ငြိမ်းချမ်းရေးဆွေးနွေးမှုသတင်း

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ညှိနှိုင်းဖြေရှင်းရမယ့် အချက်တွေကို သမိုင်းအကြောင်းအခြေတည် ဖြေရှင်းမယ်လို့ KIO ဥက္ကဋ္ဌပြော

လူငယ်တွေ တော်လှန်ရေးမှာ ပါဝင်ပေးဖို့ ထည့်သွင်းပြောဆို

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနေတဲ့ကာလမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား ညှိနှိုင်းဖြေရှင်းရမယ့် အချက်တွေကို သမိုင်းကြောင်းအခြတည်ပြီး ဖြေရှင်းသွားမှာဖြစ်တယ်လို့ ၆၃ နှစ်ပြည့် ကချင်တော်လှန်ရေးနေ့မှာ KIO ဥက္ကဋ္ဌ က ပြောဆိုလိုက်ပါတယ်။

အတူနေထိုင်ကြတဲ့ ဌာနေတိုင်းရင်းသားတွေ၊ အထူးသဖြင့် တိုင်းရင်းသားတောလှန်ရေးအဖွဲ့တွေကြား ပွတ်တိုက်မှုတွေနဲ့ပတ်သက်ပြီး မိန့်ခွန်းမှာ အခုလို ပြောဆိုထားပါတယ်။

အဖွဲ့အစည်းတစ်ခုနဲ့ တစ်ခုကြားဆိုတာထက် အဓိကတော့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကြားမှာ တော်လှန်ရေး ကာလအတွင်း အခြေပြုရပ်တည်တဲ့နေရာကိုလိုက်ပြီးသော်လည်ကောင်း၊ နိုင်ငံရေး ရည်မှန်ချက်ကို လိုက်ပြီးတော့ လှုပ်ရှားနယ်မြေ တူညီမှုတွေကြောင့် အချင်းချင်း အချေအတင် ပွတ်တိုက် အငြင်းပွားမှုတွေ ရှိနေပါတယ်။ KIO အနေနဲ့ ဒီလိုပြဿနာတွေကို ညှိနှိုင်းဆွေးနွေးလာတဲ့အခါမှာ အတူတူယှဉ်တွဲနေထိုင်ခဲ့မှုကို ခိုင်မြဲစေဖို့  သမိုင်းကို အခြေတည်ပြီး ဖြေရှင်သွားမယ်” လို့ ဖော်ပြပါတယ်။

ဒါ့အပြင် KIO/KIA အနေနဲ့ စစ်အာဏာရှင်စနစ်အမြစ်ဖျက် ခြေမှုန်းတိုက်ခိုက်နေတဲ့ ကြားကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကြားမှာ ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို မျှမျှတတနဲ့ ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အာဏာရှင်စနစ် ကျရှုံးသွားတဲ့နောက်ပိုင်း ပြည်သူလူထုတွေရဲ့ လုံခြုံရေး၊ ငြိမ်းချမ်းစွာနေထိုင်ခွင့်နဲ့ တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေး စတဲ့အချက်တွေနဲ့အတူ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတစ်ခုကျင်းပပြီး နိုင်ငံကိုတည်ဆောက်သွားဖို့ ဖြစ်တယ်လို့ မိန့်ခွ်းမှာ ဆက်လက်ဖော်ပြပါတယ်။

တစ်ဖက်မှာ လူငယ်တွေအနေနဲ့ တော်လှန်ရေးလုပ်ငန်းမှာ ပါဝင်မှုအားနည်းနေတာကြောင့် အောင်မြင့်မှုရထိုက်သလောက် မရတဲ့အခြေအနေကြောင့် လူငယ်တွေ တော်လှန်ရေးမှာ ပါဝင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

အခုနှစ် ကချင်တော်လှန်ရေးအထိမ်းအမှတ် KIO ဥက္ကဋ္ဌ မိန့်ခွန်းမှာတော့ အရင်နှစ်တွေနဲ့ မတူပဲ တော်လှန်ရေးအလွန် နိုင်ငံရေးအရ ညှိနှိုင်းရမယ့်အချက်တွေကို ထည့်သွင်းပြောပြခဲ့သလို လက်ရှိတော်လှန်ရေးကာလမှ လူငယ်တွေ ပါဝင်ဖို့ အထူးဖော်ပြထားတာ တွေ့ရပါတယ်။

အခုလို တော်လှန်ရေးလုပ်ငန်းစဉ်မှာ လူငယ်တွေအနေနဲ့ ပါဝင်ဖို့ ဖိတ်ခေါ်နေတဲ့အပေါ်မှာ ကချင်နိုင်ငံရေးသုံးသပ်သူ ကချင်ပြည်သူတစ်ယောက်ကလည်း သူ့ရဲ့သဘောထားကို အခုလိုပြောပြလာပါတယ်။

ဒီချိန်မှာက မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ခိုက်နေကြတဲ့ အချိန်ဖြစ်တယ်။ ကြည့်မယ်ဆိုရင် အချိန်အခါကောင်းဖြစ်တယ်။ တက်ညီလက်ညီနဲ့ သွားရင် အရမ်းအောင်မြင်မယ့် ခရီးဖြစ်တယ်မယ်လို့ယုံကြည်ပါတယ်။ ဒါ့ကြောင့် အသက်ငယ်ရွယ်တဲ့ သူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေလည်း သာမကပဲ တောင့်စုံ ကိုယ်ရှိတဲ့နေရာက ကိုယ့်လူမျိုးအတွက် ဆိုပြီး အားထားရမယ့်အချိန်ဖြစ်မယ်လို့ထင်တယ်လို့ပြောပါတယ်။

KIO/KIA အနေနဲ့ ပြည်သူလူထုတွေအားလုံး တော်လှန်ရေးလုပ်ငန်းစဉ်မှာ တက်ညီလက်ညီ ပူးပေါင်းပါဝင်လာဖို့ရန်အတွက် အတင်းဓမ္မ ဖမ်းဆီးစေခိုင်တာမျိုးမဟုတ်ပဲ နည်းစနစ်မှန်မှန်ကန်ကန်နဲ့ အသင်းအဖွဲ့ ကိုယ်စားပြုတဲ့နေရာတွေမှာ အမြင်ဖွင့်ပြောဆိုတာတွေ လုပ်ဆောင်သင့်တယ်လို့ ဆက်ဆိုပါတယ်။

အလားတူ KIO ဥက္ကဋ္ဌ မိန့်ခွန်းထဲမှာ စစ်ကောင်စီက ဖွဲ့စည်းပေးလိုက်တဲ့ ပြည်သူ့စစ်အဖွဲ့တွေမှာ မပါဝင်ဖို့ ဆက်လက် သတိပေးထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကနေ ဇန်နဝါရီလအထိ ကချင်နဲ့ ရှမ်းမြောက်ဒေသ စစ်ကောင်စီ တပ်စခန်းအကြီးအငယ်အပြင် ကျေးရွာအဆင့်နဲ့ မြို့အအဆင့်အထိ စခန်းပေါင်း ၃၀ ကျော်ကို သိမ်းပိုက်ထားပါတယ်လို့ သိရပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button