သတင်း

ပင်းဘောမှာ ဘုရားပွဲအကြောင်းပြပြီး စစ်တပ်နဲ့ SNA  တပ်အင်အားဖြည့်နေ

မိုးကောင်းမြို့နယ် ပင်ဘောကျေးရွာမှာ ဘုရားပွဲအကြောင်းပြပြီး စစ်တပ်နဲ့ ရှမ်းနီအမျိုးသားတပ်မတော် SAN တပ်တို့ အင်အားဖြည့်နေတယ်လို့ ပင်းဘောဒေသခံတွေဆီကနေ သိရပါတယ်။

မတ်လ ၁၈ ရက်နေ့ကစပြီး ပင်းဘောရွာမှာရှိတဲ့ ဓမ္မရာဇိက အောင်တော်မှုစေတီတော်မြတ်ကြီးရဲ့ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် အလှူတော်မင်္ဂလာကို အကြောင်းပြပြီး  စစ်တပ်နဲ့ SNA  တပ်တွေဟယ မတ်လ ၁၆ ရက်နေ့ကစပြီး ပင်းဘောရွာအပါအဝင် နန်းခွင်ကျေးရွာနီးမှာရှိတဲ့ ခမရ  ၅၂၁ တပ်အထိုင်စခန်းမှာ စစ်အင်အားအများပြားဖြည့်တင်းထားတယ်လို့ ပင်းဘောဒေသခံတစ်ဦးက ပြောပါတယ်။

စစ်မှုမထမ်းမနေရ လျှို့ဝှက်စာ ကျေးရွာအုပ်ချုပ်ရေးမူးတွေဆီ ရောက်နေပြီ ရွာသားတွေအား မသိမပေးသေးဘူး။ ပြီးတော့ SNA တွေ အခုပွဲအချိန်ကြီးမှာ ရောက်လာတာကောင်းသောလာခြင်းမဖြစ်နိုင် လူဆွဲမလို့လားမသိဘူး ရွာသားတွေက ကန့်ကွက်တဲ့ကြားက လုပ်နေကြတာလို့ ပြောပါတယ်။

ဒီအလှူတော်မင်္ဂလာပွဲကို မတ်လ ၁၈ ရက်နေ့ကနေ ၂၂ ရက်နေ့ထိ ၅ ရက်ကျင်းပနေတာဖြစ်တယ်လို့ သိရပြီး ဒီအလှူတော်ပွဲကို ပင်းဘောရွာသားအများပိုင်းက ကန့်ကွက်ခဲ့ကြပေမယ့် လက်ရှိပင်းဘောဥက္ကဌဖြစ်တဲ့ကြံ့ခိုင်ရေးပါတီဝင် ဦးကျော်မြင့်ကနေ စီစဉ်ပြီးလုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒါ့အပြင် ခုလိုနိုင်ငံရေးအကြပ်တည်းကာလရောက်နေချိန် ပွဲကျင်းပတာမသင့်တော်တဲ့အကြောင်း ပင်းဘောရွာဒေသခံတွေအပြင် ကျောင်းထိုင်ဘုန်းကြီးလည်း ကန့်ကွက်ပေမယ့် ကန့်ကွက်လို့မရတာကြောင့် ကျောင်းထိုင်ဘုန်းကြီးဟာ မန္တလေးဘက်ကို ပြောင်းရွှေ့သွားပြီလို့လည်း ဒေသခံတွေက ဆိုပါတယ်။

အဲကျောင်းက ကျောင်းထိုင်ဘုန်းကြီးလည်း မန်းလေးဘက်ကိုကြွသွားပြီလို့ သိရတယ်။ ခုဦးဆောင်ကျင်းပနေတာက ရွာလူကြီး ကြံ့ခိုင်ရေးပါတီဝင် ဦးကျော်မြင့်ကဦးဆောင်ကျင်းပနေတာတဲ့လို့ ပင်းဘောဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိ အလှူတော်မင်္ဂလာပွဲကို ဦးဆောင်ကျင်းပနေသူဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းစချိန် ထုံးရေပေါက်ရွာက လူငယ်တစ်ယောက်ကို PDF လို့စွပ်စွဲပြီး သတ်ဖြတ်လိုက်သူဖြစ်ပြီး မြစ်ကြီးနား မပခတပ်ထဲသွားရောက်ပုန်းရှောင်နေသူဖြစ်ကာ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပင်းဘောရွာထဲပြန်လာပြီး အုပ်ချုပ်ရေးမှူးလုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်ရှိကျင်းပနေတဲ့ ပွဲနဲ့ပတ်သက်ပြီး  KNG သတင်းဌာနအနေနဲ့ ဦးကျော်မြင့်ကို ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

မိုးကောင်းမြို့နယ်ထဲမှာ ဒီနှစ် နှစ်ဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ SNA တပ်တို့် စစ်ရေးလှုပ်ရှားတာတွေ ခပ်စိပ်စိပ်ပြုလုပ်နေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီအတွင်း ခရီးသွားယာဉ်တွေကိုတားပြီး အရပ်သား ၁၀ ဦးဝန်းကျင်ကို စစ်တပ်က နန်းခွင်တံတားမှာ စစ်တပ်နဲ့ SNA တပ်တို့ဖမ်းဆီးသွားတဲ့ဖြစ်စဉ်တွေလည်းရှိခဲ့ပါတယ်။

By – ဇမီ

Show More

Related Articles

Back to top button