနေရတယ်လို့ဆိုပါတယ်။

မိဘတွေလည်းသာမာန်တောင်သူတွေလည်း ငွေကြေးတတ်နိုင်တဲ့မိဘတွေတော့မဟုတ်ဘူး ဒီလိုစက် ချုပ်ဆိုင်လေးဖွင့်နိုင်ဖို့ရာလေးကိုယ်တိုင်ပဲ ကြိုးစားအားထုတ်ခဲ့ရာတာ စက် သုံးလုံးရှိတယ် အဲ့တုန်းက တစ်လုံးကို ၃သိန်းကျော်တယ် ကိုယ်တိုင် အွန်လိုင်းလျှော်ပင်မှာ အထည်တွေရောင်းအလှန်ကုန်တွေ ရောင်းပြီးငွေစုပြီး ဒီစက်လေးတွေကိုဝယ်ခဲ့ရတာ ကိုယ်တိုင်ပဲ လုပ်ယူခဲ့ရတာပေါ့လို့ သူ့ရဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်လာဖို့ ကြိုးစားအားထုတ်ခဲ့တာတွေကို မလုလုတစ်ယောက် မာန်ပါပါလေသံနဲ့ပြောပြနေတာ ပါ။

ငယ်ဘဝအိမ်မက်တွေအတွက် မစ္စတာတန်းအထိရောက်အောင် ကြိုးစားအားထုတ်ခဲ့ရာမှာ အိမ်မက်တွေရိုက်ချိုးခံလိုက်ရပေမယ့် ဘဝကိုအရှုံးမပေးပဲ ဘဝသစ်ပြန်စဖို့ အားအင်သစ် မာန်အသစ်တွေနဲ့ ဆက်လက်ကြိုးစားနေဆဲ လူငယ်တစ်ယောက်ပါ။

ဒါပေမယ့် မလုလုနောက်ထပ်ဆုံးဖြတ်လိုက်တဲ့ ဒီဇိုင်နာဖြစ်ချင်တဲ့ အိမ်မက်အသစ်ကိုတော့ မလုလုရဲ့ မိဘ တွေကအားမပေးဘူးလို့ဆိုပါတယ်။

ဒါ့ကြောင့်လည်း အပ်ချုပ်စက်တွေဝယ်ဖို့မိဘက ငွေကြေးမထောက်ပံ့ခဲ့တာကြောင့်ကိုယ်တိုင် အွန်လိုင်းပေါ်မှာစျေးသည်လုပ်ရင်း တစ်ဖက်မှာသူမရွေးချယ်ထားတဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်ဖို့ ရပ်တည်လာနိုင်ခဲ့တာလို့ မလုလုက ပြောပါတယ်။

မိဘတွေကတော့ ဘာပဲဖြစ်ဖြစ်ဝန်ထမ်းပဲလုပ်ပေါ့ B.Sc ဘွဲ့နဲ့ဆို အစိုးရဝန်ထမ်းလျှောက်ပေါ့ နေရာ ကောင်းတော့ရမှာပဲဆိုပြီး ဝန်ထမ်းလုပ်ဖို့ပဲ တစ်နေ့တစ်နေ့ပြောနေတာ ဒါပေမယ့် ကျွန်မကိုယ်တိုင်က စစ်ကောင်စီလက်အောက်မှာအလုပ်မလုပ်ချင်ဘူးလေး ကျောင်းတောင်ဆက်မတက်ချင်တာ။ အဲ့ကြောင့် ဒီတစ်ခုတော့မိဘတွေရဲ့ ဆန္ဒကိုအန်တုပြီးရွေးခဲ့ရတာ လို့မလုလုတစ်ယောက် ပြောပြလာပါတယ်။

မလုလုရဲ့မိဘတွေဟာ စစ်အာဏာသိမ်းပြီး ကျောင်းထွက်လိုက်တဲ့ မလုလုကို ကျောင်းဆရာမလုပ်ဖို့ အတင်းဖိအားပေးခဲ့တယ်လို့ဆိုပါတယ်။

မလုလုလက်ရှိယူထားတဲ့ B.Sc(Hons) ဘွဲ့နဲ့ဆိုရင် အလယ်ဆန်းပြ ဆရာမရာထူးကို တန်းရမှာဖြစ်ပြီး ရာထူးတိုးဖို့အလားလားကောင်းတဲ့အခြေအနေမှာရှိနေတာပါ။

ဒါပေမယ့် မလုလုဟာ သူ့ရဲ့ ငယ်ဘဝ အိမ်မက်တွေ၊ ရယ်မှန်းချက်တွေကို ရိုက်ချိုးခဲ့တဲ့ စစ်ကောင်စီကို အလုပ်မရှိသလို သူတို့ရဲ့လက်အောက်မှာလည်း အလုပ်မလုပ်ချင်တာကြောင့် ဘောပင်ကိုင်တဲ့လက်ကိုမရွေးပဲ အပ်ကိုကိုင်တဲ့လက်ရှိ ရွေးချယ်ခဲ့တာ ဂုဏ်ယူနေကြောင်း မလုလု တစ်ယောက် မာန်ပါပါ လေသံ နဲ့ပြောပြနေတာပါ။

ကျောင်းဆရာမလုပ်ရင် ကျော့ကျော့မော့မော့နေရမယ်ဆိုပေမယ့် သူတို့ပေးတဲ့လစာ နဲ့ထမင်းစားနေရတာထက် ကိုယ့်အရည်အချင်းနဲ့ အပ်ချုပ်ပြီးရလာတဲ့ပိုက်ဆံနဲ့ထမင်းစားနေရတာက ခက်ခဲပေမယ့်လည်း ကိုယ့်လိပ်ပြာကိုယ်လုံတယ် ထမင်းတစ်လုတ်ချင်းတူပေမယ့် အပ်ချုပ်ပြီးစားရတဲ့ထမင်းတစ်လုတ်က သိက္ခာ ရှိတယ်လို့မလုလုတစ်ယောက် မာန်ပါပါလေသံနဲ့ပြောပြနောတာ ပါ။

မည်သို့ပြင်ဆိုစေကာမူ မလုလုဟာ လက်ရှိသူ့ရဲ့ စက်ချုပ်ပညာကနေ မိသားစုစားဝတ်နေရေး အတွက် တစ်ဖက်တစ်လှမ်းကနေ ဝင်ငွေထောက်ပံ့နိုင်ပြီဖြစ်သလို သူ့ရဲ့ အိမ်မက်အသစ်ဖြစ်တဲ့ ဒီဇိုင်နာတစ်ယောက် ဖြစ်လာဖို့အတွက်လည်း အဆုံးတိုင်ကြိုးစားသွားမယ်လို့ဆိုပါတယ်။

လက်ရှိ ပြည်သူလူထုတစ်ရပ်လုံးဆင်နွဲနေတဲ့ နွေဦးတော်လှန်ရေးကြီးအောင်မြင်ပြီး ပြည်သူ့အာဏာ ပြည်သူ ပြန်ရခဲ့ရင်တော့ မလုလုဟာ သူမက်ခဲ့တဲ့ ငယ်ဘဝတွေဖြစ်မလာနိုင်တော့ပေမယ့် သူ့မိဘတွေ ဖြစ်စေချင်တဲ့ ကျောင်းဆရာမ အဖြစ်နဲ့တော့ ပြန်လည်ရပ်တည်ချင်သေးတယ်လို့ သူကဆိုပါတယ်။

စစ်ကောင်စီပြုတ်သွားလို့ပြည်သူအာဏာပြန်ရခဲ့ရင်တော့ မစတာဘွဲ့တော့ရအောင်ယူပြီး ကျောင်းဆရာမပဲ ဆက်လုပ်ဖြစ်တော့မှာပါ Phd ကတော့ဆက်တက်ဖို့အချိန်တွေနောက်ကျသွား ပြီဆိုရမှာပဲ ၆ နှစ် ၇ နှစ်လောက်အချိန်ပေးရမှာလေး Phd တွက်က အဲ့တော့ ဖြစ်နိုင်ဖို့အလှမ်းဝေးသွား ပြီလို့ ပြောပြီး သက်ပြင်းချကာ မလုလုတစ်ယောက်အသံ ခေတ္တ ပျောက်ကွယ်သွားခဲ့ပါတယ်။

မလုလုနဲ့အလားတူ အိမ်မက်တွေ၊ရည်မှန်းချက်တွေပျောက်ဆုံးခဲ့ရတဲ့ မြန်မာလူငယ်လူရွယ် အများအပြားဟာ ပြည်သူ့အာဏာ ပြန်ရခဲ့ရင် ပြန်လည်အကောင်အထည်ဖော်ဖို့အပြီးဆုံးသေးတဲ့ အိမ်မက်တွေ၊ ရည်မှန်းချက်တွေနဲ့ နွေဦးတော်လှန်ရေးကြီး ဘယ်တော့ပြီးဆုံးမလဲ စောင့်မျော်နေကြ ဆဲဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button