မြစ်ကြီးနားမှာ တစ်ရက်တွင်း မီးလောင်မှု ၂ နေရာဖြစ်ပွား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ တစ်ရက်အတွင်း မီးလောင်ကျွမ်းမှု  နေရာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မေလ ၂၄ ရက်နေ့  ၁၂ နာရီဝန်းကျင်က မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအကျော်ရှိ နေအိမ်တစ်အိမ် မီးလောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မနက် ၁၀ နာရီ ၂၀ မိနစ်ဝန်းကျင်မှာလည်း လယ်ကုန်းရပ်ကွက်၊ နယ်မြေ(၁၀) လမ်းသွယ်(၂၂)မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခြံတစ်ခြံအတွင်း ဆောက်ထားတဲ့ ထရံအိမ်  လုံး မီးလောင်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ မကြာခဏ မီးလောင်ကျွမ်းမှုတွေ ဖြစ်ပွားနေတာနဲ့ပတ်သက်ပြီး မြို့ခံတစ်ဦးကတော့အခု မီးလောင်တာတွေက လျှပ်စစ်မီးနဲ့လည်း ဆိုင်တယ်။ မီးလာတဲ့အချိန်ဆို ဆောင့်ကနဲလာလိုက်၊ ပြန်ပျက်သွားလိုက်နဲ့။ တချို့အချိန်တွေမှာလည်း မီးက မိန်မိန်ကြီးနဲ့ ပျက်သွားတာမျိုးတွေ ရှိတယ်” လို့ သုံးသပ်ပြောဆိုပါတယ်။

အဆိုပါ မီးလောင်မှုတွေကို မြစ်ကြီးနားခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်  စီး၊ မီးသတ်ရေသယ်ယာဉ်  စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ လူမှုကယ်ဆယ်ရေးအသင်းတွေ ပူးပေါင်းငြှိမ်းသတ်ခဲ့ကြပြီး မိနစ် ၃၀ ခန့်အကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၉ ရက်နေ့ကလည်း အောင်နန်းရပ်ကွက် ဗလီကျောင်းအနီးရှိ နှစ်ထပ်အိမ်တစ်အိမ် မီးလောင်ကျွမ်းခဲ့သလို၊ မေလ  ရက်နေ့မှာလည်း မြစ်ကြီးနားမြို့ မြို့သစ်ကြီးကွက်သစ် လမ်းသွယ်() နယ်မြေ(၁၅)ရှိ နေအိမ်တစ်လုံး လျှပ်စစ်ရှော့ဖြစ်ပြီး မီးလောင်ကျွမ်းသွားခဲ့ပါတယ်။

ဒါ့အပြင် ဧပြီလ  ရက်နေ့ကလည်း ရွှေစက်ရပ်ကွက် ကရိန်နော်အပန်းဖြေစခန်းသွားရာ လမ်းမကြီးဘေးရှိ ဆီဘောက်ဇာကားတချို့နဲ့ စက်သုံးဆီသိုလှောင်ဂိုဒေါင်တစ်ခု မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

နောက်ထပ် မတ်လ  ရက်နေ့မှာလည်း ခေမာသီရိ လမ်းသွယ်(၂၁)ရှိ “ပညာအလင်းတန်း” ဘော်ဒါဆောင် မီးလောင်ကျွမ်းခဲ့တယ်လို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီလတစ်လအတွင်း လယ်ကုန်းရပ်ကွက် နယ်မြေ()မှာ နေအိမ်  လုံး မီးလောင်ခဲ့သလို၊ မြို့သစ်ကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးရှိ နှစ်ထပ်အိမ်တစ်အိမ်လည်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်  စီးနဲ့အတူ အိမ်တစ်လုံးလုံး မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

ဒီနှစ်တွင်း ခုလိုမီးလောင်မှုခပ်စိပ်စိပ်ဖြစ်တာတဲ့အပေါ် လျှပ်စစ်မီးပြုပြင်တဲ့လုပ်ငန်းမှာ ၁၅ နှစ်ကျော် အတွေ့အကြုံရှိသူ အမျိုးသားတစ်ဦးကတော့ မန်ခိန်ကဖြစ်စဉ်မှာတော့ ပလက်ပေါက်ကနေလောင်တာလို့ သိရတယ်။ အဓိကက ဘူးဂါးနဲ့ချည်း မဆိုင်ဘူး ကိုယ်အသုံးပြုတဲ့ accessories (ပစ္စည်းတွေကိုလည်း စနစ်တကျ သုံးဖို့လိုတယ်။ ပစ္စည်းတွေကလည်း အရည်အသွေးကောင်းတာ ဖြစ်ရမယ်။ မီးကြိုးတွေဆိုရင်လည်း ဈေးသက်သာတာ မသုံးသင့်ဘူး” လို့ ပြောပါတယ်။

KNG က ကောက်ယူရရှိထားတဲ့ အချက်အလက်တွေအရ ၂၀၂၅ ခုနှစ်အတွင်း မီးလောင်ကျွမ်းမှု  ကြိမ် ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှု  ဦးရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ ကာလအတွင်း မြန်မာတစ်နိုင်ငံလုံးမှာ မီးလောင်ကျွမ်းမှုဖြစ်စဉ်ပေါင်း  ထောင်ကျော် ဖြစ်ပွားခဲ့တယ်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက မေလ  ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

By – Hope

Show More

Leave a Reply

Back to top button