-
Feb- 2024 -23 Februaryသတင်း
မြို့လှ ဗျူဟာကုန်းတပ်စခန်းက စစ်ကောင်စီတပ်သားတွေ ရွှေကူဘက်ကိုပြောင်းရွှေ့
ကချင်ပြည်နယ် ရွှေကူမြို့နယ် မြို့လှမြို့ခွဲမှာရှိတဲ့ စစ်ကောင်စီဗျူဟာကုန်းတပ်စခန်းက စစ်ကောင်စီတပ်သားတွေအားလုံး ရွှေကူဘက်ကိုပြောင်းရွှေ့နေကြတယ်လို့ မြို့လှကာကွယ်ရေးတပ်ဖွဲ့တွေဆီ ကသိရပါတယ်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနေ့ နေ့လည်ပိုင်းလောက်ကစလို့ တပ်ပြန်ဆုတ်ဖို့အတွက် ရွှေကူမြို့က စစ်ကောင်စီတပ်ဖွဲ့တွေကပါ လုံခြုံရေးယူပေးပြီး ရေကြောင်းရော၊ ကုန်းကြောင်းပါ အသုံးပြုပြီး ရွှေ့ပြောင်းတာတွေလုပ်နေတယ်လို့ မြို့လှကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ယောက်ကပြောပါ တယ်။ “လောလောဆယ်ကတော့ စခန်းစွန့်လာတဲ့အခြေနေကတော့ဟုတ်တယ် သူတို့အဝေးကြီးမရောက် သေးဘူး“ လို့မြို့လှကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။…
Read More » -
22 Februaryသတင်း
စစ်ကောင်စီတပ်တွေ ခရီးသည်တစ်ယောက်ရဲ့ ငွေကျပ် ၁၈ သိန်းနိုက်ယူသွားတယ်လို့ဆို
မိုးကောင်းမြို့နယ် နန့်ခွင်ကျေးရွာမှာ ဖေဖော်ဝါရီလ ၂၁…
Read More » -
22 Februaryသတင်း
စစ်အင်အား ၂၀၀ ဝန်းကျင် စစ်ကြောင်းက ဆမားဇုံနယ်အသင်းတော်ထဲဝင်ရောက်နေရာယူထား
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ကဇူး၊ ဒဘတ်ကျေးရွာအလွန် ဆမားလမ်းခွဲဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကဇူးရွာ ကချင်နှစ်ခြင်းအသင်းတော် KBC ဆမားဇုံနယ်ရုံးမှာ ဝင်ရောက်နေရာယူတပ်စွဲနေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ အဲဒီစစ်ကောင်စစ်ကြောင်းဟာ အင်အား ၂၀၀ ဝန်းကျင်ရှိပြီး ဖေဖော်ဝါရီ ၂၂ ရက် ဒီနေ့မနက် ၁၀ နာရီဝန်းကျင် ရိက္ခာအပြည့်တင်ထားတဲ့ကားအစီး ၅ စီးနဲ့အတူ ဆမားဇုံနယ်အသင်းတော်ရုံးထဲကို ဝင်ရောက်နေရာယူထားတယ်လို့ ကဇူးဒေသခံတွေပြောပါတယ်။…
Read More » -
22 Februaryသတင်း
ဟုမ္မလင်းမှာ ပြည်သူ့စစ်မှုထမ်းဖို့ စစ်တပ်က လူဦးရေ စာရင်းစတင်ကောက်ယူ
စစ်ကိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်က ကျေးရွာ၊ ရပ်ကွက်တွေမှာ…
Read More » -
22 Februaryစစ်ပြေးဒုက္ခသည်များ
မိုးမိတ် စစ်ရှောင်တွေအတွက်ကူညီထောက်ပံ့မှုလိုအပ်နေဆဲ
ကချင်ပြည်နယ် နဲ့ ရှမ်းပြည်မြောက်ပိုင်းအစပ်က စစ်ကောင်စီတပ်ပြန်လည်ထိန်းချုပ်ထားတဲ့ မိုးမိတ်မြို့ထဲနယ်မြေရှင်းလင်းရေးနဲ့ ပြန်လည်ထူထောင်ရေးတွေမလုပ်နိုင်သေးတဲ့အတွက် ဒေသခံတွေဟာ မြို့ထဲဝင်ဖို့ ခက်ခဲနေကြတယ်လို့ စစ်ရှောင်ကူညီနေသူတွေဆီကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ မိုးမိတ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ KPDF ပူးပေါင်းတပ်တွေက မိုးမိတ်မြို့ကိုမြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့ပေမယ့် တိုက်ပွဲတွင်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု တွေကြောင့် အရပ်သားတွေရဲ့နေအိမ်များစွာပျက်ဆီးခဲ့ရတဲ့အပြင် မိုးမိတ်မြို့ပေါ်ကရပ်ကွက်တွေနဲ့တိုက်ပွဲဖြစ်ခဲ့တဲ့နေရာနဲ့အနီးတစ်ဝှိုက်က အရပ်သား ၂ သောင်းကျော်လောက်က ဒီနေ့ထိထွက်ပြေးတိမ်းရှောင်နေကြရတာလို့ စစ်ဘေးရှောင် ကူညီနေသူတစ်ယောက်ကပြောပါတယ်။ “အိမ်တစ်အိမ်က မီးလောင်သွားတော့ သူတို့ပြန်ရှင်းလင်းဖို့အိမ်ပြန်ဆောက်ဖို့ ဘယ်မှာလဲငွေက ပြီးရင် အိမ်မရှိတော့ စားစရာသောက်စရာလုပ်ကိုင်စရာကမရှိတော့ဘူးအဲ့လိုအခက်အခဲတွေက အများကြီးပဲ တချို့ကျတော့လည်း အိမ်ဖောက်ခံရတာ ခိုးခံရတာတွေရောပေါ့ဗျာ“လို့ပြောပါတယ်။ လက်ရှိ မိုးမိတ်မြို့ကိုပြန်လည်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ကလည်း နယ်မြေခံစစ်တပ်မဟုတ်သလို ပြန်ဝင်တဲ့ဒေသခံအမျိုးသမီးတွေကို မုဒိန်းကျင့်သတ်ဖြတ်တာတွေရှိတာကြောင့် မြို့ထဲပြန်ဝင်ဖို့အတွက် ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။…
Read More » -
22 Februaryတိုက်ပွဲ
ပင်လည်ဘူးမြို့ပေါ် မှာ တိုက်ပွဲပြင်းထန်နေ
“မနေ့က မနက်အစောကတည်းကစဖြစ်နေတာပါ မနေ့ကတော့ လေယာဥ်နဲ့ ဂျက်တွေရောပေါ့ လာပစ်သွားတယ် တိုက်ပွဲကလည်း မြို့ပေါ်မှာပဲဖြစ်နေတာပါ လေကြောင်းက မနေ့ကတည်းက ရော ဒီနေ့မနက်ရောတိုက်ခိုက်နေတယ်” လို့ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကတာဝန်ရှိသူတစ်ယောက်ကပြောပါတယ်။
Read More » -
21 Februaryစစ်ပြေးဒုက္ခသည်များ
စီခမ်းကြီးစစ်ရှောင်တွေအတွက် အရေးပေါ်ကူညီထောက်ပံ့မှုတွေ လိုအပ်နေ
“ထွက်ပြေးလာတဲ့ တစ်ချို့ဆို ဖိနပ်တောင်မပါကြဘူး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့…
Read More » -
21 Februaryသတင်း
ဝိုင်းမော်မြို့မှာ ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ပြီး ကျောင်းဆရာတစ်ဦး သေဆုံး
ကချင်ပြည်နယ် ဝိုင်းမော်မြို့မှာ ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ပွားခဲ့တာကြောင့် ကျောင်းဆရာတစ်ဦး…
Read More » -
21 Februaryသတင်း
စစ်တပ်ပြန်ထိန်းချုပ်လိုက်တဲ့ ကောလင်းမြို့ပေါ်မှာ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံနေရ
စစ်ကိုင်းနဲ့ကချင်အစပ်က စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်ထားတဲ့ ကောလင်းမြို့ပေါ်က နေအိမ်တွေကို စစ်တပ်က နေ့စဥ်မီးရှို့ဖျက်ဆီးနေပြီး အရပ်သားတွေလည်း ဘေးလွှတ်ရာမှာ…
Read More » -
21 Februaryတိုက်ပွဲ
ကချင်နဲ့စစ်ကိုင်းအစပ်က လက်လွတ်ခဲ့ရတဲ့မြို့တွေကိုပြန်ရဖို့ စစ်ကောင်စီတပ်ကြိုးပမ်းနေ
“စစ်ကောင်စီက ရွှေပြည်အေးကိုပြန်ရဖို့စစ်ကြောင်းထိုးနေတာက ဇန်နဝါရီလတည်းက ဟုတ်တယ် ဒါပေမယ့် သူတို့ပြန်ဆုတ်သွားပြီးမှ ခုမြင်သာရွာမှာတပ်ဆွဲနေတယ် ဟိုနေ့က အင်အား ၆၀ ကျော်ထပ်ဖြည့်ထားတယ်။ လောလောဆယ် မြင်သာမှာ ၂၀၀ နီးပါးရှိနေတယ် သူတို့ကလောလောဆယ် ရွာတွေဘက်ထိတော့ရောက်ရောက်လာတယ် ရွှေပြည်အေးထိတော့မရောက်လာသေးဘူး”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။
Read More »