လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ၃ ဦးထိခိုက်ပြီး နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက်စီး

ဖားကန့်မှာ တစ်ရက်တည်း စစ်တပ်ရဲ့ လေကြောင်း နှစ်ကြိမ်ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ကြောင့် အရပ်သား  ဦးထိခိုက်ပြီး မှော်ဆီစာကျေးရွာက လူနေအိမ်များစွာ မီးလောင်ပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။

စစ်တပ်ဟာ ဒီကနေ့ မနက်ပိုင်း ၁၂ နာရီမတိုင်မှီ မှော်ဆီစာအနီး မလောင်ကျေးရွာထဲက မြဥယျဉ်လုပ်ကွက်ဟောင်း (မြန်မာစည်သူ)နဲ့ မှော်ဆီစာနဲ့ ကုဋေမှော်လမ်းဆုံး နှစ်နေရာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

မှော်ဆီစာထဲက ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ထဲမှာ နေ့လည် ၁၂ နာရီဝန်းကျင် မှော်ဆီစာနဲ့ ကုဋေမှော်လမ်းဆုံးနေရာ ပစ်ခတ်ခံရမှုမှာ အဆိုးရွားဆုံးဖြစ်ပြီး ယခုညနေ  နာရီဝန်းကျင်အထိ လူနေအိမ်တွေ ဆင့်ကူးမီးလောင်ကျွမ်းနေဆဲဖြစ်တယ်လို့ ဖားကန့် ဒေသခံအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

ဒီကနေ့ လေယာဉ်ပစ်ခတ်ခံရတဲ့နေရာမှာက လူနေအိမ်တွေ ဆက်ပြီးမီးလောင်နေဆဲဖြစ်ပါတယ်။ ပြည်သူတွေကလည်း ကြောက်ပြီး ထွက်ပြေးတဲ့သူတွေက ထွက်ပြေး၊ နေအိမ်မီးလောင်တာကလည်း စစချင်းက  အိမ်၊  အိမ်လောက်ပဲရှိတယ်။ တစ်အိမ်ပြီး တစ်အိမ်ဆင့်ကူးလောင်နေတာအခုမိုးချုပ်တဲ့အထိဆက်လောင်နေဆဲ။ မနက်ဖြန်အထိဆက်လောင်ရင် ဘယ်အိမ်ထိပါသွားမလဲမသိဘူးလို့ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့ မှော်ဆီစာ – ကုဋေမှော်ရွာထိပ်လမ်းဆုံနေရာမှာ ကားဂိတ်၊ အထည်ဆိုင်၊ ကွမ်းယာဆိုင်နဲ့ စက်သုံးရောင်းတဲ့နေရာတွေရှိပြီး အဲ့ဒီတစ်လျှောက်က လူနေအိမ်တွေ မီးလောင်နေတာဖြစ်တယ်လို့ ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရချိန် လူနေအိမ်  လုံးခန့် စတင်လောင်းကျွမ်းခဲ့ပြီး ယခုညနေပိုင်းအထိ မီးထဲပါသွားတဲ့ လူနေအိမ် ၁၀ လုံးဝန်းကျင်ခန့်ရှိနိုင်တယ်လို့ သတင်းအရင်းအမြစ်တွေက သုံးသပ်ပါတယ်။

စစ်တပ်ဟာ နေ့လည် ၁၂ နာရီဝန်းကျင်လောက်မှာ လေကြောင်းတိုက်ခိုက်ပြီးနောက် တစ်ပြိုင်နက် စစ်တပ်ရှိတဲ့နေရာတွေကနေ ဒရုန်းလက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခဲ့တဲ့အတွက် မှော်ဆီစာ ဘုန်းကြီးကျောင်း၊ လုံးခင်း ဒေါက်တာဘိုဘိုဟန် ဆေးဆိုင်နားအထိ ဒရုန်းလက်နက်ကြီး ကျမှန်ပြီး နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ပထမအကြိမ် မနက်ပိုင်း ၁၀ နာရီဝန်းကျင်လောက်မှာ မလောင်ကျေးရွာအနီး ဗုံးကြဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ထဲမှာ မြဥယျဉ်ကုမ္ပဏီဝင်းအတွင်း ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး ကုမ္ပဏီဝန်ထမ်းတစ်ဦးလည်းထိခိုက်မှုရှိခဲ့တယ်လို့ ဖားကန့်ပြည်သူတွေပြောပါတယ်။

စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်ခံရတဲ့ဖြစ်စဉ်နဲ့ ဒရုန်းလက်နက်ကြီးကြောင့် လူနေအိမ်တွေ ထိခိုက်ပျက်စီးသွားတဲ့အပြင် အရပ်သား  ဦးလည်းပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။

လုံးခင်း၊ မှော်ဆီစာ၊ ကုဋေမှော်တစ်လျှောက်ဟာ ပြီးခဲ့တဲ့ မတ်၊ ဧပြီလကတည်းကနေ စစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား နေရာလုတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

သို့ပေမယ့် စစ်တပ်က စစ်ရေးအရ စစ်ရေးနေရာတွေမှာ တိုက်ခိုက်တာမျိုးမလုပ်ဘဲ ကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ နောက်ထပ် ဖားကန့်ဒေသခံတစ်ဦးက ဆက်ဆိုပါတယ်။

လက်ရှိက လုံးခင်း၊ မှော်ဆီစာ၊ ကုဋေစသဖြင့် အဲ့တစ်ကြောက တိုက်ပွဲဖြစ်တဲ့ ဆက်စပ်ကြောမှာရှိနေတယ်။ ဖားကန့်က တောမှာဖြစ်နေတဲ့တိုက်ပွဲမဟုတ်ဘူး။ မြို့ပြတိုက်ပွဲလိုဖြစ်နေတာ။ စစ်တပ်က ဘယ်လိုဖြစ်နေလဲဆိုတော့ စစ်ရေးကို စစ်ရေးလိုမတိုက်ဘူး။ ပြည်သူ့နေအိမ်တွေမှာတပ်စွဲတယ်။ SKY ဟိုတယ်တွေလည်းတပ်စွဲထားတာဖြစ်တယ်။ ဒီလိုမျိုးအခြေအနေမှာ ပြည်သူတွေကတော်တော်ခက်ပါတယ်လို့ပြောပါတယ်။

ဒီကနေ့ မနက်ပိုင်း ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် လုံးခင်း၊ မှော်ဆီစာ၊ ကုဋေမှာ် ကျေးရွာရှိ ဖားကန့်ပြည်သူတွေဟာ ကျေးရွာအတွင်းကနေ မဇွပ်ယန်၊ ကံဆီးနဲ့ ကထန်ယန် စတဲ့ကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။

ဖားကန့်တိုက်ပွဲဟာ မေလဆန်းပိုင်းကနေ ဖားကန့်ဒေသအတွင်း တစ်ခန့်အကြာ စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ ဝင်ရောက်တပ်စွဲနေရာယူထားတဲ့နေရာတွေကို ဝိုင်းရံပိတ်ဆို့ပြီး တန်ပြန်တိုက်ပွဲဖော်ဆောင်နေတာဖြစ်ပါတယ်။

မေလ  ရက်ကနေ  ရက်နေ့အထိဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဘက်က ထိခိုက်မှုများပြီး အခုလိုလေကြောင်းနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်နေတာဖြစ်တယ်လို့ ဖားကန့်စစ်ရေးသတင်းအရင်းအမြစ်တွေကပြောဆိုပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button