တိုက်ပွဲသတင်း

ကောလင်းမြို့ကို စစ်တပ်ကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေ

ကချင်ပြည်နယ် နဲ့ စစ်ကိုင်းတိုင်းအစပ် ကောလင်းမြို့နယ်ကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ  ရက်နေ့ကစပြီး အပြင်းထန်ထိုးစစ်ဆင်နေပြီး တော်လှန်ရေးအင်အားစုတွေနဲ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ဒုတိယအပတ်လောက်ကစတင်ပြီးတော့ ကောလင်းမြို့ အစပ် ကန့်ဘလူမြို့ထဲက ၆၀၀၆ အမြောက်တပ်ကို အင်အားတွေဖြည့်တင်းပြီး အဲ့ဒီကနေတစ်ဆင့် ကောလင်းမြို့ထဲကို စစ်ကြောင်းထိုးဖို့ကြိုးစားခဲ့ကြတာလို့ ကန့်ဘလူမြို့နယ်ကဒေသခံတစ်ယောက်က ပြောပါတယ်။

ဇန်နဝါရီလထဲက သူတို့အင်အားတွေဖြည့်ကြတာ ရွှေဘိုကနေ ကန့်ဘလူ ၆၀၀၆ တပ်ကို အရင်ဖြည့် ပြီးမှ ကျွန်းလှ အဲ့ဒီကနေ ကိုးတောင်ဘို့အထိုင်စခန်းနဲ့ဝန်းသိုဘက်ကို ရဟတ်ယာဥ်နဲ့ပို့ကြတာလို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကအင်အားဖြည့်တဲ့အထဲ စစ်ကောင်စီလက်အောက်ခံပျူစောထီးတပ်ဖွဲ့ဝင်များပါဝင်ပြီး အင်အားအနည်းဆုံး ၁၂၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ကာကွယ်ရေးတပ်တွေဘက်က ခန့်မှန်း
ပါတယ်။

စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ Mi 17 ရဟတ်ယာဥ်အမျိုးအစားသုံးပြီးတော့ ကန့်ဘလူ မြို့နယ် ကိုးတောင်ဘို့အထိုင်တပ်စခန်းထဲ ဖေဖော်ဝါရီလ  ရက်နေ့က  ကြိမ်၊  ရက်နေ့က ၁၇ ကြိမ် တိတိ အင်အားတွေဖြည့်တင်းခဲ့တယ်လို့ ကောလင်းဒေသသတင်းတွေကိုဖော်ပြနေတဲ့ Kawlin Info က လည်းသတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီကနေ့ ဖေဖော်ဝါရီလ  ရက်နေ့မှာလည်း စစ်ကောင်စီတပ်ဘက်က ဝန်းသိုမြောက်ဘက်ခြမ်း က ကျေးရွာတွေကနေလည်း စစ်ကြောင်း  ကြောင်း၊ ကန့်ဘလူကိုးတောင်ဘို့ တောင်ဘက်ခြမ်းကနေလည်း စစ်ကြောင်း  ကြောင်းခွဲပြီး စစ်ရေးလှုပ်ရှားနေတယ်လို့ ကောလင်း ခရိုင် တပ်ရင်း  ကဆိုပါ တယ်။

ဝန်းသိုဘက်က အင်ကပင် အောင်းကုန်းမှာစစ်ကြောင်းတစ်ကြောင်း၊ ဇီးဖြူပင်တစ်ကြောင်း အလယ်ခုံ နဲ့ ဥရှစ်ခုန်ကြားတစ်ကြောင်း ၃ကြောင်း၊ကိုးတောင်ဘို့ဘက်က အင်းအား ၈၀၀ ကျော်နဲ့  ကြောင်း ထိုးပီးညှပ်နေ‌ကြောင်းသိရပါတယ်လို့ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ  ရက်နေ့တော့ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား တိုက်ပွဲတွေပြင်းထန်ခဲ့ရာ အဲ့ဒီတိုက်ပွဲမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်ကအသာစီးရခဲ့တယ်လို့ ဒေသတွင်းသတင်းတွေကိုဖော်ပြနေတဲ့ Kawlin Info က သတင်းထုတ်ပြန်ထားပေမဲ့ အခြေနေ အသေးစိတ် ကို KNG က အတည်မပြုနိုင်သေးပါဘူး။

ကောလင်းမြို့ကို ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ  ရက်နေ့က KIA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အရပ်သားတွေလည်းပြန်ဝင်နေထိုင်နေကြပြီး ပြည်သူ့အုပ်ချုပ်ရေးယန္တရား စတင်လည်ပတ်နေတဲ့ မြို့လည်းဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ စစ်ကောင်စီတပ်ဘက်က အင်အားအလုံးအရင်းနဲ့ ကောလင်းမြို့ကို ပြန်ဝင် ရောက်ဖို့ကြိုးစားလာတဲ့အတွက် အရပ်သားတွေဘေးလွှတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။

By – အမိုး

Show More

Related Articles

Back to top button