သတင်း

မန္တလေး- ဗန်းမော်လမ်းမကြီးပိတ်ထားတာ ၁၀ ရက်ကျော်ကြာလာချိန် ဗန်းမော်မှာကုန်ဈေးနှုန်းတွေမြင့်တက်

မန္တလေး– ဗန်းမော်လမ်းမကြီးပိတ်ထားတာ ၁၀ ရက်ကျော်ကြာလာတာနဲ့အမျှ ဗန်းမော်မှာကုန်ဈေးနှုန်းတွေမြင့်တက်လာပြီး ကုန်စည်ပစ္စည်းတစ်ချို့ပြတ်လပ်စပြုနေပြီဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၀ ရက်ကနေ ဗန်းမော်မြို့မှာ ကုန်တင်ကားတွေမဝင်တော့တဲ့အတွက် လက်ရှိမှာတော့ ဈေးသည်တွေအနေနဲ့လည်း လက်ကျန်တွေကိုသာရောင်းချနေပြီး ကုန်ပစ္စည်းတွေလည်းဝယ်ယူရခက်လာပြီလို့ စျေးသည်တစ်ယောက်က KNG ကိုပြောပါတယ်။

ပစ္စည်းတွေကိုသိုလှောင်ပြီး မရောင်းကြတော့ဘူးလေ ရှိတာဟာလေးတွေကိုဘဲ ရောင်းတယ်ပေါ့နော်၊ ကျွန်မတို့ မြို့အနေနဲ့ကျတော့လည်း ဘယ်အချိန်ဘာဖြစ်လာမယ်မှန်းမသိလို့  လမ်းပန်းဆက်သယ်ရေးမကောင်းတဲ့အခါကျတော့ ကျွန်မတို့အနေနဲ့ ယူပြီးမှ ရောင်းလို့မရဘူး။တကယ်ယူရောင်းမယ်ဆိုရင်လည်း လမ်းခရီးခက်ခဲတယ်ကြန့်ကြာတယ် ပြီးရင် သယ်ယူစရိတ်တွေမြင့်တက်တဲ့အတွက် ကုန်ဈေးနှုန်းတွေလည်းတက်လာမှာပေါ့

လက်ရှိ ဗန်းမော်မြို့မှာ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာခဲ့တဲ့ ယာယီစစ်ရှောင်ပြည်သူတွေလည်းရှိနေပြီး လူဦးရေပိုမိုများလာတဲ့အတွက် ဝယ်လိုအားများနေပြီး ကုန်ပစ္စည်းတွေအရင်လို ပေါပေါများများမရှိတော့ဘဲ ဈေးနှုန်တွေလည်း မြင့်တက်လာတယ် လို့ဆိုပါတယ်။

ဒါ့အပြင် စက်သုံးဆီကားကြီးတွေလည်း မဝင်တော့တဲ့အတွက် ဗန်းမော်မှာ စက်သုံးဆီတွေကို အချိန်ပိုင်းနဲ့သာရောင်းချပေးနေတယ်လို့ ဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။

ဗန်းမော်မှာ ဆီတွေက အရင်လှောင်ထားတဲ့ ဆီတွေကိုဘဲ အချိန်ပိုင်းနဲ့ ရောင်းတယ်ဆိုတဲ့ သဘောနဲ့ဘဲရောင်းနေကြတာ ရောင်းပေမယ့်လည်း အလေးချိန်မပြည့်ဘူး၊ ကားသော်လည်းကောင်း ဆိုင်ကယ်သော်လည်းကောင်း အပေါက်ဝမှာတည့်ပြီး ညှစ်လိုက်တာနဲ့ ခဏလေးဆိုပြည့်ပြီ အရင်က ၆၀၀၀ ဖိုးလောက်ဆို ဆီအပြည့်ရတာ၊ အခု ၁သောင်းဖို့ထည့်လည်း မပြည့်ဘူး၊ တဝက်သာသာဘဲရတယ်လို့ပြောပါတယ်။

လက်ရှိ ဗန်းမော်မှာ ကြက်သား ၁ပိဿာ ၁၉၀၀၀ ကျပ်၊ အိမ်ကြက် ၂၄၀၀၀ကျပ်၊ အမဲသား ၁ပိဿာ ၁၈၀၀၀ကျပ်၊ ဝက်သား ၁ပိဿာ ၂၂၀၀၀ ကျပ်၊ ကြက်ဥ ၁လုံး ၃၀၀၅၀၀ ကျပ်၊ ဆီ ၄၀သား တစ်ဘူး ၅၅၀၀ ကျပ်၊ ဆန် ၆ပြည်  သောင်းကျပ်၊ ဒေသဆန် ၁ပြည် ၄၀၀၀ ကျပ်ရှိနေပြီး ဆန်ဈေးက ကားလမ်းပိတ်ပြီးနောက်ပိုင်း ဆန်တစ်အိတ်ကို  သောင်းခွဲထိမြင့်တက်နေတယ်လို့ သိရပါတယ်။

ဗန်းမော်မှာ ကားလမ်းတွေအနေနဲ့ ဗန်းမော်ရန်ကုန်၊ ဗန်းမော်မန္တလေး၊ ဗန်းမော်မြစ်ကြီးနား၊ ဗန်းမော်ရွှေကူ၊ ဗန်းမော်ကသာ စတဲ့ လမ်းပိုင်းတွေရှိပေမဲ့ အဝင်အထွက်မရှိတာ ၁၀ ကျော်ကြာလာပြီး တစ်ချို့ကားသေးတွေကတော့ တစ်ခြား ကွင်းလမ်းဘက်ကနေ သွားတာမျိုးရှိသလို ဗန်းမော်ကနေ ကောင်းတုံရွာထိစက်လှေတွေနဲ့သွားကြီပြီးတော့ အဲ့ကတစ်ဆင့် ရွှေကူ၊ ကသာထိသွားကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ မေလ  ရက်နေ့ မနက်ပိုင်းကစပြီး ကချင်လွတ်လပ်ရေးတပ်တော် KIA ကချင်ပြည်သူ့ ကာကွယ်ရေးတပ် KPDF  ပူးပေါင်းတပ်တွေဟာ ဗန်းမော်ခရိုင် မြို့နယ်  ခုမှာရှိတဲ့ စစ်တပ်စခန်းတွေကို တစ်ပြိုင်နက်ထိုးစစ်ဆင်နေပြီး နေရာအနှံ့တိုက်ပွဲပြင်းထန်နေတာကြောင့် နှစ်ဖက်လက်နက်ကိုင်တပ်တွေက ကားလမ်းပိုင်း ဖြတ်သန်းသွားလာခွင့်တွေကို ပိတ်လိုက်တာဖြစ်ပါတယ်။

By – Bu Bu

Show More

Related Articles

Back to top button