သတင်း

ပူတာအို နောင်ခိုင်စက်လှေဆိပ်ကို စစ်တပ်ကပိတ်ထားလို့ ဒေသခံတွေသွားလာရေးမှာ အခက်အခဲဖြစ်နေ

ကချင်ပြည်နယ် ပူတာအိုမြို့နယ် နောင်ခိုင်ကျေးရွာစက်လှေဆိပ်ကို စစ်ကောင်စီတပ်က ပိတ်ထားတဲ့အတွက် ဒေသခံတွေသွားလာရေးအခက်အခဲဖြစ်နေတယ်လို့ ပြောပါတယ်။

နောင်ခိုင် စက်လှေဆိပ်ကို မချမ်းဘော့အထိုင်တပ်က စစ်ရေးအကြောင်းပြပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းလောက်က ရုတ်တရက်ပိတ်ချလိုက်ပြီး ဒီကနေ့ထိ ပြန်ဖွင့်ပေးခြင်းမရှိတာကြောင့် စက်လှေဆိပ်ကိုမှီခို သွားလာနေရတဲ့ ဒေသခံပြည်သူတွေကို အခက်ခဲဖြစ်စေတယ်လို့ မချမ်းဘော့ကျေးရွာနေအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

”ပိတ်တာက ဒီမချမ်းဘော့တပ်က ပိတ်လိုက်တာ စက်လှေဆိပ်က သူတို့တပ်စခန်းရဲ့တစ်ဖက်ကမ်းမှာရှိိတာလေး ပိတ်တာက ကြာနေပြီ ပြန်မဖွင့်ပေးသေးဘူး စက်လှေဆိပ်ပိတ်လိုက်တော့ နောင်ခိုင်က စက်လှေသမားတွေခရီးသည်တွေ ဒုက္ခရောက်တာပေါ့။ ပြီးတော့ စက်လှေဆိပ်အောက်ဘက်မှလည်းရွာတွေရှိတယ် သူတို့လည်းဒုက္ခရောက်နေကြတယ်” လို့ အသက် ၄၂ နှစ် အရွယ်အထက်ပါအမျိုးသားက ပြောပါတယ်။

နောင်ခိုင်စက်လှေဆိပ်ဟာ အဓိကအားဖြင့် မလိခချောင်းနဘေးရှိ စက်လှေဆိပ်အောက်ဘက်က ရှိန်ဂန်ယန်ကျေးရွာ၊ အင်ရွယ်ယန်ကျေးရွာတွေနဲ့အနီးဝန်းကျင်က ရွာစင်ငယ်လေးတွေအတွက်အရေးပါတဲ့အပြင် ချောင်းအောက်ဘက်က ရွှေတူးဖော်သူတွေ ၊စိုက်ခင်းလုပ်ကိုင်သူတွေနဲ့အခြားလက်လုပ်လက်စားဒေသခံပြည်သူတွေအခက်အခဲ ဖြစ်နေတယ်လို့သိရပါတယ်။

”စက်လှေဆိပ်အောက်ဘက်မှာရွာလေးတွေရှိတယ် အဲ့ရွာကလူတွေကရွှေတူးဘာတူးပြီး လုပ်စားကြတာများတယ်အခုစက်လှေပိတ်လိုက်တော့ တချို့ဆန်ပြုတ်သောက်နေရတယ်ပြောတယ်ပြီးတော့ ဒီဘက်ကလူတွေလည်းချောင်းအောက်ဘက်ကိုငါးဖမ်းသွားပြီးအသက်စားနေရတဲ့တံငါသည်တွေလည်းရှိတယ် သူတို့လည်းသွားမရတော့အတော်လည်းဒုက္ခရောက်နေကြတယ်တဲ့” လို့ အထက်ဖော်ပြပါ အမျိုးသားကဆက်ပြောပါတယ်။

စစ်ကောင်စီတပ်က နောင်ခိုင်စက်လှေဆိပ်ကို စစ်ရေးအကြောင်းပြပြီးပိတ်လိုက်တာလို့ ပူတာအိုမြို့ နေအမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

”ကြာပြီဟိုတလောက KIA၊ PDF တွေက ပူတာအို မြို့ကိုတက်သိမ်းမယ်ဘာညာသတင်းတွေနည်းနည်းထွက်သေးတယ် KIA၊PDF တွေတက်လာပြီပေါ့ အဲ့လိုတွေကြားတော့ စစ်ရေးကြောင့်ဆိုပြီးပိတ်လိုက်တာ ဒီလ ၁ရက်နေ့ပြန်ဖွင့်မယ်ပြောပြီးပြန်မဖွင့်သေးဘူးတဲ့” လို့ အထက်ပါ အမျိုးသားက ပြောတယ်။

နောင်ခို်ငကျေးရွာ

နောင်ခိုင်စက်လှေဆိပ်ဟာ မချမ်းဘော့မြို့နဲ့ မလိခမြစ်တစ်ဖက်ကမ်းမှာတည်ရှိတာဖြစ်ပြီး အဓိကအားဖြစ် စက်လှေဆိပ်ကိုမှီခို ပြီး စျေးရောင်းစျေးဝယ်လုပ်တဲ့စီးပွားရေးသမားတွေ၊ စက်လှေသမားတွေ အများစုနေထိုင်ကြတာဖြစ်ပါတယ်။

Show More

Related Articles

Back to top button