-
Apr- 2024 -5 Aprilသတင်း
လမ်းခရီးကြောင့် တရုတ်ဘက်ပို့လို့မရတော့တဲ့ ဖရဲသီးနဲ့ငှက်ပျောသ်ီးများ ပြည်သူတွေကိုဝေပေးနေ
စစ်ရေးတင်းမာနေတဲ့ ဗန်းမော်– လွယ်ဂျယ်သွားသွားလမ်းမကြီးပိတ်ထားလို့ တရုတ်ပြည်ဘက်သွင်းမယ့် ငှက်ပျောသီးနဲ့ ဖရဲသီးတွေကို ကားသမားတွေဟာ မြို့မှာရှိတဲ့ပြည်သူတွေကို လိုက်ဝေပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ ဒီနေ့မှာတော့ ၁၂ ဘီးကားအပြည့်တင်ထားတဲ့ ဖရဲသီးတင်ထားတဲ့ကားနဲ့ ငှက်ပျောသီးတင်ထားတဲ့ကားတွေဟာ တရုတ်ပြည်ဘက်ကိုပို့ဖို့အဆင်မပြေတော့တဲ့အတွက် လူများတဲ့ဗန်းမော်မြို့ထဲက ရပ်ကွက်၊ ကျေးရွာတွေမှာရပ်ပြီး လိုက်ဝေပေးနေတယ်လို့ ဗန်းမော်မြို့ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “ငှက်ပျော၊ ဖရဲကားတွေက လူများလောက်တဲ့နေရာတွေမှာရပ်ပြီး ဝေပေးနေကြတယ် တက်ယူတဲ့သူတွေကယူနဲ့ ကြိုက်သလောက် ယူနေကြတယ်။ တစ်ချို့က သုံးဘီးတွေနဲ့ တောင်လာယူကြတယ်၊ ဆိုင်ကယ်တွေနဲ့ရောဘဲ တင်ယူနေကြတယ်”လို့ပြောပါတယ်။…
Read More » -
5 Aprilသတင်း
နန်းခွင်ဆေးရုံသစ်မှာ SNA တပ်နေရာယူတပ်စွဲထား
မိုးကောင်းမြို့နယ် နန်းခွင်ရွာမှာရှိတဲ့ ဆေးရုံထဲမှာ ရှမ်းနီအမျိုးသားများတပ်မတော် SNA တပ်ဖွဲ့ တပ်စွဲနေရာယူထားပြီး ဆေးရုံရှေ့မှာ အခွန်ခကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဧပြီလ ၅ ရက်နေ့ ဒီနေ့မနက် ၅ နာရီဝန်းကျင်ကစပြီး မိုးကောင်းမြို့နယ်ထဲမှာ အဓိကစစ်ရေးလှုပ်ရှားနေတဲ့ SNA တပ်တွေဟာ ဆေးရုံအဆောက်အဦးထဲ ဝင်ရောက်တပ်စွဲနေပြီး ဆေးရုံရှေ့လမ်းမမှာတော့ လမ်းသွားလမ်းလာသူပြည်သူတွေကို စစ်ဆေးပြီး အခွန်ကောက်ခံနေတယ်လို့ နန်းခွင်ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “မနက်ကနေ တပ်စွဲထားတယ် အရင်လို SNA ဝတ်စုံနဲ့မဟုတ်ဘူး အရပ်ဝတ် အပြင်ကျည်ကာလိုမျိုး အမည်းရောင် ဝတ်စုံနဲ့နေကြတယ်။ ဟုတ်တယ် ဆေးရုံအရှေ့မှာဆေးရုံက ပြည်ထောင်စု ကားလမ်းမကြီးနံဘေးမှာကားတွေကို ထွက်တားပြီး ငွေကောက်နေတာ”လို့ပြောပါတယ်။ လက်ရှိ SNA တပ်ဖွဲ့ဝင်ရောက်တပ်စွဲနေရာယူနေတဲ့ ဆေးရုံဟာ ရပ်ကွက်(၆) ရွှေနန်းမြေလမ်းမထိပ်မှာရှိပြီး အသစ်ဆောက်လုပ်ထားတဲ့ဆေးရုံဖြစ်ပြီး ဖွင့်ပွဲမကျင်းပရသေးဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။…
Read More » -
5 Aprilသတင်း
ဗန်းမော် နမ့်ဖားဂိတ်မှာ စစ်ဆေးရေးတင်းကြပ်လို့ ရွာပေါင်း ၂၀ ကျော်ကပြည်သူတွေစားသောက်ကုန်သယ်ယူဖို့ခက်ခဲနေ
စစ်ကောင်စီတပ်စွဲထားတဲ့ ကချင်ပြည်နယ် ဗန်းမော်မြို့က နမ့်ဖားဂိတ်မှာ စစ်ဆေးရေးတင်းကြပ်နေပြီး ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူတွေ စားသောက်ကုန်တွေနဲ့ စက်သုံးဆီသယ်ယူခွင့် ခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ဆေးရေးတင်းကျပ်တာဟာ ဒီနှစ် ၁လပိုင်းလောက်ကနေ စခဲ့တာ ဖြစ်ပေမဲ့ လက်ရှိမှာတော့ ပိုမိုတင်းကျပ်လာတဲ့အနေအထားမှာ ရှိနေတယ်လို့ ဗန်းမော်မြို့နယ် ကျွဲချိုကျေးရွာက ဒေသခံအမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “သူတို့ကဒီ ကုန်ခြောက် စားနပ်ရိက္ခာတွေကို မသယ်ခိုင်းဘူးပေါ့၊ အဓိကကတော့ ဒီပွိုင့်ဖိနပ်တွေ၊ ခေါက်ဆွဲခြောက်တွေကို လုံးဝကိုသယ်ခိုင်းဘူး၊ ခေါက်ဆွဲဖာတွေဆိုရင် ၃ဖာသယ်လာပြီဆိုရင် တစ်ဖာဘဲ သယ်ခွင့်ရှိတယ်၊ သူတို့က မိသားစု သုံးဖို့အတွက်သာ ခွင့်ပြုချက်ပေးထားတာပေါ့၊ လိုက်မနာဘူးဆိုရင်လည်း အကုန်ပြန်သိမ်းသွားတယ်” စစ်တပ်ဂိတ်ဘက်က စားသောက်ကုန်၊ ဆေးဝါးတွေ သယ်ယူခွင့်ကို လိုတာထက်ပိုပြီး ပိတ်ပင်နေတာဟာ အထူးသဖြင့်တစ်ခြားအဖွဲ့အစည်းတွေကို ကူညီထောက်ပံ့မှာကို စိုးရိမ်တာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေကဆိုပါတယ်။…
Read More » -
5 Aprilသတင်း
ကျောက်စခန်းရွာမှာ ပိတ်မိနေတဲ့ ပြည်သူများလွတ်မြောက်လာ
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကျောက်စခန်းရွာနီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်နဲ့စစ်တပ်တို့အကြားတိုက်ပွဲမှာ ပိတ်မိနေတဲ့ပြည်သူတွေ ဒီနေ့မနက်မှာလွတ်မြောက်လာပြီဖြစ်တယ်လို့ လွတ်မြောက်လာတဲ့ ဒေသခံပြည်သူတွေဆီကနေ သိရပါတယ်။ ဧပြီလ ၄ ရက်နေ့ မနေ့ကစပြီး ကျောက်စခန်းရွာနားမှာ နှစ်ဖက်တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က မိုးမောက်ဘက်ကနေလက်နက်ကြီးပစ်ကူနေတဲ့အပြင် လေကြောင်းနဲ့ပါပစ်ခတ်ခဲ့အတွက် သက်ကြီးရွယ်အိုနဲ့ကလေးသူငယ်များ ဒေသခံပြည်သူတွေဟာ တစ်ရက်လုံးရွာထဲမှာပိတ်မိနေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဧပြီလ ၅ ရက်နေ့ ဒီမနက်မှာတော့ မိုးလင်းတာနဲ့တစ်ပြိုင်နက် ကျောက်စခန်းရွာ( ခဝမ်ဘန်)မှာ ရှိတဲ့ပြည်သူတွေအားလုံး မိုးမောက်၊ နီးစပ်ရာဘုန်းကြီးကျောင်းနဲ့ ဆွေမျိုးတွေအိမ်ကိုတိမ်းရှောင်နိုင်ခဲ့ကြတယ်လို့ ကျောက်စခန်းရွာကဒေသခံ အမျိုးသမီးတစ်ဦးက ခုလိုပြောပါတယ်။…
Read More » -
5 Aprilသတင်း
ကျွန်းကုန်းရွာမှာပိတ်မိနေတဲ့ SNA နဲ့စစ်သားတွေကို ကယ်ထုတ်ဖို့ စစ်တပ်ဘက်က ၅ ရက်တွင်း လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ရှိ
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် ကျွန်းကုန်းကျေးရွာထဲမှာပိတ်မိနေတဲ့ SNA စစ်သားတွေနဲ့ စစ်ကောင်စီစစ်သားတွေကို ကယ်ထုတ်ဖို့အတွက် စစ်တပ်ဘက်က ကျွန်းကုန်းအနီးဝန်းကျင်တွေကို ၅ ရက်ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်နေတာကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေရှိနေတယ်လို့ သိရပါတယ်။ ဧပြီလ ၁ ရက်နေ့ ဟုမ္မလင်း PDF မဟာမိတ်ပူးပေါင်းတွေပိတ်စို့တိုက်ခိုက်မှုကြောင့် လက်ရှိကျွန်းကုန်းကျေးရွာထဲမှာရှမ်းနီအမျိုးသားများတပ်မတော် (SNA) ၇၅၃ တပ်နဲ့ တောင်တွတ်ဘက်ကဆင်းလာတဲ့စစ်ကောင်စီစစ်သားတွေနဲ့ ပျူစောထီးတွေစုစုပေါင်း အင်အား ၂၀၀ ကျော်ပိတ်မိနေတာဖြစ်ပြီး ဒီအဖွဲ့တွေကိုကယ်ထုတ်ဖို့ စစ်တပ်က ကျွန်းကုန်းနဲ့ မနောသာကျေးရွာတွေကို ၅ ရက်ဆက်တိုက်ဗုံးကျဲတိုက်ခိုက်နေတယ်လို့ ဟုမ္မလင်းPDF တာဝန်ရှိသူတစ်ဦးက KNG ကိုပြောပါတယ်။ “ဟုမ္မလင်း ဖောင်းပြင်နယ်စပ်က ဟုမ္မလင်းထဲက ကျွန်းကုန်းကို ၃၀ ရက်နေ့ကစတိုက်ခဲ့တာ အခုဆိုရင် ၇ရက်ရှိနေပြီ အဲ့ထဲမှာရဲဘော် ၅ ယောက်ထိပြီး တစ်ယောက်ကျတယ်။ ပြည်သူခြောက်ယောက်ထိတာတစ်ယောက်သေတယ်ဗျ ဟုမ္မလင်းကတက်တဲ့ MI 2 နဲ့ပစ်တဲ့ဟာက ရဲဘော်လေးယောက်ထိတာ တစ်ယောက်ကျတယ် တံတားဦးကတက်လာတဲ့ဂျက်ဖိုက်တာနဲ့က ပြည်သူခြောက်ယောက်ထိပြီးတစ်ယောက်သေတာ”လို့သူကပြောပါတယ်။…
Read More » -
5 Aprilသတင်း
မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကားနဲ့ခရီးသည်ကားရာနဲ့ချီပြီးပိတ်မိနေ
မြစ်ကြီးနား – မန္တလေးကားလမ်းပိုင်းပိတ်ထားတာကြောင့် ကုန်ကားနဲ့ ခရီးသည်ကားတွေ ရာချီ ပိတ်မိနေတယ်လို့ ခရီးသွားပြည်သူတွေဆီကနေ သိရပါတယ်။…
Read More » -
5 Aprilသတင်း
ဟန်ထက်တပ်စခန်းကို KIA သိမ်းပိုက်ထားပေမယ့် စစ်တပ်က လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေ
နှစ်ရက်အကြာ တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော် –…
Read More » -
4 Aprilသတင်း
လွယ်ဂျယ်မြို့ အစိုးရရုံးအားလုံး KIA ချိတ်ပိတ်
“စစ်သားတွေက ရှိနေပေမယ့် KIA တပ်တွေက သူတို့လက်လှမ်းမှီသလောက် အစိုးရရုံးတွေကို ချိတ်ပိတ်ထားပြီ။ ကျန်တာတော့ ဘယ်လိုဆက်လုပ်နေကြလဲမသိဘူး”လို့ လွယ်ဂျယ်ဒေသခံအမျိုးသမီးတစ်ယောက်က KNG ကိုပြောပါတယ်။
Read More » -
4 Aprilသတင်း
မံစီမြို့နယ် ဟန်ထက် (Han Htet) ကျေးရွာမှာ တိုက်ပွဲပြင်းထန်နေဆဲ
ဗန်းမော်ခရိုင် မံစီမြို့နယ် ဗန်းမော် –…
Read More » -
4 Aprilသတင်း
ဗန်းမော်မှာတိုက်ပွဲပြင်းထန်လာမှာစိုးလို့ မြို့ခံတစ်ချို့တိမ်းရှောင်နေ
ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်လာနိုင်တဲ့အခြေနေမှာရှိနေတဲ့အတွက် မြို့ခံတစ်ချို့တိမ်းရှောင်နေတဲ့အပြင် တစ်ချို့ကတော့ကတုတ်ကျင်းတူးပြီးပြင်ဆင်နေကြပြီဖြစ်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ မတ်လ ၇ ရက်နေ့ကနေစတင်လာတဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေရဲ့ စစ်ဆင်ရေးအရှိန်ဟာ တစ်ဖြည်းဖြည်းမြင့်တက်နေတဲ့အလျောက် ဗန်းမော်ခရိုင်ရဲ့ မြို့နယ်တွေထဲမှာရှိတဲ့ စစ်တပ်အထိုင်တပ်စခန်းအများပိုင်းတိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်ပါတယ်။ တစ်ဖက်မှာ စစ်ကောင်စီတပ်တွေဟာ ဗန်းမော်တက္ကသိုလ်နဲ့ စာသင်ကျောင်းနေရာတစ်ချို့မှာ တပ်စွဲနေရာယူပြီး မြို့တွင်းကင်းပုန်းချစစ်ဆေးဖမ်းဆီးတာကို ခပ်စိပ်စိပ်လုပ်ဆောင်နေတာကြောင့် မြို့တွင်းတိုက်ပွဲဖြစ်လာမှာကို ဒေသခံတွေက စိုးရိမ်နေကြတာပါ။ ဒါကြောင့် မြို့ခံပြည်သူတစ်ချို့က မြို့စွန့်ခွာထွက်ပြေးတိမ်းရှောင်သူတွေရှိနေသလို တစ်ချို့ကတော့ကတုတ်ကျင်းတွေတူးပြီး ပြင်ဆင်နေကြတယ်လို့ သိရပြီး ကတုတ်ကျင်းတူးဖို့အနည်းဆုံးတစ်သိန်းကျပ်အထိ ပေးပြီးတူးနေရတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။…
Read More »









