သတင်း

မြို့လှ ဗျူဟာကုန်းတပ်စခန်းက စစ်ကောင်စီတပ်သားတွေ ရွှေကူဘက်ကိုပြောင်းရွှေ့

ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှမြို့ခွဲမှာရှိတဲ့ စစ်ကောင်စီဗျူဟာကုန်းတပ်စခန်းက စစ်ကောင်စီတပ်သားတွေအားလုံး ရွှေကူဘက်ကိုပြောင်းရွှေ့နေကြတယ်လို့ မြို့လှကာကွယ်ရေးတပ်ဖွဲ့တွေဆီ ကသိရပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနေ့ နေ့လည်ပိုင်းလောက်ကစလို့ တပ်ပြန်ဆုတ်ဖို့အတွက် ရွှေကူမြို့က စစ်ကောင်စီတပ်ဖွဲ့တွေကပါ လုံခြုံရေးယူပေးပြီး ရေကြောင်းရော၊ ကုန်းကြောင်းပါ အသုံးပြုပြီး ရွှေ့ပြောင်းတာတွေလုပ်နေတယ်လို့ မြို့လှကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါ တယ်။

လောလောဆယ်ကတော့ စခန်းစွန့်လာတဲ့အခြေနေကတော့ဟုတ်တယ် သူတို့အဝေးကြီးမရောက် သေးဘူးလို့မြို့လှကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်စခန်းမှာ ခမရ ၃၈၇ နဲ့ ခလရ ၁၀ တို့အပါအဝင် ဗျူဟာမှူးပါအထိုင်ချထားတဲ့ တပ်စခန်းဖြစ်ပြီး အင်အား ၂၀၀ ကျော်လောက်ရှိနိုင်တယ်လို့ ကာကွယ်ရေးတပ်ဘက်ကခန့်မှန်းပါ တယ်။

ဒါ့အပြင် လက်ရှိ မြို့လှမြို့က စစ်ကောင်စီတပ်ဖွဲ့တွေ တပ်စခန်းစွန့်ခွာပြောင်းရွှေ့နေတဲ့အကြောင်း ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတစ်ယောက်ကအခုလိုပြောပါတယ်။

မနေ့ကတည်းက ရွှေကူက အင်အား ၈၀ လောက်က ထွက်ကြိုတယ် ဒီနေ့ပဲ မော်တော်တွေ၊ ကားတွေနဲ့ အဲ့ဒီအထိုင် တပ်က အကုန်လုံးတပ်ဆုတ်တာပေါ့ မြို့လှမြို့ပေါ်မှာပဲတပ်စွဲထားကြတာ သူတို့တပ်စွဲထားတာ  နှစ်လောက်ရှိတော့မှာပေါ့လို့ကသာမြို့နယ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကပြောပါတယ်။

လက်ရှိ အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေ မြို့လှမြို့ထဲက အုတ်ချည်ရွာမှာရောက်ရှိနေပြီလို့သူက ဆက်ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီတပ်စခန်းဟာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ရဲ့တပ်မဟာ  နယ်မြေထဲမှာ တည်ရှိတာဖြစ်ပြီး စခန်းသိမ်းခံရမှာစိုးရိမ်လို့ဖြစ်နိုင်သလို ရွှေကူမြို့ကိုသိမ်းပိုက်လာမှာစိုးရိမ်လို့ လည်း တပ်ပြောင်းရွှေ့ဆုတ်ခွာတာ ဖြစ်နိုင်တယ်လို့ ကာကွယ်ရေးတပ်ဘက်က သုံးသပ်ပါတယ်။

ဘာ့ကြောင့်ဆုတ်တာလဲဆိုတော့ ဆင်ဘိုကိုလည်းကျနော်တို့က တိုက်နေတယ်လေ အဲ့တာဆိုတော့ သူတို့ရဲ့အဓိကနေရာတွေကို ခွဲပြီး စစ်ဆင်ရေးတွေလုပ်လာတာဆိုတော့ မနေရဲတော့တာလို့ ထင်တယ် အဓိကကတော့ရွှေကူကိုစိုးရိမ်တာဖြစ်နိုင်တယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကသုံးသပ်ပါတယ်။

မြို့လှမြို့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထပ်မှာပဲ မြို့အဖြစ်သတ်မှတ်ခဲ့တာ ဖြစ်ပြီးတော့ ဗန်းမော်ခရိုင် ရွှေကူမြို့ရဲ့ မြို့နယ်ခွဲ့အဆင့်ရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

အဲ့ဒီဗျူဟာကုန်းတပ်စခန်းဟာ ၂၀၀၀ ခုနှစ်လောက်ကတည်းက ထိုင်ထားတဲ့တပ်စခန်းဖြစ်ပြီး အာဏာသိမ်းစမှာ စခန်းပြန်စွန့်သွားခဲ့ရာကနေ တပ်မ ၈၈ လက်အောက်ခံတပ်ရင်းတပ်ဖွဲ့တွေက  လေကြောင်းရောမြေပြင်ပါအသုံးပြုစစ်ကြောင်းထိုးပြီးပြန်ထိုင်ထားကြတာဖြစ်တယ်လို့ သိရပါ တယ်။

မြို့လှမြို့နယ်ခွဲဟာ စစ်ကိုင်း– ကချင်အစပ်မှာရှိတာဖြစ်ပြီး အာဏာသိမ်းပြီးတဲ့နောက် အာဏာသိမ်းပြီးတဲ့နောက် မြို့လှ KPDF ကာကွယ်ရေးတပ်တွေအားကောင်းတဲ့နေရာလည်း ဖြစ်ပါတယ်။

By – အမိုး

Show More

Related Articles

Back to top button