ကားမိုင်းလမ်း ထပ်ပိတ်မယ်လို့သတင်းထွက်နေ

အာဏာသိမ်းစစ်တပ်က ဖားကန့်ကားမိုင်းနန့်ယားလမ်းပိုင်းကိုပိတ်ပြီး စစ်အင်အားနဲ့ စစ်လက်နက်တွေသယ်ယူဖို့ ပြင်ဆင်နေကြောင်း သတင်းတွေထွက်ပေါ်နေတယ်လို့ ဖားကန့် ပြည်သူတွေပြောပါတယ်။

တစ်ကျော့ပြန် စစ်အင်အားတွေသယ်ယူနိုင်ဖို့ မိုးကောင်းအခြေစိုက် စကခ()မှာ စစ်အင်အားတွေ စုဝေးပြင်ဆင်နေတယ်လို့ သိရပါတယ်။

အခုက အလံဖြူတွေထောင်၊ ကားမှန်တွေချပြီးတော့ သွားလာနေကြသေးတယ်။ ဒါမေပယ့် ၂၀ ရက်နေ့နောက်ပိုင်း စစ်တပ်က ဖားကန့်ထဲကို ဝင်ဖို့ စုဖွဲ့နေတယ်လို့ကြားနေရပါတယ်လို့ဖားကန့် ပြည်သူအမျိုးသားတစ်ဦးက KNG ကိုပြောပါတယ်။

စစ်တပ်က မေလ ၂၀ ရက်နေ့နောက်ပိုင်း ကားမိုင်းနန့်ယားလမ်းပိုင်းကို ပိတ်ပြီး စစ်အင်အားအလုံးအရင်းနဲ့ ပြန်ပြီး ဝင်ရောက်ဖို့ ပြင်ဆင်နေတယ်လို့ ပြောဆိုတာလည်းဖြစ်ပါတယ်။

လက်ရှိ ဖားကန့်သွား ကားမိုင်းလမ်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရေးကြောင့်ဆိုပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၁ ရက်နေ့နောက်ပိုင်း ရက်အကန့်အသတ်မရှိသွားလာခွင့်ပိတ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် မေလဆန်းပိုင်းကနေ စစ်တပ်ရဲ့ ထိန်းချုပ်မှုနဲ့ ဖားကန့် ပြည်သူတစ်ချို့ အဆင်းအတက်ရှိကြသလို ကုန်တင်ကားနဲ့ စျေးသည်ကယ်ရီးသမားတစ်ချို့က ဖားကန့်ထဲကို ဝင်ရောက်နေတာဖြစ်ပါတယ်။

KIA ဘက်က သွားလာခွင့်ပိတ်ထားတဲ့ လမ်းပိုင်းကနေ သွားလာနေတဲ့အတွက်လည်း ယခုရက်ပိုင်းအတွင်းမှာပဲ လမ်းပိုင်းမှာ ဒရုန်းပစ်ခတ်ခံရပြီး စျေးသည်တစ်ချို့ ထိခိုက်သေဆုံးမှုရှိခဲ့ပါတယ်။

ဖားကန့်ဒေသထဲကို အဓိက ကုန်စည်စီးဆင်းတဲ့ ကားမိုင်းနန့်ယား ဖားကန့်လမ်းပိုင်းကို KIA က စစ်ရေးဆိုပြီး ပိတ်ထားတဲ့အပြင် စစ်တပ်ဘက်လည်း ပြန်ပြီးပိတ်မယ်ဆိုတဲ့ သတင်းကြောင့် ဖားကန့်ပြည်သူတစ်ချို့က စိုးရိမ်ပူပန်မှုတွေ ဖြစ်နေကြတယ်လို့ နောက်ထပ် ဖားကန့် ဒေသရှိ အမျိုးသားတစ်ဦးက ဆက်ပြီးပြောပြပါတယ်။

အဲဒီသတင်းက လောလောဆယ်ပျံ့နေတာတော့ဟုတ်တယ်။ သွားလာနေကြတယ်လို့တော့ကြားနေရတယ်။ ပြည်သူတွေက စိုးရိမ်နေကြတာပေါ့လေ။ လမ်းပြန်ပြီးပိတ်လိုက်ရင် ကုန်စျေးနှုန်းတွေ တက်နေတဲ့ ထဲကနေ ပြန်တက်မယ်။ သွားရေးလာရေးမှာ ပိုပြီးခက်ခဲသွားမယ်။ တကယ့်စိုးရိမ်စရာပါပဲလို့ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ဆန်းပိုင်းကနေ စစ်တပ်က ကားမိုင်းနန့်ယား လမ်းပိုင်းအသုံးပြုပြီး ၃ ကြိမ်ခန့် စစ်အင်အားဖြည့်တင်းခဲ့တာကြောင့် လမ်းပိုင်းကို KIA ဘက်ပိတ်ထားတာဖြစ်ပါတယ်။

ဒါပေမယ့် စစ်တပ်ဘက်က သွားလာခွင့်ပြုထားပြီး လက်ရှိမှာ စစ်တပ်ဘက်လည်း ပြန်ပိတ်လိုက်ဖို့ သတင်းတွေထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Leave a Reply

Back to top button