ဖားကန့် ဗျူဟာကုန်းပစ်ခတ်ခံရပြီးနောက် စစ်တပ်က စစ်အင်အားပြန်လည်ဖြည့်တင်းပြီး ထိုးစစ်ဆင်နေ

ဖားကန့်မှာ တပ်မကုန်းပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ဘက်ကနေ စစ်အင်အားပြန်လည်ဖြည့်တင်းပြီး ထိုးစစ်ဆင်နေတာကြောင့် လုံးခင်းကျေးရွာအနီး ရွာတစ်ချို့မှာ စစ်ရေးတင်းမာမှုဖြစ်နေတယ်လို့ သိရပါတယ်။

ဧပြီလ  ရက်နေ့ ကားမိုင်း – နန့်ယား ဖားကန့်လမ်းပိုင်းကနေ လဝါးကျေးရွာမှာ တပ်စွဲထားတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က အိမ်စီးကား  စီးနဲ့ စစ်ကူတက်လာခဲ့ရာ ဖားကန့်မြို့အဝင်ယမ်းချက်စက်ရုံနဲ့ တပ်မကုန်းက စစ်အင်အားပူးပေါင်းပြီး ထိုးစစ်ဆင်လာတဲ့အတွက် လုံးခင်းကျေးရွာတစ်လျှောက်မှာ စစ်ရေးတင်းမာမှုဖြစ်နေတယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။

မင်းဇေသန့်အဖွဲ့တွေ ကား  စီးလောက်နဲ့ တက်လာတယ်။ တစ်ချို့က  စီးနဲ့ စစ်အင်အားအပြည့်တက်လာတယ်လို့တွေ့တဲ့လူတွေကပြောပါတယ်။ တကယ်လည်း အဲ့အဖွဲ့တွေ ဖားကန့်ကိုရောက်လာတယ်။ တပ်မကုန်းကအဖွဲ့ က နမ်းဖြစ်မှာ လာကြိုတယ်။ ပြီးရင် လုံးခင်း မိန်းလမ်းမကြီးအတိုင်းတက်လာတာတော့မဟုတ်ဘူး။ မလန်တုန် ဘက်ကနေ ဥရုချောင်းကို ဖြတ်ပြီး စစ်ကြောင်းထိုးလာတာ။ အဲ့ဒါကြောင့် လုံးခင်းဘက်မှာ တင်းမာမှုဖြစ်နေကြတာလို့ ဖားကန့်ပြည်သူ အမျိုးသားတစ်ဦးပြောပါတယ်။

စစ်ကူတက်လာတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အပါ စစ်အင်အား ၅၀ ခန့်ရှိပြီး ဖားကန့် တပ်မကုန်းထဲကို မနေ့က ညပိုင်းဝင်ရောက်သွားတယ်လို့ သိရပါတယ်။

စစ်ကြောင်းတက်လာတဲ့အချိန် လုံးခင်းကျေးရွာထဲမှာ အရပ်ဝတ်နဲ့ စစ်သားတစ်ဦး ပစ်သတ်ခံရမှုရှိခဲ့ပါတယ်။

အဲ့ဒီပစ်သတ်ခံရတဲ့ စစ်သားရဲ့ ရုပ်အလောင်းကို ဒီကနေ့ ဧပြီလ  ရက်နေ့ မနက်ပိုင်းမှ စစ်သားတွေက လာရောက်ကောက်ယူသွားကြတယ်လို့ ဆက်ပြီးပြောပါတယ်။

မနေ့ညနေ ပစ်သတ်ထားတဲ့ စစ်သားတစ်ဦးရဲ့ ရုပ်အလောင်းကို ဒီကနေ့ မနက်ပိုင်းမှ စစ်သားတွေက လာကောက်သွားကြတယ်တဲ့။ အလောင်းလာကောက်တဲ့အချိန်မှာ စျေးရောင်း၊ စျေးဝယ်တဲ့သူတွေကို မြန်မြန်ဝယ်ပြီး ပြန်ခိုင်းတယ်ဆိုပြီးပြောတယ်လို့ပြောပါတယ်။

PSA

စစ်သားပစ်သတ်ခံရတဲ့နေရာဟာ လုံးခင်း ဂေါက်ကွင်းလမ်းနဲ့ လုံးခင်းရွာလမ်းမကြီးဆုံး လမ်းဆုံနေရာမှာဖြစ်တယ်လို့ သိရပါတယ်။

လုံးခင်းရွာထဲမှာ စစ်သားတစ်ဦး ပစ်သတ်ခံရတဲ့ဖြစ်စဉ်ကြောင့် ဒီကနေ့ ရွာတွင်းလမ်းမပေါ် မှာ သွားလာတဲ့ပြည်သူတွေမရှိသလို ဆိုင်ခန်းတစ်ချို့လည်း ပိတ်ထားကြတယ်လို့သိရပါတယ်။

နှစ်ဖက်စစ်တပ်ရဲ့ စစ်ရေးတင်းမာမှုကြောင့် လုံးခင်းကျေးရွာနေပြည်သူတွေဟာ ရွာအချင်းချင်း သွားလာဖို့ အခက်အခဲလည်းရှိနေကြတယ်လို့ ဆိုကြပါတယ်။

ဖားကန့်ပြည်သူတွေရဲ့ ပြောဆိုချက်အရ လုံးခင်း၊ ဂေါက်ကွင်းရှိတဲ့တစ်ဖက်ခြမ်း သင်္ချိုင်းကုန်းတစ်လျှောက်မှာ KIA နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေရာယူထားပြီး လုံးခင်း မိန်းလမ်းမကြီးနဲ့ တံတားဟောင်း နေရာအထိ စစ်တပ်ဘက်က နေရာယူထားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်အင်အားဖြည့်တင်းလာတဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေဟာ လုံးခင်း၊ မှော်ဆီစာ၊ နမ်မဖြစ်  ထွယ်ဆန့်  သာယာကုန်းကျေးရွာတွေမှာ ဝင်ရောက်နေရာယူလိုက်တာကြောင့် ကျေးရွာတစ်ချို့ ဇွပ်ရာကျေးရွာဘက်ကို စစ်ဘေးတိမ်းရှောင်နေရတယ်လို့ နောက်ထပ် ဖားကန့်ဒေသခံတစ်ဦးက ဆက်ဆိုပါတယ်။

ကားမိုင်းကနေ တက်လာတဲ့ စစ်ကြောင်းတွေက ယမ်းချက်ကနေ လယ်ပြင်စာသင်ကျောင်းကိုဝင်တယ်။ အဲ့ဒီနေရာကနေ မလန်တုန်၊ ရေကျော်ထဲကို ပြန်ဝင်တယ်။ နောက် ဥရုချောင်းကို ပြန်ဖြတ်ကူးပြီး နမ်ဖြစ်၊ မှော်ဆီစာ  သာယာကုန်း ဘက်ကို နေရာပြန်ယူထားတယ်။ ဒါကြောင့် သာယာကုန်းနဲ့ တခြားရွာတွေက ပြန်ပြီးထွက်ပြေးနေကြတယ်လို့ပြောပါတယ်။

ဖားကန့်မှာ အခုလို စစ်အင်အားဖြည့်တင်းနေတာဟာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မော်ဝမ်းကျေးရွာအနီး အင်မားယန်၊ ဆွတ်ဘွမ့်  သင်္ချိုင်းကုန်း တစ်လျှောက် နေရာယူထားတဲ့ စစ်တပ်စခန်းတစ်ချို့ကို KIA နဲ့ PDF တပ်တွေ သိမ်းပိုက်လိုက်တာကြောင့် တန်ပြန်ထိုးစစ်ဆင်ဖို့ ဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေ သုံးသပ်ပြောဆိုပါတယ်။

ဒါ့အပြင် ဧပြီလ  ရက်နေ့မှာလည်း ဖားကန့် တပ်မကုန်းနေရာကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ လက်နက်ကြီး၊ ဒရုန်းပစ်ခတ်မှုတွေကြောင့် တပ်မကုန်းထဲ မီးလောင်ကျွမ်းမှုရှိခဲ့ပါတယ်။

တပ်စခန်းတစ်ချို့ လက်လွတ်လိုက်ရတဲ့အပြင် ဗျူဟာကုန်း ပစ်ခတ်ခံရတဲ့နောက် စစ်ကောင်စီတပ်တွေဟာ ဖားကန့်ဒေသထဲကို စစ်အင်အားပြန်လည်ဖြည့်တင်းကာ တန်ပြန်ထိုးစစ်ဆင်ဖို့ စစ်ရေးပြင်ဆင်နေတာဖြစ်တယ်လို့ ဖားကန့်ပြည်သူတွေသုံးသပ်နေကြပါတယ်။

ဖားကန့်ဒေသမှာ ပြီးခဲ့တဲ့ မတ်လကုန်အထိ တိုက်ပွဲငြိမ်သက်သွားပေမယ့် ဧပြီလဆန်းပိုင်းကနေ KIA က ထိုးစစ်ပြန်လည်ဖော်ဆောင်လိုက်တာဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button