စစ်ရေးသတင်း

လားရှိုးမြို့ပြည်သူများ လေကြောင်းအန္တရယ်ကြောင့် မြို့ပြန်စွန့်ခွာရမယ့်အခြေနေထပ်ကြုံနေရ

ရှမ်းမြောက် လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဆက်တိုက်ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ မြို့ကို ထပ်ပြီးစွန့်ခွာရမယ့်အခြေအနေမှာရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ  ရက်နေ့ မနက် ၁၀ နာရီခွဲဝန်းကျင် လားရှိုးမြို့ အထွေထွေအုပ်ချုပ်ရေးရုံးအပါအဝင် နေရာ  နေရာလောက်ကို စစ်တပ်က လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲခဲ့တဲ့အတွက် အရပ်သားပြည်သူ ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိပြီး  ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေ ပြောပါတယ်။

ဒီလိုပဲ လေယာဉ်နဲ့ ဆက်တိုက်လာပစ်နေရင်တော့ ပြန်ထွက်ကြဖို့ ပြင်ဆင်ထားတယ်။ အခုလောလောဆယ်တော့ သူခိုးရန်ကာကွယ်ဖို့ နေ့ဆိုရင် တစ်အိမ်မှာ တစ်ယောက် နှစ်ယောက် အိမ်လာစောင့်ပြီး ညဆိုရင်တော့ အားလုံး တစ်နေရာမှာပဲစုပြီးအိပ်တယ်။ ဒီနေ့မနက် လေယာဉ်ပျံဝဲမှုတော့ရှိပေမဲ့ ဗုံးကြဲတာတော့မရှိဘူး။လို့ လားရှိုးဒေသခံတစ်ဦးက ကချင်သတင်းဌာန KNG ကို ပြောပါတယ်။

လားရှိုးမြို့ကို စစ်တပ်ဘက်က ဩဂုတ် ၃၀ ရက်နေ့နဲ့ စက်တင်ဘာ  ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု  ကြိမ်ပြုလုပ်ခဲ့ပေမယ့်  အဆောက်အအုံတွေပျက်စီးတာ၊ လူထိခိုက်တာတွေမရှိခဲ့ပါဘူးလို့ သူကဆက်ပြောပါတယ်။

 သို့သော် စက်တင်ဘာလ  ရက်  ဗုံးကြဲတိုက်ခိုက်မှုမှာ ကိုးကန့် MNDAA အရာရှိတစ်ဦးသေဆုံးတဲ့အပြင် အရပ်သား  ဦးသေဆုံးပြီး ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိထားတာ  ဖြစ်ပါတယ်။ 

လားရှိုးမြို့ကို ကိုးကန့် MNDAA တပ်ဘက်က မြို့အလုံးစုံတိုက်ခိုက်သိမ်းပိုက်လိုက်တာ  လကျော်ကြာလာချိန် စစ်တပ်ဘက်က အခုလို လေယာဉ်နဲ့ဆက်တိုက်ဗုံးကြဲဆက်တိုက်လုပ်ဆောင်လာတာကြောင့် ဒေသခံပြည်သူတွေအတည်တကျ ပြန်လည်အခြေချနေထိုင်နိုင်ဖို့ ခက်ခဲနေတာဖြစ်ပါတယ်။

ကြားရတဲ့သတင်းကတော့ ကိုးကန့် နဲ့ စစ်တပ်တို့နှစ်ဖက် သဘောတူညှိနှိုင်းမှု တစ်စုံတစ်ခုတော့ရှိနေတယ်။ စစ်တပ်ဘက်ကလည်း လားရှိုးကိုတော့ ပြန်ယူဖို့ဆိုပြီး ကောလဟာသတင်းထွက်နေတယ်။လို့ လားရှိုးဒေသခံကဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ  ရက်နေ့ကစပြီး လားရှိုးမြို့ကို ကိုးကန့် MNDAA တပ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် တိုက်ပွဲငြိမ်သက်သွားပြီဖြစ်ပေမယ့် ဒေသခံပြည်သူတွေလေကြောင်းအန္တရာယ်ကို ဆက်လက်စိုးရိမ်နေရဆဲဖြစ်ပါတယ်။

ဒါကြောင့် ဒေသခံပြည်သူတစ်ချို့ ပစ္စည်းတွေလာသယ်ယူတာ၊ အိမ်ကိုခဏတဖြုတ်လာကြည့်ရုံပြီး ပြန်ထွက်ကြတာများတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့အပတ်ကပဲ မိမိနေအိမ်ကိုပြန်လာနေပြီဖြစ်တဲ့ လားရှိုးဒေသခံအမျိုးသမီးတစ်ဦးကလည်း လက်ရှိလေကြောင်းအန္တရာယ်ကြောင့် ဆက်လက်ထွက်ပြေးရမဲ့အခြေအနေကို တွေးပူနေတယ်လို့ ပြောပါတယ်။

လောလောဆယ်က လေကြောင်းအန္တရယ်ကို သတိထားစိုးရိမ်ပြီးနေနေသေးတယ်။ ကျမတို့လည်း ပြီးခဲ့တဲ့အပတ်ကပဲ စစ်ရှောင်ကနေ ပြန်လာကြတာဟုတ်တယ်။ အခြေအနေပေါ်မူတည်ပြီး ထပ်ထွက်ပြေးရမယ်ဆိုရင်တော့ ထပ်ပြေးရမှာပဲ။ လောလောဆယ်ကတော့ ဘယ်လိုဖြစ်လာမလဲ မဆုံးဖြတ်နိုင်သေးဘူး။ အရင်က အတည်အကျနေထိုင်နိုင်ဖို့က ခက်ခဲသေးတယ်။” လို့ လားရှိုးဒေသခံအမျိုးသမီးတစ်ဦးကလည်း ပြောပါတယ်။

တစ်ဖက်မှာလည်း လားရှိုးမြို့ပေါ်မှာတော့ ကိုးကန့် MNDAA နဲ့ UWAS  တပ်ဖွဲ့တို့ ပူးပေါင်းပြီး မြို့တွင်းတစ်ဖွဲ့တစ်လှည့်စီ တစ်နေ့  ကြိမ်လောက် ကင်းလှည့်ပေးနေတာလည်း ရှိတယ်လို့ဆိုပါတယ်။ 

လက်ရှိချိန်ထိ ကိုးကန့်ဘက်က လားရှိုးမြို့တွင်းကို အုပ်ချူပ်ရေးယန္တရားလည်ပတ်နိုင်ခြင်းမရှိသေးပေမယ့် လျှပ်စစ်မီးနဲ့ ဆေးရုံလုပ်ငန်းတွေတော့ လည်ပတ်နိုင်အောင်ကြိုးစားနေကြတယ်လို့ သိရပါတယ်။

စာသင်ကျောင်းတွေတော့ဘယ်အချိန်မှ စလို့ရမယ်မှန်းမသိသေးလို့ ကျောင်းဆရာ၊ဆရာမတွေ နာမည်စားရင်းတွေလာ ထည့်ကြတာကိုတော့ လက်ခံနေတယ်။တချို့ကတော့ ပြန်လာပြီး ပစ္စည်းတွေ လာသိမ်းယူပြီး ပြန်ထွက်ကြတာများပါတယ်။ များသောအားဖြင့်တော့ မပြန်လာရဲသေးတာပေါ့။လို့ နောက်ထပ်လားရှိုးဒေသခံအမျိုးသမီးတစ်ဦး က ပြောပါတယ်။  

လက်ရှိ လားရှိုးမြို့ပေါ် ကိုးကန့် MNDAA တပ်ဖွဲ့ဟာ မြို့တော်ခန်းမအပါအဝင် အစိုးရနဲ့ဆိုင်တဲ့ နေရာ၊ စာသင်ကျောင်းတွေမှာ ၂၀၀၈ အခြေခံဖွဲ့စည်းပုံအရ စစ်ကောင်စီစွဲကိုင်တဲ့အလံကို ရှေ့ဦးထားပြီး အလံလွင့်ထူထားတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။ 

ကိုးကန့်ဘက်က အခုလိုစစ်တပ်စွဲကိုင်တဲ့နိုင်ငံတော်အလံကို လွင့်ထူးထားရတဲ့အကြောင်းရင်းကိုတော့ မသိရှိရဘူးလို့ ဒေသခံတွေဘက်ကပြောပါတယ်။

By – ဂျာဘောက်ရာ

Show More

Related Articles

Back to top button