KNG

Kachin News Group (KNG) သည် လွတ်လပ်သော တိုင်းရင်းသားမီဒီယာတစ်ခုဖြစ်ပြီ ကချင်ဒေသရှိ လူထု၏အသံကို ထင်ဟပ်တင်ဆက်နေသည်။
  • Feb- 2024 -
    26 February
    သတင်းဗန်းမော်

    ဖမ်းဆီးခံထားရတဲ့ အရပ်သား ၁၄ ဦးပြန်လည်လွှတ်မြောက်

    ဗန်းမော်မြို့ စီဟဲရွာ ၅ မိုင်ဂိတ်မှာ…

    Read More »
  • 26 February
    တိုက်ပွဲ

    ပင်လည်ဘူးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ

    စစ်ကိုင်းနဲ့ကချင်အစပ် ပင်လည်ဘူးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတာ…

    Read More »
  • 26 February
    တိုက်ပွဲ

    ရွှေကူအထက်လေးလမ်းဆုံ ဂိတ်ကိုလာတိုက်တဲ့ စစ်ကောင်စီတပ်အထိနာပြီး ပြန်ဆုတ်ခွာ

    ကချင်ပြည်နယ် ရွှေကူမြို့အထွက် ရွှေကူနယ်ဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF)…

    Read More »
  • 26 February
    သတင်း

    နန့်ရင်းချောင်းကူးတံတားပေါ်မှာ ကတုတ်ကျင်းတူးပြီး တပ်ချဖို့ ပြင်ဆင်နေ 

    ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် ဟိုပင်မြို့အရှေ့ဘက် နန့်ရင်းကျေးရွာနီးမှာရှိတဲ့ နန့်ရင်းချောင်းကူးတံတားထိပ်နှစ်ဖက်စလုံးကို စစ်ကောင်စီတပ်တွေကဘတ်ဖိုးနဲ့ကတုတ်ကျင်းတူးပြီး အထိုင်ချတပ်စွဲဖို့ ပြင်နေတယ်လို့ ကချင်ပြည်သူ့ကာကွယ်ရေးတပ် ( Hopin KPDF )  တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။…

    Read More »
  • 26 February
    တိုက်ပွဲ

    ရွှေဘိုနဲ့ အင်းတော်လမ်းပိုင်း ခရီးသည်ကားရာကျော်ပိတ်ဆို့နေ

    စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျောက်တန်းမှာစစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ရွှေဘိုနဲ့ အင်းတော်လမ်းတစ်လျှောက် ခရီးသည်ယာဉ်တွေသွားလာခွင့်မရဘဲ လမ်းပိတ်ဆို့ထားတာ ၄ ရက်ကြာမြင့်လာပြီဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးဘက်ကတက်လာတဲ့ ခရီးသည်ယာဉ်တွေက ရွှေဘိုမြို့နယ် စပါယ်နံ့သာမှာ ပိတ်ဆို့ထားပြီး မြစ်ကြီးနားဘက်ဆင်းလာတဲ့ကားတွေဟာ အင်းတော်နဲ့မဲဇာတောင်ခြေအနီးတဝိုက်မှာ ဖေဖော်ဝါရီလ ၂၃ ရက်ကနေ့စပြီး ၂ ဖက်စစ်တပ်က ပိတ်ဆို့ထားတာဖြစ်တယ်လို့ နန့်စီးအောင်စစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။ “အခုပိတ်ထားတဲ့နေရာတွေက အထိုင်ချထားတဲ့ ဂိတ်နေရာတွေမှာမဟုတ်ဘူး။ တိုက်ပွဲဖြစ်ပွားလို့ လမ်းခုလပ်နေရာတွေမှာ ပိတ်ထားတာဖြစ်တယ်။ ဒီကနေ့နေ့ဆိုရင် လမ်းပိတ်ထားတာ ၄ ရက်နေ့မြောက်ရှိသွားပြီ။ တိုက်ပွဲဖြစ်တာက ကျောက်တန်းနဲ့မဲဇာကြားမှာဖြစ်နေတယ်လို့ကြားတယ်”လို့ပြောပါတယ်။ ကျောက်တန်းမှာစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကနေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာကနေ လက်ရှိအချိန်အထိ ၂ ဖက်တပ် စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အပြင် ပစ်ခတ်တာတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။…

    Read More »
  • 23 February
    တိုက်ပွဲ

    စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲအပြီး စစ်ကောင်စီတပ်သားအလောင်း ၇၀ ကျော်တွေ့ရှိ

    ကချင်ပြည်နယ် မံစီမြို့နယ်ထဲက စီးခမ်းကြီးကျေးရွာ စခန်းသိမ်းတိုက်ပွဲအပြီး…

    Read More »
  • 23 February
    သတင်း

    ၃ ရက်အတွင်း လက်နက်ချဖို့ KIA ကစာပို့ခဲ့လို့မြို့လှတပ် စခန်းစွန့်ခွာ

    ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှမြို့က စစ်ကောင်စီရဲ့…

    Read More »
  • 23 February
    ဖမ်းဆီးခံရမှု

    ဗန်းမော်မြို့အဝင် ၅ မိုင်ဂိတ်မှာ အရပ်သား ၁၄ ယောက်ဖမ်းဆီးခံရ

    ဗန်းမော်မြို့အဝင် စီဟဲရွာ ၅ မိုင်ဂိတ်မှာ အမျိုးသား ၁၄ ယောက်ကို စစ်တပ်ကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဗန်းမော်ဒေသခံတွေက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ အရပ်သား ၁၄ ယောက်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ စီခမ်းကြီးစခန်းသိမ်းတိုက်ပွဲတွင်း စစ်တပ်ရဲ့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စီခမ်းကြီးရွာရဲ့တစ်ဖက်ကမ်းမှာရှိတဲ့ ပန်တိုင်းရွာရွှေကျင်တောကနေ ဗန်းမော်မြို့ဘက်ထွက်ပြေးတိမ်းရှောင်လာချိန်  ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ ဗန်းမော်မြို့ဒေသခံတစ်ယောက်က KNG ကိုပြောပါတယ်။ “ပန်တိုင်းရွာရွှေကျင်တောက ပြေးလာတဲ့ ၁၄ ယောက်အဖွဲ့မှာ သူတို့ဆိုင်ကယ်တွေကိုက မံသာနားကတစ်နေရာမှာ အပ်ထားလိမ်မယ် အဲ့ဒါနဲ့ ကားနဲ့တက်လိုက်လာတာ မြို့အဝင် စီဟဲ ၅မိုင် ဂိတ်မှာ ဆွဲချပြီးမှဖမ်းသွားလိုက်ရော” လို့ပြောပါတယ်။ ဖမ်းဆီခံရသူတွေဟာ အသက် ၁၆ ကနေ ၄၀ ဝန်းကျင်ရှိတဲ့ သူတွေဖြစ်ပြီးတော့ ပန်တိုင်းရွာ၊ ငအိုး၊ စီကော်၊ မအူပင်၊ ပြကျောင်းကျေးရွာ ဒေသခံတွေဖြစ်ကြတယ်လို့ သိရပါတယ်။…

    Read More »
  • 23 February
    စစ်ပြေးဒုက္ခသည်များ

    မံစီနယ်က ကျေးရွာ ၈ ရွာ စစ်ဘေးရှောင်နေရ

    စစ်ကောင်စီတပ်ဟာ မံစီနယ်ထဲက စီးခမ်းကြီစခန်းကို လက်လွတ်လိုက်ရတဲ့နောက် ၊ မက်လင်၊ လော်ခိုင်ရွာ၊ ခါချဥ်ရွာစတဲ့ကျေးရွာတွေကို လေယာဥ်နဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တဲ့အပြင် မနေ့ကထိ ရွာပတ်ပတ်လည် လေယာဥ်တွေပျံဝဲနေတာကြောင့် လက်ရှိ ကျေးရွာ ၈  ရွာအထိ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ စီးခမ်းကြီး ဒေသခံအမျိုးသား တစ်ဦးက KNG ကိုပြောပါတယ်။

    Read More »
  • 23 February
    သတင်း

    မြို့လှ ဗျူဟာကုန်းတပ်စခန်းက စစ်ကောင်စီတပ်သားတွေ ရွှေကူဘက်ကိုပြောင်းရွှေ့

    ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှမြို့ခွဲမှာရှိတဲ့ စစ်ကောင်စီဗျူဟာကုန်းတပ်စခန်းက စစ်ကောင်စီတပ်သားတွေအားလုံး ရွှေကူဘက်ကိုပြောင်းရွှေ့နေကြတယ်လို့ မြို့လှကာကွယ်ရေးတပ်ဖွဲ့တွေဆီ ကသိရပါတယ်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနေ့ နေ့လည်ပိုင်းလောက်ကစလို့ တပ်ပြန်ဆုတ်ဖို့အတွက် ရွှေကူမြို့က စစ်ကောင်စီတပ်ဖွဲ့တွေကပါ လုံခြုံရေးယူပေးပြီး ရေကြောင်းရော၊ ကုန်းကြောင်းပါ အသုံးပြုပြီး ရွှေ့ပြောင်းတာတွေလုပ်နေတယ်လို့ မြို့လှကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါ တယ်။ “လောလောဆယ်ကတော့ စခန်းစွန့်လာတဲ့အခြေနေကတော့ဟုတ်တယ် သူတို့အဝေးကြီးမရောက် သေးဘူး“ လို့မြို့လှကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။…

    Read More »
Back to top button