သတင်း

ပူတာအိုမှာ ဆိုင်ကယ် ၂ စီးတိုက်မိလို့ ခရစ်ယာန်ဓမ္မဆရာတစ်ဦးသေဆုံး

ပူတာအိုမြို့တွင်းမှာ ဆိုင်ကယ်အချင်းချင်းတိုက်မိရာကနေ ခရစ်ယာန် ဓမ္မဆရာတစ်ဦး သေဆုံးသွားတယ်လို့သိရပါတယ်။

မြို့တွင်းရပ်ဖြစ်တဲ့ ကောင်ကထောင်ရပ်ကွက်နဲ့ ဟိုခိုအောက်ချိုင့်ရပ်ကွက်ကြားမှာ မတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းမှာ ဆိုင်ကယ်နှစ်စီးတိုက်မှုဖြစ်ပွားခဲ့ပြီး အဲ့ဖြစ်စဥ်ကြောင့် AG အသင်းတော်ဆရာတစ်ဦး သေဆုံးခဲ့တယ်လို့ ပူတာအိုမြို့နေ အမျိုးသားတစ်ဦးက KNGကိုပြောပါတယ်။

“ဖြစ်တဲ့နေရာက အောက်ချိုင့်ကုန်အဆင်းမှာဟုတ်တယ် ပူတာအိုရဲစခန်းကွေ့ပေါ့ တရားဟောဆရာက အောက်ချိုင့်ကနေ ကောင်ကထောင်ဘက်ကိုလာတာ ကျန်နောက်တစ်စီးက ကလေးပဲရှိသေးတယ်နှစ်ယောက်စီးလာတာသူတို့က ကျတော့ အောက်ချိုင့်ဘက်ကိုအဆင်း အဲ့မှာအရှိန်များပြီး တိုက်သွားတာ ဆရာကတော့ဆုံးသွားပြီ”လို့ သူကပြောပါတယ်။

သေဆုံးသွားတဲ့ ဓမ္မဆရာဟာ ပူတာအိုမြို့နယ် မာမူလေ့ကျေးရွာထဲက AG အသင်းတော်ဆရာ(အမည်စုံစမ်းဆဲ) ဖြစ်ပြီး ပူတာအိုဆေးရုံအရောက်မှာဆုံးသွားတာလို့သိရပါတယ်။

ဆရာက တစ်ယောက်ထဲစီးတာဟိုဘက်ကတော့ ၂ ယောက် မိန်းခလေးတွေပဲ ၁၀ ကျော်သက်တွေဟုတ်တယ်။ ကလေးနှစ်ယောက်လည်းဒဏ်ရာတော်တော်ပြင်းထန်သွားတယ်တစ်ယောက်က သတိမေ့နေတယ်”လို့ အထက်မှာဖော်ပြခဲ့တဲ့ ဒေသခံအမျိုးသားကဆက်ပြောပါတယ်။

ပူတာအိုမြို့တွင်းမှာ ယာဥ်အသုံးပြုမှုဟာ အခြားသော ခရိုင်မြို့တွေထက်နည်းပါးပေမယ့် အသက် မပြည့်သေးတဲ့ ဆယ်ကျော်သက် အရွယ်တွေကလေးသူကယ်တွေ ဆိုင်ကယ်အစီးများတာကြောင့် ယာဥ်မှုမကြာခနဖြစ်လေ့ရှိပြီး ယာဥ်မှုရဲ့ ၇၀ ရာခိုင်နှုန်းလောက်မှာ ၁၀ ဆယ်ကျော်ကလေးတွေပါဝင်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။

 လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်အောက်တိုဘာလတုန်းကလည်း ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်နဲ့ ကောင်ကထောင်ရပ်ကွက်ကြားမှာ ကုန်းဆင်းမှာ အသက် ၁၅နှစ်အရွယ်ရှိတဲ့အမျိုးသမီးငယ်တစ်ဦးစီးနင်လာတဲ့  ဆိုင်ကယ်ကို ကားနဲ့ဝင်တိုက်သွားတာကြောင့် ဆိုကယ်စီးလာတဲ့အမျိုးသမီးငယ် သေဆုံးသွားခဲ့ပါတယ်။

By – Zaw Zaw

Show More

Related Articles

Back to top button