တိုက်ပွဲသတင်း

ရွှေဘိုနဲ့ အင်းတော်လမ်းပိုင်း ခရီးသည်ကားရာကျော်ပိတ်ဆို့နေ

ကောလင်း ကျောက်တန်းမှာ တိုက်ပွဲပြင်းထန်နေ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ကျောက်တန်းမှာစစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အတွက် ရွှေဘိုနဲ့ အင်းတော်လမ်းတစ်လျှောက် ခရီးသည်ယာဉ်တွေသွားလာခွင့်မရဘဲ လမ်းပိတ်ဆို့ထားတာ  ရက်ကြာမြင့်လာပြီဖြစ်တယ်လို့ သိရပါတယ်။

မန္တလေးဘက်ကတက်လာတဲ့ ခရီးသည်ယာဉ်တွေက ရွှေဘိုမြို့နယ် စပါယ်နံ့သာမှာ ပိတ်ဆို့ထားပြီး မြစ်ကြီးနားဘက်ဆင်းလာတဲ့ကားတွေဟာ အင်းတော်နဲ့မဲဇာတောင်ခြေအနီးတဝိုက်မှာ ဖေဖော်ဝါရီလ ၂၃ ရက်ကနေ့စပြီး  ဖက်စစ်တပ်က ပိတ်ဆို့ထားတာဖြစ်တယ်လို့ နန့်စီးအောင်စစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူ အမျိုးသားတစ်ယောက်က KNG ကိုပြောပါတယ်။

အခုပိတ်ထားတဲ့နေရာတွေက အထိုင်ချထားတဲ့ ဂိတ်နေရာတွေမှာမဟုတ်ဘူး။ တိုက်ပွဲဖြစ်ပွားလို့ လမ်းခုလပ်နေရာတွေမှာ ပိတ်ထားတာဖြစ်တယ်။ ဒီကနေ့နေ့ဆိုရင် လမ်းပိတ်ထားတာ  ရက်နေ့မြောက်ရှိသွားပြီ။ တိုက်ပွဲဖြစ်တာက ကျောက်တန်းနဲ့မဲဇာကြားမှာဖြစ်နေတယ်လို့ကြားတယ်လို့ပြောပါတယ်။

ကျောက်တန်းမှာစစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေဟာ ဖေဖော်ဝါရီ ၂၃ ရက်နေ့ကနေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာကနေ လက်ရှိအချိန်အထိ  ဖက်တပ် စစ်ရေးတင်းမာနေဆဲဖြစ်တဲ့အပြင် ပစ်ခတ်တာတွေလည်း ရှိနေသေးတယ်လို့ သိရပါတယ်။

ဒါကြောင့် လက်ရှိ အင်းတော်နယ်ထဲမှာတင် နန့်တဲ၊ ဘူးတလက်နဲ့ ကျောင်းကုန်းနေရာတွေမှာ အထက်ကိုတက်လို့မရအောင် ပိတ်ဆို့ထးတာကြောင့် ကားအကြီးအသေးအရီသည်းကား အစီး ၅၀၀ လောက် ပိတ်ဆို့နေပြီး ရွှေဘိုဘက်ခြမ်းမှာလည်း ရာကျော်ပိတ်ဆို့မှုရှိနိုင်တယ်လို့ ကားသမားတွေကပြောပါတယ်။

မြစ်ကြီးနားဘက်ကနေဆင်းလာတဲ့ ခရီးသည်ကားတွေဟာအထက်ကို ဆက်တက်လို့မရဘဲ အင်းတော်နယ် မဲဇာတောင်ခြေအနီးတဝိုက်မှာ ပိတ်ဆို့မှု အများဆုံးဖြစ်နေတယ်လို့ လက်ရှိပိတ်ဆို့ခံထားရတဲ့ ကားသမားတစ်ယောက်က အခုလိုပြောပြလာပါတယ်။

မန္တလေးဘက်ကနေ တက်လာတဲ့ကားတွေက ကျောက်တန်းမှာ တိုက်ပွဲဖြစ်လို့ ပိတ်ထားတာကြားလို့ အင်းတော်နယ်ဖက်မှာ ပိတ်ထားတာဖြစ်တယ်။ တိုက်ပွဲတွေဖြစ်တယ်ဆိုတော့ ရှေ့ဆက်တိုးလို့မရဘူး  ဒီကအဖွဲ့အစည်းတွေလည်း မမောင်းခိုင်းဘူး။ အသံတွေက ကြားနေရသေးတယ်လို့ပြောပြပါတယ်။

ပိတ်ဆို့ထားတာ  ရက်လောက်ကြာမြင့်လာချိန် အင်းတော်ဘက်က ခရီးသည်ကားအသေးတစ်ချို့ ဒီကနေ့စပြီးရှောင်ကွင်းလမ်းဘက်ကနေသွားလာနေကြပြီလို့ သိရပေမယ့် ကုန်တင်ကားအကြီးတွေနဲ့ ခရီးသည်ယာဉ်အကြီးတွေကတော့ သွားလာလို့ ခက်ခဲနေသေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် မန္တလေးဘက်ကနေတက်လာပြီး ရွှေဘိုမြို့နယ်ခြမ်းမှာပိတ်ဆို့နေတဲ့ ကားသမားတွေရဲ့အခြေနေကိုလည်း ဖုန်းအင်တာနက်လိုင်းတွေပြတ်တောက်နေတာကြောင့် ဆက်သွယ်လို့မရသေးဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အင်းတော်နဲ့ ကောလင်းဒေသမှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပုံမှန်ဖြစ်ပွားနေပြီး သွားလာရေးလမ်းပိုင်းကို မကြာခဏပိတ်ဆို့ခံထားရတာရှိသလို မန္တလေး– မြစ်ကြီးနား လမ်းမ နန့်စီးအောင်ဂိတ်မှာလည်း စစ်ရေးအခြေနေအရ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ တစ်ပတ်ခန့်ပိတ်ဆို့ခံထားရတာလည်းဖြစ်ပါတယ်။

By – နော်ထွယ့်(ဟူးကောင့်)

Show More

Related Articles

Back to top button