• Jul- 2023 -
    13 July
    သတင်းphoto - ရှေ့တန်းတစ်နေရာက KIA, PDF တပ်ဖွဲ့ဝင်များ

    ဒေါ့ဖုန်းယန်နဲ့ ဒိန်ဂါကြား စစ်ကောင်စီတပ်နဲ့ KIA တပ်ကြား တိုက်ပွဲပြင်းထန်နေ

    စစ်ရေးတင်းမာနေဆဲဖြစ်တဲ့ နမ်ဆန်ယန်ဘက်ကို စစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်နဲ့ KIA တပ်ကြား ဒီကနေ့မနက်ကစပြီး နှစ်ဖက်ထိတွေ့တိုက်ပွဲပြင်းထန်နေတယ်လို့ KIA ရှေ့တန်းသတင်းရင်းမြစ်တွေကနေ သိရပါတယ်။ စစ်ကောင်စီတပ်ဟာ ဗန်းမော်ဘက်ကနေ ဇူလိုင်လ ၄ ရက်နေ့ကစပြီး နမ်ဆန်ယန်ဘက်ကို တောက်လျှောက် စစ်ကြောင်းထိုးနေတဲ့အတွက် KIA ဘက်က စောင့်ကြိုတိုက်ခိုက်ရာကနေ နေ့စဉ်တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပါတာယ်။ “ ဒီနေ့ဖြစ်တဲ့အဖွဲ့က အောင်ဂျာမှာအင်အားထပ်ဖြည့်ဖို့တက်လာတာ အောင်ဂျာကနေဆို ဒီဘက်သိပ်မဝေးတော့ဘူးလေ…

    Read More »
  • 12 July
    သတင်း

    ဗန်းမော်မှာ မာရှယ်လော ထုတ်ပြန်

    ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်က ဒီညကစပြီး မာရှယ်လောထုတ်ပြန်လိုက်တယ်လို့ ဒေသခံတွေကပြောပါတယ်။<br>   KIO ဌာနချုပ် လိုင်ဇာမြို့အနီး နမ်ဆန်ယန်ဘက်မှာ စစ်ရေးတင်းမာနေချိန် စစ်ကောင်စီတပ်က ဗန်းမော်မြို့မှာ ဒီည ၉ နာရီကစပြီး မာရှယ်လောထုတ်လိုက်ပြီဆိုတဲ့အကြောင်း ဗန်းမော်မြို့ပေါ်မှာရှိတဲ့ ရပ်ကွက်တာဝန်ရှိသူတွေက ပြောဆိုလာတယ်လို့…

    Read More »
  • 12 July
    သတင်းဓာတ်ပုံ-ကလေးမြို့ တောင်ဖီလာရပ်ကွက်နဲ့ကြို့သုံးပင်ရပ်ကွက်ပေါ် လက်နက်ကြီးကျတာကြောင့် ပျက်ဆီးခဲ့ရပုံ

    ကလေးမြို့နယ်မှာ လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတစ်ဦးသေဆုံး

    စစ်ကိုင်းတိုင်း ကလေးမြို့နယ် တောင်ဖီလာရပ်ကွက်က ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ မနေ့က မနက်ပိုင်း ၇နာရီလောက်မှာ တောင်ဖီလာရပ်ကွက်နဲ့ကြို့သုံးပင်ရပ်ကွက်ပေါ်ကို လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့တာကြောင့်  အသက် ၆၃ နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးပြီး နောက်ထပ်အမျိုးသားတစ်ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ကလေးဒေသခံတစ်ဦးက ခုလိုပြောပါတယ်။ “သူတို့တမင်ပဲပစ်တာပဲလားတော့မသိဘူး တောင်ဖီလာရပ်ကွက်က အိမ်တစ်လုံးပေါ်ကိုလက်နက်ကြီးကျ တယ် လူပျိုကြီးနဲ့အပျိုကြီးမောင်နှမ နှစ်ယောက်အတူနေကြတာအမဖြစ်သူကတော့လည်ပင်းထိပြီး ချက်ချင်းသေသွားတယ် မောင်ကတော့ ရင်ဘက်ကိုမှန်ပြီးဆေးကုသခဲ့ရတယ် သက်သာနေပါပြီ” လို့ ပြောပါတယ်။ ကြို့သုံးပင်ရပ်ကွက်မှာ ကျရောက်ပေါက်ကွဲခဲ့တဲ့ လက်နက်ကြီးကတော့လူထိခိုက်ဒဏ်ရာရသေဆုံးတာတွေမရှိပေမဲ့ နေအိမ်တစ်ချို့ပျက်ဆီးခဲ့ရတယ်လို့ သိရပါတယ်။ ကလေးမြို့နဲ့ထိစပ်နေတဲ့…

    Read More »
  • 12 July
    သတင်းPhoto- ဝက်လက်မြို့အဝင် ဆိုင်းဘုတ်

    ဝက်လက်မှာ ဒေသခံအမျိုးသားတစ်ဦး ပစ်သတ်ခံရ

    စစ်ကိုင်းတိုင်း ဝက်လက်နယ်‌တောင်ဘက်ခြမ်း ရထားသံလမ်းဘက်ကို ဒီကနေ့ မနက်ပိုင်းကနေ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က သံလမ်းဘေးက သာလိုင်းရွာဒေသခံအမျိုးသားတစ်ဦးကို ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ “စစ်ကြောင်းဝင်လာတဲ့အချိန် သာလိုင်းရွာအရောက်မှာ ပြည်သူတစ်ချို့လည်းပြေးကြတစ်ချို့ကြလည်း မပြေးကြဘူးပေါ့ဗျာ အဲ့မှာသူတို့နဲ့ပက်ပင်းတိုးပြီး သူတို့ရှေ့ပြေး တယ်ဆိုပြီးတော့ ပစ်သတ်လိုက်တဲ့သဘောပေါ့ ပစ်တာကတော့ရည်ရွယ် ချက်ရှိရှိကိုပစ်တာပါ“ လို့ပြောပါတယ်။ ပစ်သတ်ခံခဲ့ရသူဟာ သာလိုင်းကျေးရွာဒေသခံ အသက်၆၀နှစ်အရွယ် ဦးသံချောင်းဆိုသူဖြစ်ပြီးတော့ ရုပ်အလောင်းကိုတော့ စစ်ကောင်စီစစ်ကြောင်း ပြန်လည်ထွက်ခွာသွားချိန်မှာပဲ ဒေသခံတွေနဲ့ကာကွယ်ရေး တပ်ဖွဲ့တွေ နယ်မြေရှင်းလင်းရေးပြုလုပ်ရင်း သဂြိုလ်ပေးခဲ့တယ်လို့သိရပါတယ်။…

    Read More »
  • 12 July
    သတင်းPhoto-ကားမိုင်းမြို့အဝင်ဆိုင်းဘုတ်

    ကားမိုင်းအနီး တိုက်ပွဲဖြစ်နေချိန် ဆိုင်ကယ်ဖြတ်မောင်းလာတဲ့ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံး

    ဖားကန့်မြို့နယ် ကားမိုင်းမြို့အနီး စစ်ကောင်စီတပ်နဲ့ KIA တိုက်ပွဲဖြစ်ပွားနေစဉ် ကားလမ်းတိုင်း ဆိုင်ကယ်နဲ့ ဖြတ်လာတဲ့ အမျိုးသားတစ်ဦး လက်နက်ထိမှန်သေဆုံးသွား တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ဇူလိုင် ၁၂ ရက်နေ့ ဒီမနက် ၁၀ နာရီဝန်းကျင်ကစပြီး ကားမိုင်း၊လဝါးလမ်း အင်ဘရော့် လမ်းဆုံမှာ စစ်တပ်နဲ့ KIA ကြား ၁ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားနေချိန် ဆိုင်ကယ်နဲ့ဖြတ်လာတဲ့ ကားမိုင်းဒေသခံပြည်သူတစ်ဦး ကျည်ထိမှန်ပြီး သေဆုံးသွားတာဖြစ်တယ်လို့ ကားမိုင်းဒေသခံတစ်ဦးက ပြောပါတယ်။ “ဒီမနက် ၁ နာရီလောက်ကြာတယ် အချင်းချင်းတိုက်ပွဲဖြစ်နေတာ။ အဲ့တာနဲ့ ကားမိုင်းက ပြည်သူတစ်ယောက်ဆိုင်ကယ်လာတာ တိုက်ပွဲဖြစ်နေစဉ်ဖြတ်လာလို့ လက်နက် ထိပြီးသေသွားတယ်”လို့ ပြောပါတယ်။…

    Read More »
  • 12 July
    သတင်းPhoto- ကွတ်ခိုင်မြို့အဝင်ဆိုင်းဘုတ်

    ကွတ်ခိုင်မြို့အနီး စစ်ကောင်စီယာဉ်တန်းတိုက်ခိုက်ခံရ

    ရှမ်းမြောက်၊ ကွတ်ခိုက်မြို့အနီး စစ်ကောင်စီယာဉ်တန်းကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကား ၁ စီးထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။ ကွတ်ခိုင်ကနေ မူဆယ်ဘက်သို့ ဦးတည်လာတဲ့ စစ်ကောင်စီအင်အား ၈၀ လောက်နဲ့ စစ်ရိက္ခာလက်နက်ပစ္စည်းတွေတင်ထားတဲ့ ကား ၃ စီး  ဇူလိုင် ၁၁ မနေ့ညနေ ၂ နာရီခွဲခန့် နမ်ဖတ်ကာအနီး ဖာခစ်ကျေးရွာ( Hpahkik) နားမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက် တပ်မဟာ ၄ တပ်ရင်း ၆ ကြားဖြတ်ခိုက်ခဲ့တယ်လို့ ကွတ်ခိုင်ဒေသခံတစ်ဦးက ပြောပါတယ်။ “သေဆုံးမှုရှိမရှိတော့မသိဘူး။ ကားတစ်စီးတော့ထိသွားတာ လူနာတင်ကားရောက်လာပြီး ကွတ်ခိုင်ဆေးရုံကို တင်သွားတယ်လို့သိရတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ကွတ်ခိုင်ကနေ…

    Read More »
  • 12 July
    သတင်း

    ဂျာပူရွာနားမှာ စစ်တပ်နဲ့ KIA တပ်ကြားတိုက်ပွဲပြင်းထန်နေ

    နမ်ဆန်ယန်ဘက်ကို စစ်အင်အားဖြည့်လာတဲ့ စစ်ကောင်စီစစ်ကြောင်း ဂတ်မိုင်ယန်(Gat Mai Yang) နဲ့ ဂျာပူကျေးရွာကြား ကြားဖြတ်တိုက်ခိုက်ခံရပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။ ရွှေညောင်ပင်စစ်တပ်ဂိတ်မှ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဇူလိုင် ၁၂ ရက်နေ့ ဒီမနက် ၈ နာရီလောက်မှာ ဂျာပူကျေးရွာအနီးမှာ KIA ဘက်မှ ကြားဖြတ်တိုက်ခိုက်နေပြီး လက်ရှိချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံတွေပြောပါတယ်။ “ပြီးခဲ့တဲ့ရက်က မြစ်ကြီးနား၊ ဝိုင်းမော်ဘက်ကနေ စစ်ကြောင်း ရွှေညောင်ပင်ထိရောက်ထားတယ်။ စစ်အင်အားဘယ်လောက်လဲတော့မသိဘူး။ အဲ့ကနေဆက်ချီတက်လာပုံရတယ်။ အခုဂျာပူနဲ့ ဂတ်မိုင်ယန်ကြားမှာ အတကုန်ပစ်နေကြတယ်။ ဒီမနက် ၈ နာရီကနေ စကြားပြီ။ ခုထိ လက်နက်ကြီးတွေနဲ့…

    Read More »
  • 12 July
    သတင်းphoto- ရှေ့တန်းတစ်နေရာက ဗန်းမောက် PDF တပ်ဖွဲ့ဝင်များ

    ဗန်းမောက်ဘက်သို့တက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းကို အင်းတော် PDF ကစောင့်ကြိုတိုက်ခိုက်

    စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ကနေ ဗန်းမောက်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မော်တိတ်ဒေသအနီးမှာ အင်းတော် PDF စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇူလိုင်လ ၉ ရက်နေ့က အင်းတော်မြို့ကနေ ဗန်းမောက်ဘက်ကိုစစ်ကြောင်းထိုးလာတဲ့ အင်အား ၇၀ ကျော်ပါ တပ်မ ၇၇ နှင့် တပ်မ ၈၈ စစ်ကြောင်းဟာ မော်တိတ်ဒေသထဲ ဇူလိုင်လ…

    Read More »
  • 12 July
    သတင်းPhoto- ရွှေကူမြို့မရဲစခန်း

    ရွှေကူ ရဲစခန်း ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး ရဲ ၃ ဦးသေဆုံးကာ၊ ရဲမှူးအပါအဝင် ၆ဦးဒဏ်ရာရ

    ကချင်ပြည်နယ် ရွှေကူမြို့ပေါ်က ရွှေကူနယ်မြေ ရဲစခန်းဒရုန်းနဲ့တိုက်ခိုက်ခံလိုက်ရပြီး ရဲသုံးယောက်သေဆုံးတဲ့အပြင်ရဲ ၆ယောက် ပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ ရွှေကူမြို့ အမှတ် (၃) ရပ်ကွက်မှာ ရှိတဲ့ ရွှေကူနယ်မြေရဲစခန်းကို မနေ့က ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၃ နာရီခွဲမှာ ရွှေကူ PDFက ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ဖြစ်တယ်လို့ ရွှေကူ PDF  နဲ့နီးစပ်သူတစ်ဦးက…

    Read More »
  • 11 July
    သတင်းဓာတ်ပုံ-အရာတော်အခြေစိုက် Danger Force LPDF တပ်ဖွဲ့ဝင်များ

    အရာတော်မှာ တိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိနေ

    စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ကာကွယ်ရေးတပ်ဖွဲ့တွေအကြားတိုက်ပွဲပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမူတွေရှိတယ်လို့ကာကွယ်ရေးတပ်ဖွဲ့တွေထံကသိရပါတယ်။ ဇူလိုင် ၁၀ရက်နေ့ မနေ့ကမနက်ပိုင်း၄နာရီလောက်မှာ မြင်းမူကနေအင်အား၁၀၀ကျော်ပါတဲ့စစ်ကောင်စီတပ်ဖွဲ့တွေဟာ အရာတော်နယ်ထဲကကျေးရွာတွေကိုဝင်ရောက်တပ်စွဲခဲ့ရာမှ တိုက်ပွဲပြင်းထန်ခဲ့တာ ဖြစ်တယ်လို့ Danger Force LPDFမှတာဝန်ရှိသူတစ်ဦး ကပြောပါတယ်။ “မြင်းမူနဲ့အရာတော်နဲ့အစပ်မှာဖြစ်နေတာ မနေ့ကမနက်ခင်းအစောကြီးရောက်တာ မနေ့ကတော့ထိတွေ့ မူ၄ကြိမ်ဖြစ်တယ်။ သူတို့ကရွာ ၃ရွာမှာဖြန့်ပြီးအထိုင်ချထားတာတိုက်ပွဲကဒီနေ့လည်းဖြစ်နေတာ တိုက်ပွဲကတော့ ပြင်းထန်ပါတယ်အခြေနေအသေးစိတ်ကိုတော့အတည်မပြုနိုင်သေးပါဘူး”လို့ပြောပါတယ်။…

    Read More »
Back to top button